သတင်းသမားများကို မဲရုံပရိဝုဏ်အတွင်း သတင်းယူခွင့်တားမြစ်

သတင်းသမားများကို မဲရုံပရိဝုဏ်အတွင်း သတင်းယူခွင့်တားမြစ်
ခတ္တာနန်း  — သံဖြူဇရပ်မြိုးနယ် ကရုတ်ပိကျေးရွာ မဲရုံအမှတ် ၁ နှင့် အမှတ် ၂ တို့တွင် သတင်းသမားများကို မဲရုံပရိဝုဏ်အတွင်း ဓာတ်ပုံရိုက်ခွင့်မပေးဟု သက်ဆိုင်ရာ မဲရုံကော်မရှင်က တားမြစ်ခဲ့သည်။

လွတ်လပ်သောမွန်သတင်းအေဂျင်စီ၊ သံလွင်တိုင်မ်းနှင့် စနောင်းတိုင်းမွန်သတင်းဂျာနယ်မှ သတင်းထောက်များ ယနေ့ သွားရောက်သတင်းယူရာတွင် တားမြစ်ခြင်း ဖြစ်သည်။

ကရုတ်ပိကျေးရွာ မဲရုံ (၁) မှ မဲရုံမှုး ဒေါ်ခင်းအေးက “ ပရိဝုဏ်အတွင်းရိုက်လို့မရဘူး၊ ရိုက်ချင်ရင် ပရဝုဏ်အပြင်ကနေရိုက်ပါ၊ မဲရုံဘက်ကို ရိုက်လို့မရဘူး” ဟု ပြောသည်။

၎င်းတို့ကို အထက်မှ ညွန်ကြားထားသည့်အတိုင်း မဲရုံအတွင်းချမှတ်ထားသည့် စည်းကမ်းအတိုင်း ယခုကဲ့သို့ ဝင်ခွင့်မပြုကြောင်း ၎င်းက ဆက်ပြောသည်။

မဲရုံ အမှတ် (၂) ရှိ သတင်းလာရောက်ရယူသည့် သတင်းသမားများကို ကျေးရွာကော်မရှင် ဥက္ကဌ ဦးကွန်ဘ က မဲရုံပရိဝုဏ်အတွင်း မဝင်ရန် တားမြစ်ခြင်း ဖြစ်သည်။

အလားတူ ဘီးလူးကျွန်း ချောင်ဆုံမြို့နယ်ရှိ မဲရုံအချို့တွင်းလည်း သတင်းသမားများကို မဲရုံပရိဝုဏ်အတွင်း သတင်းရယူခွင့်ကို တားမြစ်ထားကြောင်း သိရသည်။

Most read this week

November 30, 2015
“အန်တီစုနဲ့တွေ့ဆုံစဉ်က ညွှန်ကြားချက်အနေနဲ့ ပြောတာတော့မဟုတ်ဘူး ပြည်သူတွေ မလုပ်နိုင်တဲ့ဟာကို...
November 27, 2015
အဆိုပါ အမှုဖွင့်တိုင်ကြားသူမှာ ချောင်းဆုံမြို့နယ်၊ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ဝင်ရောက်...
November 27, 2015
အထက်ပါ ဖြစ်ရပ်ကြောင့် မိမိတို့အား မဲပေးမည့် မဲဆန္ဒရှင် ထောင်ချီ မဲပေးခွင့် ဆုံးရှုံးခဲ့ရသည်ဟု...
November 23, 2015
မုဒုံမြို့နယ်တွင် ဆန္ဒမဲပေးခွင့်ရှိသူ (၁၆၅၃၇၆)ဦးရှိသည့်အနက်  ဆန္ဒမဲလာရောက်ပေးသူ(၇၆၈၃၆)ဦး...