စစ်ကောင်စီဘက်က စစ်ကူအင်အားဖြည့်တင်းထားနိုင်တာကြောင့် ၄၂၂တပ်ကို အပြီးသပ် မသိမ်းနိုင်ခဲ့

စစ်ကောင်စီဘက်က စစ်ကူအင်အားဖြည့်တင်းထားနိုင်တာကြောင့် ၄၂၂တပ်ကို အပြီးသပ် မသိမ်းနိုင်ခဲ့

ပြီးခဲ့တဲ့ ဧပြီလ အစောပိုင်းကစပြီး ကရင်နီ – ရှမ်းပြည်နယ်စပ်က  မိုးဗြဲမြို့အနီးရှိ  ခမရ  ၄၂၂ တပ်ကို သိမ်းယူဖို့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်ခဲ့ပေမယ့် စစ်ကောင်စီရဲ့ စစ်ကူအင်အားတွေပို့ဆောင်ထားနိုင်မှုကြောင့် အပြီးသတ် မသိမ်းယူနိုင်ပဲ တပ်တွေကို ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ တာအယ်စိုးက ပြောပါတယ်။

“ ၄၂၂ စစ်ဆင်ရေးကတော့ တော်လှန်ရေးတပ်ဖွဲ့တွေကနေပြီးတော့မှ အခုလောလောဆယ် အပြီးသတ်မသိမ်းနိုင်သေးတဲ့ အခြေနေမျိုးမှာတော့ရှိပါတယ်။ စစ်ကူတွေထပ်ရောက်လာတော့ အပြီးသတ်မသိမ်းနိုင်ဘူးလို့ပြောလို့ရပါတယ်” လို့ KNDF သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ တာအယ်စိုးက ပြောပါတယ်။

ဧပြီလ တတိယပတ်မှာ စစ်ကောင်စီတပ်အင်အား ၂၀၀ ဝန်းကျင်လောက်က ဖယ်ခုံမြို့ကနေ စစ်ကြောင်းထိုးလာခဲ့ပြီး  ၄၂၂ တပ်စခန်းကို အင်အားဖြည့်ခဲ့တာလို့သူကဆက်ပြောပါတယ်။

စစ်ကောင်စီဟာ ခမရ ၄၂၂ တပ်ရင်းအတွင်း စစ်ကူအင်အားနဲ့ အခိုင်အမာ ခံစစ်ပြင်ထားတဲ့ အနေအထား ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က စစ်ကူလာတဲ့ လမ်းကြောင်းမှာလည်း ဖယ်ခုံမြို့ရှိ ဒေသခံ ၅ ဦးကို သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။

ခမရ ၄၂၂ တပ်စခန်းသိမ်းတိုက်ပွဲဟာ တစ်လနီးပါး ကြာမြင့်ခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုလည်း ရှိတယ်လို့ သိရပါတယ်။

စခန်းသိမ်းတိုက်ပွဲတွင်း စစ်ကောင်စီတပ်က လေကြောင်းပစ်ကူ၊ လက်နက်ကြီး ပစ်ကူ သုံးခဲ့တယ်လို့သိရပါတယ်။

Most read this week

May 16, 2024
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ရဲ့ ဥက္ကဌ ခူဦးရယ် အပါအဝင် တိုင်းရင်းသားခေါင်းဆောင်တချို့နဲ့...
May 15, 2024
ကရင်နီပြည်၊ လွိုင်ကော်မြို့၊ နွားလဝိုးကျေးရွာအနီးမှာ တည်ရှိတဲ့ စစ်ကောင်စီရဲ့   (ခလရ...
May 14, 2024
ကရင်နီပြည် ဖားဆောင်းမြို့တွင်းက စစ်ကောင်စီရဲ့ ကာကင်းစခန်းကုန်းတစ်ခုကို ယမန်နေ့ (မေလ ၁၃ရက်)...
May 13, 2024
လွိုင်ကော်မြို့ပေါ်မှာ ၂၀၂၄-၂၀၂၅ စာသင်နှစ်အတွက် စာသင်ကျောင်းတွေကို ပြန်လည်ဖွင့်လှစ်ဖို့...