အာဏာသိမ်း ၃ နှစ်အတွင်း ကျန်းမာရေးဝန်ထမ်း ၂၀၀ ကျော်ထိခိုက်သေဆုံးခဲ့တယ်လို့ NUG ထုတ်ပြန်

အာဏာသိမ်း ၃ နှစ်အတွင်း ကျန်းမာရေးဝန်ထမ်း ၂၀၀ ကျော်ထိခိုက်သေဆုံးခဲ့တယ်လို့ NUG ထုတ်ပြန်
ဖေဖော်ဝါရီ ၉ ရက်နေ့က လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ ကောလင်းမြို့နယ် ကုက္ကိုလ်ကုန်း ရွာက ဆေးရုံဆေးခန်း
ဖေဖော်ဝါရီ ၉ ရက်နေ့က လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ ကောလင်းမြို့နယ် ကုက္ကိုလ်ကုန်း ရွာက ဆေးရုံဆေးခန်း

မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီး ၃ နှစ်အတွင်း စစ်ကောင်စီရဲ့ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် ဆေးရုံဆေးခန်းပေါင်း ၃၀၀ ကျော်ပျက်စီးခဲ့ပြီး ကျန်းမာရေးဝန်ထမ်း ၂၀၀ ကျော်ထိခိုက်သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က မနေ့က ထုတ်ပြန်ထားပါတယ်။

ထိခိုက်သေဆုံးတဲ့ ကျန်းမာရေးဝန်ထမ်း ၂၀၀ ကျော်မှာ ၁၀၄ ဦးသေဆုံးပြီး နောက်ထပ် ၁၃၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

စစ်ကောင်စီက အရပ်သားပြည်သူတွေနေထိုင်တဲ့ ရပ်ရွာ၊ ဆေးရုံဆေးခန်းတွေနဲ့အရပ်သားပြည်သူတွေကို တမင်ရည်ရွယ်ပြီးလေကြောင်းတိုက်ခိုက်တာတွေလုပ်သလို လူမဆန်တဲ့ အကြမ်းဖက်မှုတွေကို ကျူးလွန်လျှက်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ခုလို ဆေးရုံးဆေးခန်းတွေကို ပစ်မှတ်ထား တိုက်ခိုက်တာဟာ ဂျီနီဗာကွန်ဗန်းရှင်း ( Geneva Conventions ) ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေကောင်စီဆုံးဖြတ်ချက်များ၊ လူသားချင်းစာနာထောက်ထားရေး နဲ့ လူ့အခွင့်ရေးဆိုင်ရာ နိုင်ငံတကာဥပဒေတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်းဖြစ်တယ်လို့လည်း ထောက်ပြထားပါတယ်။

ဒီဖြစ်ရပ်ကြောင့် ထိခိုက် သေဆုံးခဲ့ရတဲ့ အရပ်သားတွေ၊ ကျန်းမာရေးဝန်ထမ်းတွေအတွက် တရားမျှတမှုကို ဆောင်ကျဥ်းသွားမှာဖြစ်ပြီး စစ်ကောင်စီနဲ့ သူ့ရဲ့လက်အောက်ခံအဖွဲ့အစည်းတွေကိုလည်း တရားဥပဒေအရ အရေးယူသွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ဝန်ကြီးဌာနက ဆိုပါတယ်။

စစ်ကောင်စီတပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်းကစလို့ မြန်မာနိုင်ငံတဝှမ်းမှာရှိတဲ့ ကျန်းမာရေးကဏ္ဍတွေနဲ့ အရပ်သားတွေအပေါ် အကြမ်းဖက်တိုက်ခိုက်မှုတွေကို နိုင်ငံတကာအနေနဲ့လည်း လစ်လျူမရှုထားဘဲ အမြန်ဆုံးထိရောက်စွာအရေးယူပေးဖို့ အထူးလိုအပ်နေတယ်လို့လည်း နိုင်ငံတကာကို တောင်းဆို ထားပါတယ်။

၂၀၂၁ ခုနှစ်အာဏာသိမ်းပြီးနောက်ပိုင်းကစ ၃ နှစ်အတွင်း ကျန်းမာရေးကဏ္ဍတွေအပေါ် စစ်ကောင်စီက ပစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့ အကြိမ်ပေါင်းက ၁၃၀၀ နီးပါးရှိသလို ဒီတိုက်ခိုက်မှုတွေကြောင့် သေဆုံးမှု တွေပျက်ဆီးမှုတွေကို နိုင်ငံတကာလေ့လာစောင့်ကြည့်ရေးအဖွဲ့ ( Insecurity Insight) က အချက်အလက် တွေကို ကိုးကားထားတယ်လို့ NUG က ဆိုပါတယ်။

Most read this week

May 13, 2024
ရှမ်းမြောက် နမ့်ဖတ်ကာကျေးရွာမှာ မပေါက်ကွဲသေးတဲ့ ဗုံးဆော့ကစားရာကနေ ကလေးငယ် ၅...
May 10, 2024
ကချင်ပြည်နယ် ဆွမ်ပရာဘွမ့်မြို့နယ် ဖုန်ကျန်းကျေးရွာတံတားမှာ နှစ်ပေါင်း ၃၀ အကြာတပ်စွဲနေထိုင်တဲ့...
May 9, 2024
ဗန်းမော်ခရိုင် မိုးမောက်နဲ့ မံစီမြို့မှာ မြို့တွင်းတိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး KIA...
May 8, 2024
ဝိုင်းမော်မြို့နယ် ဝူယန်ကျေးရွာကနေ ဒိန်ဂျာယန် ( Dinga Yang) ဘက်ကို...