ဖားကန့် ခမရ ၁၁၆ တပ်ရင်းကို KIA ပူးပေါင်းတပ် သိမ်းပိုက်

ဖားကန့် ခမရ ၁၁၆ တပ်ရင်းကို KIA ပူးပေါင်းတပ် သိမ်းပိုက်

ဖားကန့်မြို့ ဆယ်ဇင်းတပ်စခန်းဖြစ်တဲ့ ခမရ ၁၁၆ တပ်ရင်းကို KIA ပူးပေါင်းတပ်တွေက ဧပြီလ ၂၃ ရက်နေ့ ည ၁၂ နာရီမှာ သိမ်းပိုက်လိုက်ပြီလို့ ကနဦးသတင်းအရ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၀ ရက်နေ့မှာ ဆယ်ဇင်းရဲစခန်းကို သိမ်းပိုက်ထားပြီးနောက် ၁၀ ရက်ကျော်အကြာ ဧပြီလ ၂၀ ရက်နေ့ကနေ တပ်စခန်းကိုစတင်ထိုးစစ်ဆင်တိုက်ခိုက်ကာ သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

စခန်းသိမ်းတိုက်ပွဲမှာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုများတယ်လို့ သိရပေမယ့် အသေးစိတ်တော့ မသိရသေးပါဘူး။

ဒါ့အပြင် ဆယ့်ဇင်းစခန်းအားလုံး သိမ်းပိုက်ပြီးစီးခဲ့ပြီးနောက် ဒီနေ့မနက်ပိုင်း ဖားကန့်မြို့ အဝင် ပန်းတင်တံတားဂိတ်မှာလည်း ပစ်ခတ်တိုက်ခိုက်သံများဆက်တိုက်ထွက်ပေါ်နေတဲ့အပြင် ဖားကန့်မြို့မရဲစခန်းမှာလည်း ဘန်ကာ အသစ်များ ဆက်လက်ဆောက်လုပ်နေတယ်လို့ ဒေသခံများက ပြောပါတယ်။

May 13, 2024
ရှမ်းမြောက် နမ့်ဖတ်ကာကျေးရွာမှာ မပေါက်ကွဲသေးတဲ့ ဗုံးဆော့ကစားရာကနေ ကလေးငယ် ၅...
May 10, 2024
ကချင်ပြည်နယ် ဆွမ်ပရာဘွမ့်မြို့နယ် ဖုန်ကျန်းကျေးရွာတံတားမှာ နှစ်ပေါင်း ၃၀ အကြာတပ်စွဲနေထိုင်တဲ့...
May 9, 2024
ဗန်းမော်ခရိုင် မိုးမောက်နဲ့ မံစီမြို့မှာ မြို့တွင်းတိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး KIA...
May 8, 2024
ဝိုင်းမော်မြို့နယ် ဝူယန်ကျေးရွာကနေ ဒိန်ဂျာယန် ( Dinga Yang) ဘက်ကို...