ဖက်ဒရယ် ဒီမိုကရေစီစနစ် တည်ဆောက်ရေးအတွက် နိုင်ငံရေးဘုံရည်မှန်းချက်တူနေသရွေ့ NUG နှင့်အတူအဆုံးတိုင် တိုက်ပွဲဝင်မည်ဟု အောက်ချင်းငှက်သစ္စာကို တိုင်တည်၍ CNF ပြော

ဖက်ဒရယ် ဒီမိုကရေစီစနစ် တည်ဆောက်ရေးအတွက် နိုင်ငံရေးဘုံရည်မှန်းချက်တူနေသရွေ့ NUG နှင့်အတူအဆုံးတိုင် တိုက်ပွဲဝင်မည်ဟု အောက်ချင်းငှက်သစ္စာကို တိုင်တည်၍ CNF ပြော

အာဏာရှင်စနစ်မှန်သမျှကို အပြတ်ချေမှုန်းပြီး ဖက်ဒရယ် ဒီမိုကရေစီစနစ် တည်ဆောက်ရေးအတွက် နိုင်ငံရေးဘုံရည်မှန်းချက်တူနေသရွေ့ NUG အစိုးရနှင့် လက်တွဲ၍ အဆုံးတိုင် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အောက်ချင်းငှက် သစ္စာကို တိုင်တည်၍ အဓိဌာန်ပြုကြောင်း ချင်းအမျိုးသားတပ်ဦး (CNF) က ပြောသည်။

ယနေ့ ဧပြီလ ၁၆ ရက်တွင် အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ၃ နှစ်ပြည့် အခမ်းအနားကို ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာမှာ ချင်းအမျိုးသားတပ်ဦး CNF ကထိုကဲ့သို့ ကတိပြုခဲ့ခြင်းဖြစ်သည်။

ပင်လုံစာချုပ်၊ ပင်လုံကတိကဝတ်၊ ပင်လုံစိတ်ဓါတ်နှင့် အညီ နိုင်ငံရေးအရ တန်းတူမှု ရှိပြီး ကိုယ်ပိုင်ပြဌာန်းခွင့် အာမခံချက်ရှိသော ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုနိုင်ငံတော် တည်ဆောက်ရေးအတွက် NUG အစိုးရနှင့် နိုင်ငံရေးဘုံရည်မှန်းချက် တူနေသရွေ့ တလှေထဲ ခရီးဖြင့် ရှေ့ဆက်တော်လှန်တိုက်ပွဲဝင်သွားမည်ဟု CNF က ထုတ်ပြန်သည်။

Most read this week

May 14, 2024
ချင်းပြည်နယ်မြောက်ပိုင်း တွန်းဇံမြို့နယ်၊ လုံတပ်ကျေးရွာကို စစ်ကောင်စီက...
May 10, 2024
ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ် ခဝဲကျေးရွာတွင် နင်းမိုင်းပေါက်ကွဲမှုကြောင့် ကလေးငယ် ၄ ဦး...
May 10, 2024
မကွေးတိုင်း၊ ကျောက်ထုတိုက်နယ်၊ အကြည်ပန်းပလွန်းကျေးရွာ ဘုန်းကြီးကျောင်းတွင် ပြည်သူများ အစည်းအဝေး...