ထားဝယ်အထူးစီးပွားရေးဇုန်ဒေသထဲ စစ်ကြောင်းထိုးနေလို့ ဒေသခံထောင်ချီ ထွက်ပြေးနေရ

ထားဝယ်အထူးစီးပွားရေးဇုန်ဒေသထဲ စစ်ကြောင်းထိုးနေလို့ ဒေသခံထောင်ချီ ထွက်ပြေးနေရ
ဓာတ်ပုံ-CJ
ဓာတ်ပုံ-CJ

တနင်္သာရီတိုင်း ရေဖြူမြို့နယ် ထားဝယ်အထူးစီးပွားရေးဇုန်ဒေသရှိ ကျေးရွာတွေထဲကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေတဲ့အတွက် ဒေသခံထောင်နဲ့ချီ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဧပြီ ၇ ရက်နေ့ကစလို့ တပ်အင်အား ၁၅၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်ဟာ စစ်ကြောင်းနှစ်ကြောင်းခွဲပြီး ထားဝယ်အထူးစီးပွားရေးဇုန်ဒေသရှိ ကျေးရွာတွေထဲကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးဝင် ရောက်လာတာဖြစ်ပါတယ်။

စစ်ကြောင်းဝင်ရောက်လာတာကြောင့် နဘုလည်၊ ဝက်ချောင်း၊ ခမောက်ချောင်း၊ ကဒက်အိုင်၊ ဧကနိ၊ ရငဲ၊ မုဒူး၊ ထိန်ကြီး၊ လဲ့ရှောင်၊ ပရဒက်ရွာတွေအပါအဝင် ကျေးရွာပေါင်း ၁၀ ရွာကျော်က ဒေသခံထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

အဲဒီစစ်ကြောင်းတွေဟာ ဧပြီ ၈ ရက်နေ့ မနက်ပိုင်းမှာတော့ ဝက်ခေါင်းဘက်နေ ခမောက်ချောင်း၊ ကဒက်အိုင်ဘက်ကို ရောက်ရှိနေပြီး ထားဝယ်အထူးစီးပွားရေးဇုန်ဒေသရှိရာ နဘုလည်ဒေသထဲ ဦးတည်သွားနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးထားပေမယ့် လက်ရှိအချိန်အထိ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား နှစ်ဖက်တိုက်ပွဲဖြစ်ပွားတာ မရှိသေးဘူလို့ သိရပါတယ်။

နဘလည်ဒေသက ဒေသခံပြည်သူတွေဟာ အာဏာသိမ်းကာလအတွင်း တိုက်ပွဲတွေနဲ့ စစ်ကောင်စီစစ်ကြောင်းဝင်ရောက်မှုတွေကြောင့် မကြာခဏဆိုသလို အိုးအိမ်စွန့်ခွာထွက်ပြေးနေရပြီး တစ်ခါတ လေမှာ လချီကြာစစ်ရှောင်ရလေ့ရှိတယ်လို့ ဆိုပါတယ်။

တနင်္သာရီတိုင်းမှာ အာဏာသိမ်းကာလအတွင်း နှစ်ဖက်တိုက်ပွဲတွေကြောင့် ဒေသခံသောင်းနဲ့ချီ နေ ရပ်စွန့်ခွာ ထွက်ပြေးနေရပြီး လက်ရှိအချိန်အထိ နေရပ်မပြန်နိုင်သေးဘူးလို့ စစ်ရှောင်အရေးကူညီနေသူတွေရဲ့ ပြောပြချက်အရ သိရှိရပါတယ်။

Most read this week

May 15, 2024
စစ်ကောင်စီ အသက်သွင်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ မွန်ပြည်နယ်မှာ စစ်မှုထမ်းအပတ် စဉ် ၂ သင်...
May 14, 2024
မွန်ပြည်နယ်အတွင်း လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေ လှုပ်ရှားလေ့ရှိတဲ့ မြို့ နယ်တွေမှာ...
May 14, 2024
မွန်ပြည်နယ် ဘီးလင်းမြို့နယ် ရွှေရောင်ပြကျေးရွာအနီးက ကျုံအိတ်တံတား မိုင်းခွဲခံရပြီးနောက်...
May 13, 2024
စစ်အာဏာရှင်ပြုတ်ကျရေး နွေဦးတော်လှန်ရေး တိုက်ပွဲတွေဟာ တနင်္သာရီတိုင်းရဲ့ တစ်တိုင်းလုံးနီးပါး...