စစ်ကောင်စီကို ဦးဆောင်သူများနှင့် စစ်အာဏာရှင်မရှိမှ ပြည်သူများ စိတ်သက်သာရာရမည်ဟု ညီနောင်သုံးဖွဲ့ ထုတ်ပြန်

စစ်ကောင်စီကို ဦးဆောင်သူများနှင့် စစ်အာဏာရှင်မရှိမှ ပြည်သူများ စိတ်သက်သာရာရမည်ဟု ညီနောင်သုံးဖွဲ့ ထုတ်ပြန်

မြန်မာပြည်သူများကို တနေ့တမျိုး မရိုးရအောင် ဒုက္ခပေးနေသည့် စစ်ကောင်စီကိုဦးဆောင်သူများနှင့် စစ်အာဏာရှင်မရှိမှ ပြည်သူများ စိတ်သက်သာရာရမည်ဟု ညီနောင်သုံးဖွဲ့ ကဖေဖော်ဝါရီ ၁၉ ရက်တွင် ထုတ်ပြန်သည်။

အရပ်သားပြည်သူများကိုပစ်မှတ်ထားတိုက်ခိုက်ခြင်း၊ သတ်ဖြတ်ခြင်း တို့အပြင် စိတ်ပိုင်းဆိုင်ရာဒုက္ခမျိုးစုံ ပေးနေသည့် စစ်ကောင်စီ၏ လုပ်ရပ်များမှာ မြန်မာနိုင်ငံအနှံ့ နေ့စဉ်ဖြစ်ပျက်လျက်ရှိသည်ဟု ညီနောင်သုံးဖွဲ့က ဆိုသည်။

စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုကျူးလွန်မှုမှာ အမြင့်ဆုံးအနေအထား တွင်ရှိနေပြီး အာဆီယံနိုင်ငံများအတွင်း “အယုတ်မာဆုံး ဖက်ဆစ် စစ်တပ်ဘွဲ့”ကို ၂၀၂၃ ခုနှစ်ကတည်းကပင် ပြိုင်ဘက်ကင်းရရှိ ထားပြီးဖြစ်သကဲ့သို့ ယခုအချိန်၌လည်း စစ်ကောင်စီ၏ ရက်စက်ယုတ်မာသည့် လုပ်ရပ်များမှာ ၂၀၂၄ ခုနှစ်အတွက် “စစ်ရာဇဝတ်မှု အကျူးလွန်ဆုံးဖက်ဆစ် စစ်တပ်ဆု” ကို ပြိုင်ဘက်မရှိ ထပ်မံရယူရန် အားထုတ်ကြိုးပမ်းနေခြင်းနှင့် တူနေသည်ဟု ညီနောင်သုံးဖွဲ့က သုံးသပ်သည်။

မြန်မာနိုင်ငံအနှံ့အပြား၌ စစ်ကောင်စီအား ဆန့်ကျင်တော်လှန်တိုက်ပွဲဝင်လျက်ရှိကြပြီး တော်လှန်ရေးအရှိန် အဟုန်သည်လည်း မြင့်တက်လျက်ရှိသည်ဟု ညီနောင်သုံးဖွဲ့က ဆိုသည်။

မိမိတို့၏ စစ်ရေး၊ နိုင်ငံရေးရည်မှန်းချက်များထဲမှတစ်ခုဖြစ်သော စစ်အာဏာရှင်စနစ်အမြစ်ပြုတ်ရေးသည် ရည်မှန်းချက်ဖြစ်သကဲ့သို့ မြန်မာပြည်သူလူထုတရပ်လုံး၏ ရည်မှန်းချက် (ဆန္ဒ) လည်း ဖြစ်သည်ဟု ညီနောင်သုံးဖွဲ့က ဆိုသည်။

ညီနောင်သုံးဖွဲ့က ၁၀၂၇ စစ်ဆင်ရေးကို စတင်ဆင်နွှဲခဲ့သော်လည်း အခြေအနေတစ်ခုအောက်တွင် ၁၀၂၇ စစ်ဆင်ရေးသည် ရှမ်းမြောက်၌ ဟိုင်ဂင်သဘောတူညီမှုနောက်ပိုင်း ရုတ်တရက် ရပ်တန့်နေခဲ့သော်လည်း ရခိုင်တွင် တိုက်ပွဲများ ပြင်းထန် နေသည်ဟု ဆိုသည်။

မြန်မာပြည်လူထုတရပ်လုံးလိုလားချက်များနှင့်နီးစပ်သည့် ရည်မှန်းချက်များကို ၁၀၂၇ စစ်ဆင်ရေး လေးလတာနီးပါးတွင် အပြည့်အဝမဟုတ်သည့်တိုင် အတိုင်းအတာတခုအထိ စိတ်ကျေနပ်စေလောက်သော အောင်မြင်မှု၊ ရလဒ်တို့ကို ရယူနိုင်ခဲ့သည်ဟု ညီနောင်သုံးဖွဲ့က ထုတ်ပြန်ထားသည်။

ရခိုင်‌ဒေသတွင်သာမက မြန်မာနိုင်ငံ၏ နေရာတိုင်းတွင် စစ်ရေးရှုံးနိမ့်ကာ နလံမထူနိုင်သည့် စစ်ရှုံးစစ်ကောင်စီသည် လက်ကျန်မြို့ကြီးအချို့ရှိ အပြစ်မဲ့အရပ်သားပြည်သူလူထုများအား မတရားစွပ်စွဲချက်များဖြင့် ဖမ်းဆီးခြင်းများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများအား နေ့စဉ်ဆက်တိုက် ကျူးလွန်လျက်ရှိသည်ဟု ထုတ်ပြန်ထားသည်။

Most read this week

May 3, 2024
စာနယ်ဇင်းလွတ်လပ်ခွင့်သည် ပြည်သူများ၏ သတင်းအချက်အလက် သိပိုင်ခွင့်နှင့် စဉ်းစားဆင်ခြင်...
May 2, 2024
အမျိုးသားများ ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်ခွင့်ကို စစ်ကောင်စီမှ...
March 4, 2024
ရခိုင်ပြည်နယ်တွင် အပစ်အခတ်ရပ်စဲရန်ဆွေးနွေးခြင်းမရှိကြောင်း ရက္ခိုင့်တပ်တော်(AA)၏...
February 23, 2024
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် အားကစားရုံအတွင်း စစ်ကောင်စီတပ်ဖွဲ့ နှင့် ရဲတပ်ဖွဲ့တို့ အစည်းအဝေး...