တောင်ပြို (လက်ဝဲ၊ လက်ယာ) စခန်းရှိ လက်နက်ခဲယမ်းများကို ARA နှင့် RSO တို့ထံ တာကာငွေ ၁၀ သန်းဖြင့်ရောင်းချရန် စစ်ကောင်စီတပ်က သဘောတူခဲ့သည်ဟု AA ထုတ်ပြန်

တောင်ပြို (လက်ဝဲ၊ လက်ယာ) စခန်းရှိ လက်နက်ခဲယမ်းများကို ARA နှင့် RSO တို့ထံ တာကာငွေ ၁၀ သန်းဖြင့်ရောင်းချရန် စစ်ကောင်စီတပ်က သဘောတူခဲ့သည်ဟု AA ထုတ်ပြန်

နယ်ခြားစောင့်စခန်းများဖြစ်သည့် ‌တောင်ပြို (လက်ဝဲ၊ လက်ယာ) စခန်းရှိ လက်နက်ခဲယမ်းများကို တာကာငွေ ၁၀ သန်းဖြင့် စစ်ကောင်စီတပ်ဖွဲ့၀င်များက ARA နှင့် RSO တို့ထံ ရောင်းချရန် သဘောတူခဲ့သည်ဟု ဖမ်းဆီးရမိသည့် သုံ့ပန်းများကို ကိုးကားပြီး AA ကထုတ်ပြန်သည်။

‌တောင်ပြို( လက်ဝဲ၊ လက်ယာ) စခန်းများကို AA က ထိုးစစ်ဆင် တိုက်ခိုက်စဉ် စစ်ကောင်စီ တပ်ဖွဲ့၀င်များနှင့် ARA နှင့် RSO တို့ ပူးပေါင်းခုခံခဲ့သည်။ သို့သော် ဖေဖော်ဝါရီ ၄ ရက်နေ့တွင် တောင်ပြို (လက်ယာ)ဗျူဟာစခန်းကိုသိမ်းပိုက်နိုင်ပြီးဖေဖော်ဝါရီ ၆ ရက် ညနေပိုင်းတွင် တောင်ပြို (လက်ဝဲ) စခန်းကို AA က အပြီးသိမ်းယူနိုင်ခဲ့သည်။

‌တောင်ပြို (လက်ယာ) တွင် ရဲမှူး အောင်စည်သူအေး (နခခ-၂) နှင့် တောင်ပြို (လက်ဝဲ) တွင် ဒု-ရဲမှူးကြီး ကျော်နိုင်စိုးတို့ ဦးစီးခဲ့ပြီး စခန်းများ ဆုံးရှုံးပါက လက်နက်ခဲယမ်းများကို တာကာငွေ ဆယ်သန်းဖြင့် ရောင်းချရန် အဖွဲ့နှစ်ဖွဲ့ထံ ရောင်းချရန် သဘောတူ ထားခဲ့သည်ဟု ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများ၏ ထွက်ဆိုချက်ကို ကိုးကားပြီး AA က ဖော်ပြသည်။

အဆိုပါဗျူဟာ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့ဝင် များ၏ အလောင်း အမြောက်အမြား၊ ARA နှင့် RSO တပ်ဖွဲ့ဝင်များ၏ အလောင်း အချို့အပါအဝင် ရန်သူ့လက်နက်ခဲယမ်း အမြောက်အမြားတို့ကို  သိမ်းဆည်းရမိခဲ့‌ကြောင်း AA က ထုတ်ပြန်သည်။

စစ်ကောင်စီနယ်ခြားစောင့်တပ်များနှင့် နိုဘီဟူဆောင်း ခေါင်းဆောင်သည့် ARA (Arakan Rohingya Army) အဖွဲအစည်းတို့သည် ရင်းနှီးသောဆက်ဆံရေးအပြင် အပေးအယူ များနှင့်အတူ နားလည်မှုရှိရှိဖြင့်နေခဲ့‌ကြောင်း၊ သိမ်းဆည်းရမိသည့် ARA တပ်စခန်းများထဲတွင် တောင်ပြို (လက်ဝဲ/လက်ယာ) ရဲမှူးများက တာကာဆယ်သန်းဖြင့်ရောင်းချခဲ့သော လက်နက်ခဲယမ်းများအပြင် အဆိုပါဗျူဟာစခန်းများရှိ လက်နက်ဂိုဒေါင်များမှ လုယူသွားသော လက်နက်ခဲယမ်းများ၊ ပလတ်စတစ်လက်နက်များ၊ WY မူးယစ်ဆေးဝါး ၆၉ ထုပ်ကိုလည်း ARA စခန်းအတွင်းမှ သိမ်းဆည်းရမိခဲ့ သည်ဟု AA က ထုတ်ပြန်သည်။

ARA တပ်စခန်းမှာ နတ်မြစ်ကမ်းစပ်တွင် အင်္ဂတေ၊ အုတ်များဖြင့် တည်ဆောက်ထားသော အခိုင်အမာစခန်းဖြစ်သည့်အပြင် အင်္ဂတေလူသွားလမ်းများဖြင့် တောင်ပြို (လက်ဝဲ) နှင့်ချိတ်ဆက် ထားသည်ကိုလည်း တွေ့ရှိရ‌ကြောင်း၊ စခန်းနှစ်ခုမှာအဖြောင့်တိုင်း လျှင် မီတာ တထောင်ကျော်သာ ဝေး‌ကြောင်း၊ ARA အဓိက စခန်း၏ တစ်ဖက်ကမ်းတွင် ဘင်္ဂလာဒေ့ရ်ှနယ်ခြားစောင့်တပ် BGB (Border Guard Bangladesh) တပ်စခန်း တခုလည်းရှိကာ တိုက်ပွဲဖြစ်ပွားစဉ် လက်နက်ခဲယမ်းအချို့ကို ARA အဖွဲ့က သယ်ယူခဲ့‌ကြောင်း၊ အဆိုပါလက်နက်ခဲယမ်းများကို ဘင်္ဂလာဒေ့ရ်ှနိုင်ငံအတွင်းမှ ဝင်ရောက်၍ ကားတစီးဖြင့် သယ်ယူသွားခဲ့ကြောင်း သုံ့ပန်းများ၏ ထွက်ဆိုချက်ကို ကိုးကားပြီး AA က ထုတ်ပြန်သည်။

ယင်းစခန်းနှစ်ခုမှ  စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင် စုစုပေါင်း အင်အား ၂၀၀ ကျော်မှာ နတ်မြစ်ကို ကျော်ဖြတ်ပြီး ဘင်္ဂလာဒေ့ရ်ှဘက်သို့ လက်နက်များဖြင့် ၀င်ပြေးခဲ့ရာ ARA အဖွဲ့က ကူညီခဲ့သည်ဟု ရခိုင့်တပ်တော် AA က ထုတ်ပြန်သည်။

May 3, 2024
စာနယ်ဇင်းလွတ်လပ်ခွင့်သည် ပြည်သူများ၏ သတင်းအချက်အလက် သိပိုင်ခွင့်နှင့် စဉ်းစားဆင်ခြင်...
May 2, 2024
အမျိုးသားများ ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်ခွင့်ကို စစ်ကောင်စီမှ...
March 4, 2024
ရခိုင်ပြည်နယ်တွင် အပစ်အခတ်ရပ်စဲရန်ဆွေးနွေးခြင်းမရှိကြောင်း ရက္ခိုင့်တပ်တော်(AA)၏...
February 23, 2024
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် အားကစားရုံအတွင်း စစ်ကောင်စီတပ်ဖွဲ့ နှင့် ရဲတပ်ဖွဲ့တို့ အစည်းအဝေး...