အဖိုးတန်သတ္တုများထွက်ရှိသော မော်ချီးမြို့ကို ကရင်နီတော်လှန်ရေးတပ် သိမ်းပိုက်

အဖိုးတန်သတ္တုများထွက်ရှိသော မော်ချီးမြို့ကို ကရင်နီတော်လှန်ရေးတပ် သိမ်းပိုက်

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်အတွင်းရှိ အဖိုးတန်သတ္ထုများထွက်ရှိသော မော်ချီးမြို့ကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း ယနေ့ ဇန်နဝါရီ ၂၈ ရက်တွင် ကရင်နီအမျိုးသားများကာကွယ် ရေးတပ်(KNDF)က ထုတ်ပြန်ကြေညာသည်။

“ဖားဆောင်းမြို့နယ် မော်ချီးဒေသအခြေစိုက် စစ်ကောင်စီတပ်စခန်းများ၊ စစ်ဆေးရေးဂိတ်များ၊ စခန်း ကုန်းများအားလုံးမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တိုက်ပွဲတစ်စုံတရာဖြစ်ပွားခြင်းမရှိဘဲ ၎င်းတို့တပ်စွဲ ရာနေရာများ၊ စခန်းများအားလုံးကို စွန့်ပစ်ဆုတ်ခွာထွက်ပြေးသွားခဲ့ပါသည်” ဟု KNDF ၏ ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၆ ရက်နေ့ ညသန်းခေါင်အချိန်က မော်ချီးမြို့၌ အခြေချထားသော စစ်ကောင်စီတပ် စခန်းနှင့် ဂိတ်စခန်းများမှ စစ်ကောင်စီတပ်သားများသည် မြို့ကိုစွန့်ခွာ၍ တပ်ဆုတ်သွားသောကြောင့် အလွယ်တကူသိမ်းယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း KNDF ပြန်ကြားရေးတာဝန်ရှိသူမှ မဇ္ဈိမကိုပြောသည်။

“အဲ့ဒီနေ့ကစပြီးတော့ မော်ချီးဒေသတခုလုံးကို ကရင်နီတော်လှန်ရေးတပ်တွေက ထိန်းချုပ်လိုက်တာဖြစ် ပါတယ်။ စစ်ကောင်စီဘက်က အဓိက စခန်းနှစ်ခုပဲရှိတယ်၊ တောင်ပေါ်မှာရှိတဲ့စခန်းနဲ့ မြို့အတွင်းဂိတ်စစ် ဆေးရေးဂိတ်ပေါ့။ အဲဒီနှစ်ခုက အဓိကစခန်းတွေဖြစ်တယ်။ အဲဒီစခန်းနှစ်ခုစလုံးက တပ်ဆုတ်သွားတာ ဖြစ်ပါတယ်။ ဖားဆောင်းမြို့ကို ဆုတ်သွားတာပါ” ဟု KNDF ပြန်ကြားရေးတာဝန်ရှိသူမှပြောသည်။

ထို့ပြင် ဌာနဆိုင်ရာဝန်ထမ်းများလည်း မော်ချီးဒေသအတွင်း မကျန်ရှိတော့ကြောင်း ၎င်းကပြောသည်။

မော်ချီးဒေသသည် တိုက်ပွဲဖြစ်ပွားနေခြင်းမရှိသောကြောင့် မြို့ခံများနှင့် သတ္ထုတွင်း၊ ခဲမိုင်းတွင်းများတွင် လာရောက်လုပ်ကိုင်နေကြသော အနယ်နယ်အရပ်ရပ်မှ လုပ်ငန်းရှင်များနှင့် ရွှေ့ပြောင်းလုပ်သားများမှာ တိမ်းရှောင်ရန်မလိုအပ်ဘဲ မြို့တွင် ဆက်လက်နေထိုင်လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

မော်ချီးဒေသသည် လက်ရှိတွင် စစ်ကောင်စီကင်းစင်နယ်မြေဖြစ်သွားသော်လည်း ဖားဆောင်းမြို့နယ် တွင်မူ စစ်ကောင်စီတပ်စခန်းများကျန်ရှိနေသေးသောကြောင့် ဖားဆောင်းဒေသတခုလုံးအား သိမ်းပိုက် နိုင်ရန်မှာ စစ်ရေးအရလုပ်ဆောင်ရန်လိုအပ်နေသေးကြောင်း KNDF ပြန်ကြားရေးတာဝန်ရှိသူက ပြော သည်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်မှ ဝင်ရောက်ထိန်းချုပ်သိမ်းပိုက်ထားနိုင်ပြီဖြစ်သော မော်ချီးမြို့ သည် ခဲမဖြူ၊ အဖြိုက်နက်၊ ခနောက်စိမ်း စသည့် အဖိုးတန်သတ္ထုများ ထွက်ရှိရာဒေသဖြစ်သည်။ မော်ချီး ဒေသမှ သတ္ထုစတင်ထုတ်ဖော်ခဲ့သည့် ၁၉၉၀ ခုနှစ်ကာလများတွင် အဆိုပါ ဒေသမှထွက်ရှိသော သတ္ထု များ သည် ကမ္ဘာ့အဆင့် နံပတ် ၁ နှင့် ၂ စာရင်းဝင်ခဲ့ကြောင်းနှင့် စံချိန်တင် အများဆုံးထုတ်လုပ်နိုင်သော မိုင်းဖြစ်ကြောင်း မှတ်တမ်းများအရသိရရသည်။

“သတ္ထုတွင်းလုပ်ပိုင်ခွင့်ကိစ္စတွေနဲ့ နောက်ဆက်တွဲကိစ္စတွေနဲ့ပတ်သက်ပြီး အုပ်ချုပ်ရေးကောင်စီက ဆက် ပြီးတော့ကိုင်တွယ်သွားမှာဖြစ်ပါတယ်။ အုပ်ချုပ်ရေးအဖွဲ့ကပဲ လုပ်ငန်းလည်ပတ်မှုကိစ္စတွေ၊ မူဝါဒကိစ္စ တွေကို ဆက်ပြီးတော့ ကိုင်တွယ်သွားမှာဖြစ်ပါတယ်” ဟု KNDF ပြန်ကြားရေးတာဝန်ရှိသူမှပြောသည်။

ကရင်နီပြည်တွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်းမှစတင်ခဲ့သော ၁၁၁၁ စစ်ဆင်ရေးနောက်ပိုင်းတွင် ကရင်နီတော်လှန်ရေးတပ်ဖွဲ့များက လွိုင်ကော်၊ ဒီးမော့ဆိုနှင့် မိုးဗြဲမြို့များရှိ စစ်ကောင်စီတပ်စခန်း၂၀ အား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်အရသိရသည်။

ထို့ပြင် ယခု ဇန်နဝါရီလတတိယပတ်တွင် ဘော်လခဲခရိုင်အတွင်းရှိ ရွာသစ်မြို့ကိုလည်း KNDF မှ ထိန်း ချုပ်နိုင်ခဲ့ကြောင်း သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်းဖယ်ခုံမြို့နယ်နှင့် မိုးဗြဲမြို့တို့တွင်လည်း ကရင်နီ တော်လှန်ရေးတပ်ဖွဲ့များမှ မြို့တွင်းနှင့် မြို့အဝင်၊ အထွက်တို့ကို စိုးမိုးထားနိုင်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကရင်နီပြည်နယ်တွင် မယ်စဲ့၊ နန်းမယ်ခုံ၊ မော်ချီးနှင့် ရွာသစ်စသည့်မြို့လေးမြို့ကို ကရင်နီတော်လှန်ရေး တပ်များမှ သိမ်းပိုက်ထားပြီးဖြစ်သည်။

Most read this week

May 14, 2024
အိန္ဒိယနိုင်ငံရောက် မြန်မာစစ်ဘေးရှောင်များအား ပံ့ပိုးကူညီပေးရန် လူ့အခွင့်အရေး လှုပ်ရှားသူ...
May 14, 2024
ကချင်လွတ်လပ်ရေးတပ်မတော်(KIA )စစ်ဦးစီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီး Rခေါင်လွမ်း ကွယ်လွန်ခြင်းအတွက်...
May 3, 2024
စာနယ်ဇင်းလွတ်လပ်ခွင့်သည် ပြည်သူများ၏ သတင်းအချက်အလက် သိပိုင်ခွင့်နှင့် စဉ်းစားဆင်ခြင်...
May 2, 2024
အမျိုးသားများ ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်ခွင့်ကို စစ်ကောင်စီမှ...