ဆက်သွယ်ရေး တာဝါတိုင်များ ဧပြီလတွင် စတင် အသုံးပြုနိုင်တော့မည်

ဆက်သွယ်ရေး တာဝါတိုင်များ ဧပြီလတွင် စတင် အသုံးပြုနိုင်တော့မည်
by -
ကန္တာရဝတီတိုင်း(မ်)

ကယားပြည်နယ်တွင် ဆက်သွယ်ရေး တာဝါတိုင်များ တည်ဆောက်ထားသည့် မြို့နယ်တိုင်းတွင် ဖုန်းလိုင်းများကို ဧပြီလတွင် အသုံးပြုနိုင်တော့မည်ဟု ပြည်နယ်ဆက်သွယ်ရေး မန်နေဂျာ ဦးစိုးစိုးက ပြောသည်။

“ဒီ ဖိုက်ဘာဆက်ကြောင်းတွေ ပြီးသွားလို့ရှိရင်တော့ ဆက်သွယ်ရေးတွေ ကောင်းသွားတော့မယ် လို့ပဲ ပြော ချင်တယ်” ဟု ဦးစိုးစိုးက ပြောသည်။

ယခင်က ၂၀၁၄ခုနှစ် စက်တင်ဘာလတွင် ဖုန်းလိုင်းများ အသုံးပြုနိုင်မည်ဟု ဆိုထားသော်လည်း အသုံးမပြုနိုင်ရခြင်းမှာ ဆက်ကြောင်းများ စက်ပစ္စည်းများ မရောက်ရှိသေးခြင်းကြောင့်ဟု ဦးစိုးစိုးက ဆက်ပြောသည်။

ဒီးမော့ဆိုမြို့ ငွေတောင်ကျေးရွာမှ ကိုသုငယ်က “ဖုန်းခေါ်ဆိုစနစ်တွေကို ဒီထက်ကောင်းစေချင်တယ်။ ဖုန်းပြောဖို့၊ ပြီးတော့ အခြားသတင်းအချက်အလက်တွေ ရယူဖို့အဆင်ပြေရင် ပိုကောင်းတာပေါ့↔ ဟု ပြောသည်။

လက်ရှိကယားပြည်နယ်တွင် လွိုင်ကော်မြို့တစ်ခုတည်းသာ ဆက်သွယ်ရေးကောင်းမွန်ပြီး ကျန်မြို့များမှာ ဆက်သွယ်ရေး အလွန်ခက်ခဲသည်။ သို့သော် ဧပြီလတွင် ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်၊ မော်ချီး၊ ဖားဆောင်းမြို့နယ်နှင့် ဘောလခဲမြို့နယ်တို့တွင် မိုဘိုင်းဖုန်း ဆက်သွယ်ရေး တာဝါတိုင်များ အသုံးပြုနိုင်မည်ဖြစ်သည်။

မယ်စဲ့မြို့နယ်၊ ရွာသစ်မြို့နယ်ခွဲ၊ ရှားတောမြို့နယ်တို့တွင်မူ လျှပ်စစ်မီးမရသေးသည့်အတွက် မိုဘိုင်းဖုန်း ဆက်သွယ်ရေး တာဝါတိုင်များ မတည်ဆောက်နိုင်သေးကြောင်း အချိန်ကြာမြင့်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ဖိုက်ဘာလိုင်းများ ပြီးစီးသွားပါက GSM၊ CDMA သာမက တယ်လီနော၊ အော်ရီဒူး စသည့် ဖုန်းလိုင်းများကိုပါ အသုံးပြုနိုင်မည်ဟု သိရသည်။

Most read this week