နိုင်ငံရေးကို စစ်ရေးဖြင့် ဖြေရှင်းနေခြင်းအပေါ် KNPP ရှုတ်ချ

နိုင်ငံရေးကို စစ်ရေးဖြင့် ဖြေရှင်းနေခြင်းအပေါ် KNPP ရှုတ်ချ
by -
ကန္တာရဝတီတိုင်းမ်

အစိုုးရအနေဖြင့် တိုုင်းရင်းသားများနှင့် ဖြစ်ပွားနေသည့် ပြဿနာရပ်များအား နိုုင်ငံရေး အရ တွေ့ဆုံုဆွေးနွေးခြင်းဖြင့် အဖြေမရှာဘဲ စစ်ရေးနည်းဖြင့် ဖြေရှင်းနေသည့်အပေါ် ပြင်းထန်စွာ ရှုတ်ချကြောင်း ကရင်နီအမျိုးသား တိုုးတက်ရေးပါတီ KNPP မှ မတ်လ ၂ရက်တွင် ကြေညာချက် ထုတ်ပြန်လိုုက်သည်။

လက်ရှိ အစိုုးရတပ်နှင့် ကိုုးကန့်တပ်ဖွဲ့များအကြား ဖြစ်ပွားနေသည့် တိုုက်ပွဲများသည် ပြည်ပကျူးကျော်စစ် သဖွယ် ဆောင်ရွက်နေပြီး တိုုင်းရင်းသားများအကြား သွေးကွဲစေသော လုပ်ရပ်ဖြစ်သည့်အတွက် ယခုုလိုု ပြင်းထန်စွာ ရှုတ်ချခြင်း ဖြစ်ကြောင်း KNPP ပါတီဥက္ကဌက အေဘယ်လ်တွိဒ်က ဆိုုသည်။

"ကိုးကန့် အထူးဒေသ ကိုးကန့်ကို ဘယ်သူ အသိအမှတ်ပြုလဲ ခင်ညွန့်ကို်ယ်တိုင် အသိအမှတ်ပြုတယ်။ ငြိမ်းချမ်းရေးလုပ်တယ်။ ကိုယ်ပို်င်အုပ်ချုပ်ရေး ထောင်ပေးတယ်။ ကိုးကန့်ကို လက်နက်ချပါ ပြောတယ်။ ဗမာနဲ့ ပူးပေါင်းတဲ့ သူတို့လက်မခံဘူးလေ။ ဘယ်မှာ လုံခြံုရေးရှိမလဲ အာမခံချက်မရှိဘူး။ ကိုးကန့်ကို သွားတိုက်တာ ကိုးကန့်ကို အရင်သွားတိုက်တာ ကိုးကန့်က သူတို့ကို တို်က်တာ မဟုတ်ဘူး။ ခေါင်းဆောင်တချို့က သူတို့ဘက်ပါလိုလို ပြီးတော့ ဖမ်းတယ် သူတို့က သွေးခွဲတာပေါ့" ဟု ၎င်းက ပြောသည်။

ကရင်နီပြည်တွင်းတွင်လည်း အစိုုးရနှင့် အပစ်ခတ်ရပ်စဲရေးသဘောတူ လက်မှတ်ရေးထိုုးထားသည့် ကာလအတောအတွင်း နိုုင်ငံရေးအရ ဆွေးနွေးမှုများမှာ တိုုးတက်လာမှုမရှိဘဲ အမာခံတပ်စခန်းများ တိုုးချဲ့ တည်ဆောက်လာခြင်းနှင့် စစ်ရေးပြင်ဆင်မှုများသာ ရှိလာသည်ဟုလည်း ဆိုုသည်။

"တစ်ဖက်နဲ့ တစ်ဖက် ရာနှုန်းပြည့် မယုံသေးတဲ့ သဘောအပေါ်မှာ စစ်ရေးပြင်ဆင်မှုကတော့ ရှိတယ်လို့ ကျနော်တို့ နားလည်ပါတယ်။ သို့သော်လည်းပဲ ဒါတွေက နိုင်ငံရေး အစာမကြေမှုကြောင့် ဖြစ်ပေါ်နေတဲ့ ပြသနာတွေပေါ့လေ” ဟုု KNPP အတွင်းရေးမှူး-၂ ဦးရွှေမျိုးသန့် က ပြောသည်။

မြန်မာပြည်တွင် စစ်မှန်သည့် ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်ကာ အမျိုးသားတန်းတူရေး တရားမျှတရေးနှင့် ကိုယ်ပိုင်ပြဠာန်းခွင့်ရှိပြီး ဒီမိုကရေစီနှင့်အတူ အမျိုးသားပြည်နယ်များ အခြေခံသည့် ဖယ်ဒရယ်ပြည်ထောင်စုကို ရရှိသည်အထိ KNPPမှ ခိုင်မာစွာ လုပ်ငန်းစဉ်များချမှတ်ပြီး ဆောင်ရွက်သွားမည်ဟုု ထုုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။

Most read this week