ကရင်ရေးရာ ၅ နေရာလုံး NLD မှ ကိုယ်စားလှယ်လောင်းများ မဲအသာစီး

ကရင်ရေးရာ ၅ နေရာလုံး NLD မှ ကိုယ်စားလှယ်လောင်းများ မဲအသာစီး

ကျင်းပပြီးစီးခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် ဧရာဝတီ၊ ရန်ကုန်၊ ပဲခူး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ် ကရင်ရေးရာအတွက် ပါတီအသီးသီးမှ ကိုယ်စားပြုပြီး အရွေးချယ်ခံကြသည့် ကိုယ်စား လှယ် လောင်းများအနက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် -NLD ကိုယ်စားပြု ကိုယ်စားလှယ်လောင်းများ မဲအသာစီးဖြင့် အနိုင်ရရှိနေကြသည်ဟု သိရသည်။

နိုဝင်ဘာလ ၈ ရက်နေ့တွင် တပြည်လုံးကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် ဧရာဝတီကရင်ရေး ရာအတွက် ဂါ့မိုးမြတ်မြတ်သူ၊ ရန်ကုန်တိုင်းဒေသကြီးမှ နော်စူစဲန်နာလှလှစိုး၊ ပဲခူးတိုင်းဒေသကြီးတွင် နော်ပွယ်စေး၊ တနင်္သာရီတိုင်းဒေသကြီးတွင် စောလုကာနှင့် မွန်ပြည်နယ်မှ ဒေါက်တာစောသာစိန်တို့မှ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် -NLD ကိုယ်စားပြုပြီးအသီးသီးဝင်ရောက် ယှဉ်ပြိုင်အရွေး ချယ်ခံခဲ့ကြခြင်းဖြစ်သည်။

ထိုသို့ယှဉ်ပြိုင်အရွေးချယ်ခံကြရာတွင် အဆိုပါတိုင်းဒေသကြီး ၄နေရာနှင့် ပြည်နယ် ၁နေရာမှ NLD ကိုယ်စားပြု ကရင်ရေးရာ ကိုယ်စား လှယ်လောင်းများမှာ လတ်တလောတွင် မဲအသာစီးရနေကြောင်းသိရှိရပြီး ၎င်းကရင်ရေးရာ ကိုယ်စားလှယ် လောင်းများ၏ မဲရလဒ်များကို မကြာမီထုတ်ပြန်ပေးသွားရန်ရှိကြောင်းလည်း သက်ဆိုင်ရာရွေး ကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများကပြောသည်။

ရွေးကောက်ပွဲတွင် အနိုင်ရရှိပါက ဧရာဝတီကရင်ရေးရာမှ ဂါ့မိုးမြတ်သူ၊ ပဲခူးတိုင်း ဒေသကြီး ကရင်ရေးရာ နော်ပွယ်စေးနှင့် တနင်္သာရီတိုင်းဒေသကြီး ကရင်ရေးရာမှ စောလုကာတို့မှာ ဒုတိယအကြိမ်ပြန် လည်ရွေးချယ်ခံရမည့် ကရင်ရေးရာဝန်ကြီး များဖြစ်လာမည်ဖြစ်ကြသည်။ နော်စူစဲန်နာလှလှစိုးမှာ ယခင်က ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်မှ ရန်ကုန်တိုင်းဒေသကြီး ကရင်ရေးရာဝန်ကြီးဖြစ်လာ မည်ဖြစ်သည်။

May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...
Photo crd : CJ
May 22, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို-တောင်ငူလမ်းတွင် ပြီးခဲ့သည့် မေလ(၁၉)ရက်၊ ညအချိန်က...
CJ (ပုံဟောင်း)
May 21, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်ရှိ...