ဆန္ဒမဲလာထည့်သူများ ထိတ်လန့်မှုမဖြစ်အောင် မမြင်နိုင်သည့်နေရာတွင်သာ လုံခြုံရေးယူပေးမည်ဟု KNU ပြော

ဆန္ဒမဲလာထည့်သူများ ထိတ်လန့်မှုမဖြစ်အောင် မမြင်နိုင်သည့်နေရာတွင်သာ လုံခြုံရေးယူပေးမည်ဟု KNU ပြော

စောမြတ်ဦးသာ — ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ထဲရှိ အစိုးရနှင့် KNU-ကရင်အမျိုးသားအစည်းအရုံးတို့ နှစ်ဖက်အုပ်ချုပ်နယ်မြေ များတွင် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအတွက် လာရောက်မဲထည့်ကြမည့် မဲဆန္ဒရှင် ပြည်သူများ အထိတ်တလန့် မဖြစ်အောင် လူထုမမြင်နိုင်သည့်နေရာ တွင်သာ လုံခြုံရေးစောင့်ရှောက်ပေးသွားမည်ဟု KNUက ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ပထမဦးဆုံးအကြိမ် ရွေးကောက်ပွဲကျင်းပခွင့်ရသည့် နှစ်ဖက်အုပ်ချုပ်နယ်မြေနှင့် KNU ထိန်းချုပ် နယ်မြေရှိ ကျေးရွာများတွင် မဲရုံလုံခြုံရေးအပိုင်းနှင့်ပတ်သက်ပြီး ကျေးရွာလုံခြုံရေး၊ မြန်မာနိုင်ငံအထူးရဲ၊ ရဲတပ်ဖွဲ့များက သက်ဆိုင်ရာနယ်မြေအလိုက် လုံခြုံရေးယူထားပေးသည်ဟု ဒေသခံများထံမှ သိရသည်။

KNU ဝင်းရေးမြို့နယ် ဥက္ကဋ္ဌ ပဒိုစောမောင်ရွှေက “ဖားပြရွာဘက်မှာတော့ ကျနော်တို့ လုံခြုံရေးယူပေးမယ်လို့ ပြောထားတယ်။ အောက်ရွာတွေဘက်မှာ ရဲတွေ လုံခြုံရေးတွေ ရှိပြီးသားပါ။ တပ်မတော်ဘက်က လုံခြုံရေးယူမယ့်အပိုင်းမှာ သူတို့ ဆောင်ရွက် ချက်တွေကြတော့ အကုန်နားမလည်ဘူး။ သေချာတာတစ်ခုကတော့ အနှောင့်အယှက်အဟန့်အတား ဘာမှမဖြစ်ဘူး။ သွားဖို့ လာဖို့ကြတော့ သူတို့လာညှိနှိုင်းပြောပြထားတယ်။  လူထုတွေထိတ်လန့်မှုမဖြစ်အောင် ကျနော်တို့က ပုံမှန်ရှိနေတဲ့ အခြေအနေ မှာပဲရှိမှာပါ”ဟု ယနေ့ (နိုဝင်ဘာ ၅ ရက်) ကေအိုင်စီသို့ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၃ ရက်နေ့တွင် အနန်းကွင်းရွာအခြေချ ဗျူဟာက မဲရုံဖွင့်သည့်ကျေးရွာတွင် အုပ်ချုပ်ရေး တာဝန်ရှိ သူများနှင့် လာ ရောက်တွေ့ဆုံခဲ့ကြပြီး မဲရုံလုံခြုံရေးအပိုင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောဆိုထားမှုများရှိသည်ဟု ကျေးရွာအုပ်ချုပ်ရေး တာဝန်ရှိသူထံမှ သိရသည်။

“ရွေးကောက်ပွဲကော်မရှင်၊ မဲရုံဝန်ထမ်း၊ လုံခြုံရေးအထူးရဲတွေလည်း ရှိတယ်ဆိုတော့ တပ်တွေက လာပြီးစောင့်ဖို့ မလိုဘူးထင် တယ်။ ရွာထိပ်တွေမှာ စောင့်နေရင်တောင် လူထုတွေသတင်းကြားသွားတာနဲ့ အနည်းနဲ့အများတော့ ထိပ်လန့်မှုတွေ ရှိနေမှာပဲ။  ဒေသခံတွေက နဂိုကတည်းက အကြောက်တရားက ရှိကြတယ်။ မဲမသမာမှုတွေ လုံခြုံရေးအပိုင်းတွေမှာ သူတို့အမြင်နဲ့ရှိရင် ရှိမှာပေါ့လေ” ဟု တောင်ဒီးရွာသား စောမြတ်သူက ကေအိုင်စီ သို့ပြောသည်။

ထိုဒေသရှိ တပ်မတော်အနေဖြင့်လည်း မဲပေးသည့်ကာလအတွင်း မဲရုံအနီးတွင် ရှိနေမည်မဟုတ်ဘဲ မဲရုံပြင်ပများတွင်သာ လုံခြုံရေး ဆောင်ရွက်ပေးသွားမည်ဟု တပ်မတော်ဘက်မှ နီးစပ်သူနှင့် ကျေးရွာအုပ်ချုပ်ရေးတာဝန်ရှိသူများက ပြောသည်။

ကြာအင်းဆိပ်ကြီးမြိုနယ် ဝင်းရော်ဒေသရှိ ကျေးရွာများနှင့် နှစ်ဖက်ရောနှောအုပ်ချုပ်သည့်ကျေးရွာများတွင် အောက်တိုဘာ ၂၉ ရက်နေ့က အသက် ၆ဝ အထက် ဒေသခံအများစု ကြိုတင်မဲထည့်ခဲ့ကြပြီး မဲထည့်နည်း အတွေ့အကြုံ အားနည်းသည့်အတွက် ပယ်မယ်များမည်ဟု နိုင်ငံရေးပါတီများက သုံးသပ်ပြောမှုများရှိသည်။

May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...
Photo crd : CJ
May 22, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို-တောင်ငူလမ်းတွင် ပြီးခဲ့သည့် မေလ(၁၉)ရက်၊ ညအချိန်က...
CJ (ပုံဟောင်း)
May 21, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်ရှိ...