မြဝတီနယ်စပ် အမှတ် ၂ တံတားမှ နှစ်နိုင်ငံကုန်သွယ်မှု ရပ်ဆိုင်းထား၍ ဒေသတွင်း စားသုံးကုန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ

မြဝတီနယ်စပ် အမှတ် ၂ တံတားမှ နှစ်နိုင်ငံကုန်သွယ်မှု ရပ်ဆိုင်းထား၍ ဒေသတွင်း စားသုံးကုန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ

နေနော် — အိမ်နီးချင်းထိုင်းနိုင်ငံနှင့် အဓိကကုန်သွယ်မှု ပြုလုပ်နေသည့် မြဝတီနယ်စပ် မြန်မာ-ထိုင်း အမှတ် ၂ ချစ်ကြည်ရေး တံတားမှ နှစ်နိုင်ငံကုန်သွယ်မှုကို ပြီးခဲ့သည့် အောက်တိုဘာလ ၁၉ ရက်နေ့စ၍ ကုန်စည်ဖြတ်သန်းမှုကို ယာယီရပ်ဆိုင်းလိုက်သည့်အတွက် လက်ရှိတွင် ဒေသတွင်းစားသုံးကုန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေကြောင်း သိရ သည်။

Covid-19 ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်ကာကွယ်ရေးအတွက် ထိုင်းနှင့်မြန်မာ နှစ်ဖက်သဘောတူညီမှုဖြင့် ကုန်သွယ်မှု ယာယီရပ်ဆိုင်းထားသလို covid- 19 ဂယက်ကြောင့် ပြည်တွင်း၌လည်း အသွားအလာ ကန့်သတ် ထားသည့်အတွက် ကုန်ပစ္စည်းသယ်ယူ ရောင်းချရာတွင်အခက်အခဲဖြစ်ခြင်း ၊ ဈေးနှုန်းမြင့်တက်လာခြင်းတို့ရှိနေ သည်ဟု ယခင်ထိုင်းဘက်ခြမ်းကနေ၍ ဟင်းသီးဟင်းရွက်များကို မြန်မာဘက်သို့ တင်သွင်းပြီး မြဝတီမြို့ ဘုရင့် နောင်ဈေးတွင် ပြန်လည်ဖြန့်ဖြူးရောင်းချပေးနေသည့် ကုန်စိမ်းဒိုင်များထံမှ သိရသည်။

ကရင်လေး ကုန်စိမ်းဒိုင်မှ မအေးအေးထွေးက “အရင်ကဆိုရင် ထိုင်းဘက်ခြမ်းမှာ ဝယ်ယူခဲ့စဉ်သခွားသီး ၁၀ ကီ လိုကို ကျပ် ၃၅၀၀ / ၄၀၀၀ ကျပ်သာ ရှိနေပေမယ့်  ယခုအခါမှာတော့ မြန်မာပြည်အောက်ဘက်ခြမ်းကနေ သွား ဝယ်တဲ့ လမ်းခရီးမှာ သွားရေးလာရေးအခက်အခဲအပြင် သီးနှံဈေးကလည်းကြီးလို့ အခုဆိုရင် ၁၀ ကီလိုပို ၆,၀၀၀ ကျပ်နဲ့ ပြန်လည်ရောင်းချနေရတယ်။ အခြားကုန်စိမ်းသီးနှံတွေလည်း အလားတူ ဈေးတိုးမြှင့်ရောင်းချ နေရတယ်” ဟု ပြောသည်။

၎င်းအပြင် ဈေးသွားဈေးဝယ်လျော့နည်းလာသလို ဈေးဦးမပေါက်သည့်နေ့ပင်ရှိကြောင်းလည်း မြဝတီမြို့  ဘုရင့်နောင်ဈေးအတွင်း အထည်နှင့် အခြားလူသုံးကုန်ပစ္စည်းဆိုင်မှ ဈေးသည်များက ပြောသည်။

မြဝတီ မြို့ဘုရင့်နောင်ဈေးမှ သစ်သီးမျိုးစုံရောင်းချသူ ဒေါ်ခင်ဆွေသက်က“ ပြည်တွင်းကနေမှာ ယူရောင်းချတာ ခရီးဝေးတော့ သစ်သီးတွေ နာလာသလို ဈေးလည်းပိုလာတယ်။ အသီးတွေလည်း မလတ်ဆတ်တော့ရောင်း ပန်း မလှဘူး။ ယခင်ထိုင်းဘက်ကဝယ်ရောင်းရာမှာ သယ်ယူတဲ့နေရာက နီးတယ်လေ။ တစ်နေ့စာကုန်သလောက် သွားဝယ်တော့ လတ်လတ်ဆတ်ဆတ်ဖြစ်လို့ လူကြိုက်များပါတယ်။ ဈေးနှုန်းလည်းသက်သာတဲ့အတွက် ပြန်ရောင်းရတာ ပိုပြီးအဆင်ပြေတာပေါ့။ ဒါကြောင့် ယာယီပိတ်ထားတဲ့ မြဝတီနယ်စပ်တံတား အမြန်ဆုံးပြန်ဖွင့်ဖို့ ကိုပဲ မျှော်လင့်နေရတယ်” ဟု ဆိုသည်။

ဘုရင့်နောင်ဈေးတွင် စားသုံးဆီအပါးအဝင် စားကုန်ရောင်းချသော မမိုးဖြူကလည်း တံတားမှ ကုန်သွယ်မှုကို ပိတ်လိုက်သည့်အတွက် ထိုင်းဘက်ခြမ်းမှ သွင်းသည့် စားသောက်ကုန်တစ်ချို့ ဈေးတက်လာပြီး ယခင်က ပုဇွန်နှစ်ကောင်စားဆီ၊ နို့ဆီနှင့် အချိုရည် စသဖြင့် ပစ္စည်းတစ်မယ်ကို ၅၀၀ ကျပ်မှ ၁၀၀၀ ကျပ်ထိ ဈေးနှုန်းမြင့် တက်သွားသည်ဟု ပြောသည်။

ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံဘက်သို့နေ့စဉ်တင်ပို့နေသည့် ဟင်းသီးဟင်းရွက်နှင့် သစ်သီးမျိုးစုံ စားသောက်ကုန် လူ့အသုံးအဆောင် ရောင်ချသူများမှာ နှစ်နိုင်ငံကုန်သွယ်မှုလမ်းကြောင်းကို ဆောလျင်စွာပြန်လည်ဖွင့်လှစ်ရန် မျှော်လင့်နေကြသည်ဟု သိရှိရသည်။

မြဝတီဘက်တွင် ဟင်းသီးဟင်းရွက် ၊သစ်သီး၊ အသား၊ ငါး၊ စားသောက်ကုန်အချို့ဈေးတက်လာသလို ထိုင်းနိုင်ငံ မဲဆောက်ဈေးကွက်တွင် မြန်မာဘက်မှ ဝယ်လိုအားမရှိ၍ ကုန်ဈေးနှုန်းထိုးကျသွားကြောင်းလည်းသိရပြီး လာမည့် အောက်တိုဘာလ ၂၇ ရက်နေ့တွင် အဆိုပါ ထိုင်း-မြန်မာ အမှတ် ၂ တံတားကို နှစ်နိုင်ငံကုန် သွယ်မှုပြန်လည်ပြုလုပ်နိုင်ရန် ထိုင်းဘက်ခြမ်းက ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း သိရသည်။

May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...
Photo crd : CJ
May 22, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို-တောင်ငူလမ်းတွင် ပြီးခဲ့သည့် မေလ(၁၉)ရက်၊ ညအချိန်က...
CJ (ပုံဟောင်း)
May 21, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်ရှိ...