တိုင်းရင်းသားအရေးအရာအတွက် ယခင်နှစ် ဘတ်ဂျက် ကျပ် ၁၃၅ သန်းသုံးခဲ့

တိုင်းရင်းသားအရေးအရာအတွက် ယခင်နှစ် ဘတ်ဂျက် ကျပ် ၁၃၅ သန်းသုံးခဲ့

နန်းဝေဖြိုးဇာ — ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကရင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေယဉ်ကျေးမှှု တိုးတက်ရေးအတွက် တိုင်းရင်းသားရေးရာဘတ်ဂျက်အသုံးစရိတ် ကျပ် ၁၃၅ သန်းသုံးထားခဲ့ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ထက် ၁၀ သန်းတိုး၍ သုံးထားခဲ့သည်ဟု ပြည်နယ်မွန်တိုင်းရင်းသားရေးရာဝန်ကြီး ဦးမင်းတင်ဝင်းက ကေအိုင်စီသို့ ပြော သည်။

ပြီးခဲ့သည့် ဘတ်ဂျက်တွင် တိုင်းရင်းသား စာပေသင်ရိုးညွှန်းတမ်း ပုံနှိပ်စာအုပ် ထုတ်ဝေရာတွင် ပိုထပ်သုံးရသော ကြောင့် ယခင် ကျပ် ၁၂၅ သန်းရရှိရာမှ ကျပ် ၁၃၅ သန်းအထိ ထပ်တိုးသုံးထားခဲ့ကြောင်း ကရင်ပြည်နယ်ရှိ တိုင်းရင်းသားအရေးအရာ ကိစ္စများကို တာဝန်ယူဆောင်ရွက်ပေးသည့် မွန်တိုင်းရင်းသားရေးရာဝန်ကြီးက အောက်တိုဘာ (၁၉ )ရက်နေ့တွင် ပြောဆိုခဲ့သည်။

အဆိုပါ သုံးထားသည့် ကျပ် ၁၃၅ သန်းထဲတွင် ခေါင်းစဉ် ၃ ခုဖြင့်သုံးစွဲထားခဲ့ပြီး တိုင်းရင်းသားစာ အုပ်စာပေထုတ်ဝေရေးတွင် ကျပ်သန်း ၃၀၊ တိုင်းရင်းသားရိုးရာဓလေ့နှင့်ဆိုင်သည့် အခမ်းအနားများကျင်းပရာတွင် ကျပ် ၅၅ သန်းနှင့် တိုင်းရင်းသားစာပေကိစ္စနှင့်ပတ်သက်၍ ပညာပေးကဏ္ဍအတွက် ကျပ်သန်း ၅၀ သုံးစွဲထားခဲ့သည်။

“ ကရင်ပြည်နယ်မှာရှိတဲ့ တိုင်းရင်းသား ၄ မျိုးအတွက် ခေါင်းစဉ်ကြီး ၃ခုနဲ့ ဘတ်ဂျက်သုံးထားတာဖြစ်တယ်။ ဒီနှစ်မှာလည်း ပိုထပ်တောင်းတယ်။ ဘဘတို့ ဌာနက အခုထိ ဘတ်ဂျက်မကျသေးဘူးဆိုတော့ ဒီနှစ်အတွက် က ဘယ်လောက်သုံးမလဲ မပြောနိုင်သေးဘူး။ Covid နဲ့ဆိုတော့ ဒီနှစ်အခမ်းအနားတွေ သိပ်မလုပ်ရတော့ ပြန်လျော့မလားမသိသေးဘူး” ဟု ဝန်ကြီး ဦးမင်းတင်ဝင်းက ကေအိုင်စီသို့ပြောသည်။

ယခင်နှစ်ဘတ်ဂျက်တွင် တိုင်းရင်းသားစာပေ ပုံနှိပ်စာအုပ်ထုတ်ဝေပေးရေးနှင့်ပတ်သက်၍ ဘတ်ဂျက် မလုံလောက်သည့်အတွက် ကရင်မျိုးနွယ်စုထဲမှ ဘွဲ၊ ဂေဘား၊ လေကွယ်ကော် စသည့်စာပေအတွက် စာအုပ်ထုတ်ဝေပေးရန်ကျန်ရှိပြီး ယခုဘဏ္ဍာနှစ်တွင် ဆက်လက်ထုတ်ပေးနိုင်ရန် ထည့်သွင်းပေး ထားကြောင်းလည်း ဝန်ကြီးဦးမင်းတင်ဝင်းက ဖြည့်စွက်ပြောသည်။

တိုင်းရင်းသားရေးရာ ဘတ်ဂျက်ရေးဆွဲရာတွင် သက်ဆိုင်ရာ စာပေယဉ်ကျေးမှှုကော်မတီမှပါဝင်ကြောင်း ပြော ဆိုသော်လည်း ယခု အစိုးရသစ်တက်လာသည့်အချိန်မှစတင်၍ တစ်ကြိမ်သာပါဝင်ဖူးကြောင်း ကရင်ပြည်နယ် ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှှုအဖွဲ့ အထွေထွေအတွင်းရေးမှူး တာဝန်ယူခဲ့သူ ခွန်မင်းအောင်က ကေအိုင်စီသို့ ပြောသည်။

၎င်းက“တိုင်းရင်းသားအတွက် ဘတ်ဂျက်က မွန်ပြည်နယ်နဲ့စာရင် ကရင်မှာက ရတာအရမ်းနည်းတာ။ ကျနော် တို့ စာပေယဉ်ကျေးမှှု တိုးတက်ဖို့အတွက် ဘတ်ဂျက်တိုးတောင်းတာသိပ်မရှိဘူး။ ကျနော်တို့စာယဉ်အဖွဲ့က တစ်နှစ်စာဘာလုပ်မလဲ၊ ပွဲရှိရင် ဘယ်လောက်သုံးမလဲ တစ်ခါပဲတင်ဖူးတယ်။ ၃ နှစ်လောက်ကြာပြီး။ အခုတိုင်း ရင်းသားဘတ်ဂျက် တစ်နှစ်ဘယ်လောက်ရလဲဆို ကျနော်တို့ စာယဉ်တွေက တစ်နှစ်မှမသိရပါဘူး။ ပအိုဝ်း အမျိုးသားနေ့လုပ်ရင် ဒီလောက်ပေးမယ် ဒီလိုပဲပြောတယ် ” ဟု ပြောသည်။

ကရင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားများအတွက် ရရှိသည့်ဘတ်ဂျက် ၁၃၅ သန်း (သိန်း ၁ ထောင်ကျော်) ကို ပြည်နယ်အတွင်းရှိ ကရင်၊ မွန်၊ ရှမ်းနှင့် ပအိုဝ်း တိုင်းရင်းသား ၄ မျိုးမှ လူဦးရေ အနည်းအများပေါ်မူတည်၍ စာပေယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် အချိုးကျခွဲဝေပေးထားခြင်းလည်းဖြစ်သည်။

မြန်မာအစိုးရ၏ ဘဏ္ဍာနှစ် သတ်မှတ်ချက်မှာ အောက်တိုဘာလ ၁ ရက်နေ့မှစတင်ပြီး စက်တင်ဘာလ ၃၀ ရက်နေ့တွင် အဆုံးသတ်ဘဏ္ဍာနှစ်အဖြစ် သတ်မှတ်ထားသည်။

May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...
Photo crd : CJ
May 22, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို-တောင်ငူလမ်းတွင် ပြီးခဲ့သည့် မေလ(၁၉)ရက်၊ ညအချိန်က...
CJ (ပုံဟောင်း)
May 21, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်ရှိ...