KNDP ပါတီအောင်နိုင်ရေးလှုပ်ရှားမှု လူထု ၃,၀၀၀ ဝန်းရံ ၊ ဝန်းရံသူများကို USDP နှင့် NLD ထောက်ခံသူများ ဧည့်ခံကြိုဆို

KNDP ပါတီအောင်နိုင်ရေးလှုပ်ရှားမှု လူထု ၃,၀၀၀ ဝန်းရံ ၊ ဝန်းရံသူများကို USDP နှင့် NLD ထောက်ခံသူများ ဧည့်ခံကြိုဆို

စောမြတ်ဦးသာ — ကရင်ပြည်နယ်တွင် အခြေစိုက်သည့် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ-KNDP အောင်နိုင်ရေးအတွက် အောက်တိုဘာ ၁၈ ရက်နေ့က ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်းရော်ဒေသရှိ ပါတီဝန်းရံသူများ အင်အားပြလှည့်လည်ကြရာတွင် ပြည်ထောင်စုကြံ့ခိုင် ရေးဖွံ့ဖြိုးရေးပါတီ -USDP နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် -NLD ထောက်ခံသူများက ဧည့်ခံကြိုဆိုခဲ့ကြသည်ဟု သိရသည်။

KNDP ပါတီဝန်းရံသူ အင်အား ၃, ၀၀၀ ကျော်သည် ဝင်းရော်ဒေသတညင်ရွာမှ ခလယ်-တံခွန်တိုင်ကျေးရွာအုပ်စုအထိ ပါတီအောင်နိုင်ရေး ဆိုင်းဘုတ်၊ တံဆိပ်များကပ်ထားသည့် ကား၊ ဆိုင်ကယ်များဖြင့် အင်အား ပြလှည့်လည်မှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ လှည့်လည်ရာတွင် NLD ပါတီဝင်ကရင်များကတောင်ဒီးကျေးရွာတွင်ကရင်ပါတီဝန်းရံသူများကို ဧည့်ခံကြိုဆိုဂုဏ်ပြုပြီး နန်းသိုင်းထွန်၊ ခလယ်ရွာတွင်လည်း USDP ပါတီဝင် တိုင်းရင်းသားများကလည်း အချိုရည်များဖြင့် လာရောက်ကြိုဆို ဂုဏ်ပြုကြကာ ဝန်းရံသူများမှလည်း ကရင်ရိုးရာ ဒုံးအက၊ အမျိုးသားစည်းလုံးညီညွတ်ရေးသီချင်းများဖြင့် လှည့်လည်အင်အားပြကြသည်။

KNDP အောင်နိုင်ရေးအတွက် လာရောက်ဝန်းရံသူ ဝင်းရော်ဒေသခံ စောတင်ထွန်းက “ကရင်တွေ ဒုက္ခမျိုးမျိုးနဲ့ ကြုံလာခဲ့ကြတာနှစ် ၅ဝ ကျော်ခဲ့ပြီး၊ ကိုယ့်ကံကြမ္မာ ကိုယ်ပိုင်ပြဌာန်းခွင့်ရအောင် ကရင်ကိုယ်စားပြုတဲ့ခေါင်းဆောင်တွေကရင်တိုင်းဝန်းရံစေချင်တယ်။ သူတို့တွေကို နိုင်ငံတော်ရဲ့ လွှတ်တော်တွေထဲ ရောက်စေချင်လို့ လာဝန်းရံကူညီတာပါ” ဟု ကေအိုင်စီသို့ ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ၂ဝ၁ဝ၊ ၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် နယ်မြေလုံခြုံရေးအခြေအနေကြောင့်ဟု ဆိုကာ ကျေးရွာ အုပ်စုအများစု ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိသည့်အတွက် ဒေသခံအများစု ဆန္ဒမဲထည့်ခွင့်ဆုံးရှုံးခဲ့ရပြီး လာမည့်နိုဝင်ဘာ ၈ ရက်နေ့ ကျင်းပတော့မည်ရွေးကောက်ပွဲတွင် ဒေသခံများ မဲထည့်ခွင့်ရအောင် KNU တာဝန်ရှိသူများနှင့် အစိုးရဌာနဆိုင်ရာတို့ တွေ့ဆုံညှိနှိုင်းခဲ့မှုကြောင့် ဝင်းရော်ဒေသတွင် ကျေးရွာအများစု ရွေးကောက်ပွဲ ကျင်းပနိုင်ပြီးဟု သိရသည်။

“ ပထမလွှတ်တော်သက်တမ်းမှာ USDP ကို ထောက်ခံခဲ့တယ်။ ဒုတိယအကြိမ်မှာတော့ NLD ကို အားပေးထောက်ခံ့ခဲ့တယ်။ ကရင် တစ်ယောက်ဖြစ်တဲ့အတွက် ဒီတစ်ကြိမ်တော့ ကရင်နိုင်ငံရေးပါတီကို အားပေးမယ်။ တိုင်းဒေသကြီး၊ ပြည်နယ်တွေမှာ ကရင်နိုင်ငံရေးပါတီ အခန်းကဏ္ဍတစ်ခုထိ ခရီးရောက်မယ်လို့ မျှော်လင့်ပါတယ်” ဟု လာရောက်ဝန်းရံသူ စောယောင့်သာအဲဆန်က ကေအိုင်စီသို့ ပြောသည်။

၂ဝ၂ဝ ပြည့်နှစ် လာမည့်အထွေထွေရွေးကောက်ပွဲတွင် ကရင်ပြည်နယ်အနေဖြင့် နေရာပေါင်း ၆ဝ တွင် မဲရုံဖွင့်လှစ်နိုင်ခြင်း မရှိသေး သည့်အပြင် ကြာအင်းဆိပ်ကြီးမြို့နယ်အနေဖြင့် မော်ကဲခီး၊ သာကထ၊ ကွင်းကလေး၊ ကော့ဆိုင်၊ အစွန်း၊ လန်းဖါး၊ ခုဒုံ၊ ခွါဟေးနှင့် သင်္ကန်းပင်ဆိပ်ကျေးရွာအုပ်များတွင်  ရွေးကောက်ပွဲ မကျင်းပနိုင်သောနေရာအဖြစ် ရွေးကော်ပွဲကော်မရှင်အဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။

May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...
Photo crd : CJ
May 22, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို-တောင်ငူလမ်းတွင် ပြီးခဲ့သည့် မေလ(၁၉)ရက်၊ ညအချိန်က...
CJ (ပုံဟောင်း)
May 21, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်ရှိ...