ကိုဗစ်ကာလ အခြေခံလူတန်းစားများကို ဆန်အိတ် ၂၀၀၀ ဝန်းကျင် KNU ထောက်ပံ့

ကိုဗစ်ကာလ အခြေခံလူတန်းစားများကို ဆန်အိတ် ၂၀၀၀ ဝန်းကျင် KNU ထောက်ပံ့

KNU -ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်အတွင်း ကိုဗစ်ကပ်ရောဂါကာလ စားဝတ်နေရေးခက်ခဲသည့် အခြေခံ လူတန်းစားများကို ဆန်အိတ် ၂, ဝဝဝ ဝန်းကျင် စတင်ထောက်ပံ့ပေးနေပြီဟု မြို့နယ်တာဝန်ရှိသူများထံမှ သိရသည်။

၎င်းတို့အုပ်ချုပ်နယ်မြေတွင် ပါဝင်သည့် သံဖြူဇရပ်၊ ရေး၊ ဘုရားသုံးဆူ၊ ကြာအင်းဆိပ်ကြီးမြို့နယ်များရှိ ကျေးရွာများတွင် အောက်တိုဘာလ ၁ ရက်နေ့မှစတင်ကာ ပထမအကြိမ်အနေဖြင့် တစ်အိမ်ထောင်စုလျှင် ဆန် ၂ တင်းအိတ် တစ်အိတ်စီ ထောက်ပံ့ပေးသည်ဟု ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် -KNLA တပ်မဟာ ၆၊ ဌာနချုပ်တပ်ခွဲမှ ဗိုလ်ကြီးစောဘိုဘိုထွန်းက ကေအိုင်စီသို့ ပြောသည်။

“ မြို့နယ်ရဲ့ တောင်အနောက်ဘက်ခြမ်းရွာတွေကို ဆန် ၆၅ဝ အိတ် ပေးတယ်။ ကလိတ္တုတ်နဲ့ လိပ်ပ္ပုပ်အုပ်စုက ရွာတွေ အိတ် ၁,၁၀၀ ဝေပေးတယ်။ မနှစ်က ရေကြီး၊ ဒီနှစ်လည်း ရောဂါဖြစ်တော့ လူထုတွေက အခက်အခဲရှိကြတယ်ပေါ့နော်။ ကရင်ရွာရော၊ မွန်ရွာရော လူမျိုးမခွဲခြားဘဲ အကုန်ဝေပေးတယ်။ ပြည့်ပြည့်ဝဝတော့ မကူညီနိုင်သေးဘူးပေါ့နော်”  ဟု အောက်တိုဘာ ၁ဝ ရက်နေ့တွင် ပြောသည်။

KNU ဝင်းရေးမြို့နယ်အတွင်း COVID-19 ကပ်ရောဂါကာလ ကျေးရွာအများစုတွင် နယ်ဝေးမှလာရောက်သူများ ဝင်ထွက်သွားလာခွင့် ကန့်သတ်ထားပြီး ဒေသခံများ၏ ပုံမှန်အသက်မွေးလုပ်ငန်းအချို့လည်း ရပ်တန့်ထားရမှုများရှိသည့်အတွက် စားဝတ်နေရေးခက်ခဲမှုများ ကြုံလာရသည်ဟု ဒေသခံများထံမှ သိရသည်။

ကလိတ္တုတ်ရွာနေ စောမြင့်ဦးက “ အခု မျှောတန်အတွက် သစ်လေးတွေ၊ ဝါးတွေ ခုတ်ရောင်းရတာပေါ့နော်။ အသွားအလာ ကန့်သတ် ထားတော့ အများကြီး အခက်အခဲဖြစ်တယ်။ ဝါးသွားရောင်းပြန်တော့ ကိုဗစ်ကာလမှာ အကြွေးထိတာနဲ့ ဒီကာလ စားဝတ်နေရေး ခက်ခဲ ပါတယ်။ KNU က သူတို့တစ်ပိုင်တစ်နိုင်နဲ့ ဆန်လာထောက်ပံ့ပေးတာ အများကြီးဝမ်းသာတယ်”ဟု ပြောသည်။

ဝင်းရေးမြို့နယ် တောင်ညိုတောင်တန်း အနောက်ဘက်ခြမ်း ကျေးရွာများနှင့် အရှေ့ဘက်ခြမ်း သဘာဝ၊ မက္ကသ၊ ဆင်တဲ ကျေးရွာ အုပ်စုများရှိ ကျေးရွာအသီးသီးကို ဒူးပလာယာခရိုင် ဌာနတာဝန်ရှိသူများနှင့် KNLA တပ်ရင်း ၁၆ မှ တာဝန်ရှိသူတို့ စုပေါင်းပြီး ဆန်၊ ဆီ၊ ဆားများ ထောက်ပံ့ခဲ့ကြောင်း ၎င်းတို့အဖွဲ့က ပြောသည်။

May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...
Photo crd : CJ
May 22, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို-တောင်ငူလမ်းတွင် ပြီးခဲ့သည့် မေလ(၁၉)ရက်၊ ညအချိန်က...
CJ (ပုံဟောင်း)
May 21, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်ရှိ...