ကရင်ကိုချစ်သော်လည်း ကရင်ပါတီကိုမဲမပေးဟု ပြောဆိုနေသူများသည် နိုင်ငံရေးအသိသေးသိမ်သူများသာဖြစ်သည်ဟု KNDP ပြော

ကရင်ကိုချစ်သော်လည်း ကရင်ပါတီကိုမဲမပေးဟု ပြောဆိုနေသူများသည် နိုင်ငံရေးအသိသေးသိမ်သူများသာဖြစ်သည်ဟု KNDP ပြော

စောရှား — ကရင်ကိုချစ်သော်လည်း ကရင်ပါတီကို မဲမပေးဟု ပြောဆိုနေသည့် အချို့ကရင်များသည် နိုင်ငံရေးအသိသေးသိမ်သူများသာဖြစ်ကြောင်း ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ-KNDP မှ လွှတ်တော်ကိုယ်စားလှယ်လောင်း စောညွန့်သောင်းက ပြောဆိုလိုက်သည်။

ဖားအံမြို့၊ တော်ဝင်ရတနာဟိုတယ်၌ အောက်တိုဘာ ၁၀ ရက်တွင် ပြုလုပ်သော KNDP ၏ အောင်လံအပ်နှင်းပွဲနှင့်သတင်းစာရှင်းလင်းပွဲတွင် ကြာအင်းဆိပ်ကြီးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ဝင်ရောက်ယှဉ်ပြိုင် မည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း စောညွန့်သောင်းက ပြောဆိုလိုက်ခြင်းလည်းဖြစ်သည်။

၎င်းက “ကရင်ပြည်နယ်ကိုချစ်လို့၊ ကရင်ကိုချစ်လို့ ကရင်ပါတီကို မဲပေးဖို့ အချိန်မတန်သေးဘူးလို့ ပြောတာ ဒါ ဘယ်လိုမှ လက်ခံလို့မရတဲ့ စကားပေါ့နော်။ အဲဒီလိုပြောတဲ့လူတွေဟာ နိုင်ငံရေးအသိအမြင် တော်တော်လေး ကို တိမ်တယ်။ ဒါကြောင့် ကရင်ပြည်နယ်မှာ ကရင်အစိုးရဖွဲ့နိုင်ဖို့ဆိုရင် ကရင်ပါတီကို မဲများများ ပေးနိုင်ဖို့ လို အပ်ပါတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် တပါးသူကို မဲပေးလိုက်ခြင်းအားဖြင့် မိမိတို့ လူမျိုးကို သူတစ်ပါး လက်အောက်သို့ သွတ်သွင်းပေး သ လို ဖြစ်နေသည့်အတွက် မိမိတို့ လူမျိုးလည်း ခေါင်းထောင်နိုင်တော့မည်မဟုတ်ကြောင်း စောညွန့်သောင်းက ထပ်လောင်းပြောဆိုသည်။

ကရင်ပါတီ အနိုင်ရရှိပါက စစ်အာဏာရှင်များနှင့် ပြန်လည် ပူးပေါင်းကာ အာဏာရှင်စနစ်ကို ပြန်လည် အသက် သွင်းမည်ဖြစ်သည့်အတွက် ကရင်ပါတီအားမဲမပေးရန် ယခုလပိုင်းအတွင်း လူမှုကွန်ရက် Facebook တွင် လူတချို့မှလှုံ့ဆော် ရေးသားဝေဖန်တိုက်ခိုက်နေမှုများ ထွက်ပေါ်လျက်ရှိသည်။

ထိုဝေဖန်တိုက်ခိုက်မှုများအပေါ် KNDP အနေဖြင့် အမျိုးသားတန်းတူရေးနှင့်ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံ သောပြည်နယ်များနှင့်ဖွဲ့စည်းသည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်သွားမည်ဟုသာ မူဝါဒချမှတ်ထားကြောင်း ပါတီဖက်မှတုံ့ပြန်ပြောဆိုထားသည်။

KNDP လွှတ်တော်ကိုယ်စားလှယ်လောင်းများသို့ ရွေးကောက်ပွဲ အောင်နိုင်ရေး အောင်လံ အပ်နှင်းပွဲနှင့်သတင်းစာရှင်းလင်းပွဲ၌ ကိုယ်စားလှယ်လောင်းများ၊ ပါတီဝင်များ၊ ကရင်လူငယ် ကွန်ရက်(KYN) အဖွဲ့ဝင်များ၊ ပြည်နယ်အခြေစိုက်မီဒီယာသမားများ ၃၀ ဦးကျော် တက်ရောက်ခဲ့သည်။  

၂၀၂၀ ရွေးကောက်ပွဲအတွက် ပြည်နယ်အခြေစိုက်ပါတီများပူးပေါင်းထားသည့် KNDP သည် ဗမာတိုင်းရင်းသား ရေးရာနေရာအပါအဝင် ကရင်ပြည်နယ်ရှိ ဖားအံ၊ ကြာအင်းဆိပ်ကြီး၊ လှိုင်းဘွဲ၊ ကော့ကရိတ်၊ ဖာပွန်၊ မြဝတီ စ သည့် ၆ မြို့နယ်စလုံးတွင် ကိုယ်စားလှယ်လောင်း ၃၀ ဦးဖြင့် နေရာပြည့် ယှဉ်ပြိုင်သွားမည် ဖြစ်သည်။

ရန်ကုန်အခြေစိုက်ဖြစ်သည့် ကရင်ပြည်သူ့ပါတီ-KPP မှ ကျန်ရှိသည့် သံတောင်ကြီးမြို့နယ်၌ နေရာပြည့်နှင့် ဖာပွန်မြို့နယ်၊ ပြည်နယ်လွှတ်တော်အမှတ်(၂) မဲဆန္ဒနယ်တွင်တစ်နေရာယှဉ်ပြိုင်သွားမည်ဟုလည်းသိရ သည်။

May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...
Photo crd : CJ
May 22, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို-တောင်ငူလမ်းတွင် ပြီးခဲ့သည့် မေလ(၁၉)ရက်၊ ညအချိန်က...
CJ (ပုံဟောင်း)
May 21, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်ရှိ...