ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းအရ ရန်ကုန်ကရင်ရေးရာအတွက် ကရင်မဲဆန္ဒရှင် ၂၃၀,၀၀၀ ကျော်ရှိ

ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းအရ ရန်ကုန်ကရင်ရေးရာအတွက် ကရင်မဲဆန္ဒရှင် ၂၃၀,၀၀၀ ကျော်ရှိ

စဖန်းရှောင်း — နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်မဲဆန္ဒနယ် ကရင်တိုင်းရင်းသားလူမျိုးရေးရာအတွက် မဲပေးခွင့်ရှိသူ ကရင်မဲဆန္ဒရှင်ပေါင်း ၂၃၆,၁၃၅ ဦးရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၏ ထုတ်ပြန်ထားမှုများအရ သိရသည်။

အဆိုပါ အရေအတွက်စာရင်းမှာ ရန်ကုန်တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများမှ အောက်တိုဘာလ ၁ ရက်နေ့က ထပ်မံထုတ်ပြန်ထားသည့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်ပေါင်း ၄၅ မြို့နယ်မှ (ကရင်၊ ရခိုင်)မဲဆန္ဒရှင်စာရင်းများ ဖြစ်သည်။

ထုတ်ပြန်ထားမှုများအရ ရန်ကုန်တိုင်းဒေသကြီး မဲရုံအရေအတွက်အားဖြင့် ၅၆၈ ရုံရှိပြီး တိုင်းဒေသကြီး လွှတ် တော်မဲဆန္ဒနယ် ကရင်တိုင်းရင်းသားလူမျိုးရေးရာအတွက် မဲပေးခွင့်ရှိသူများမှာ မြောက်ပိုင်းခရိုင် (၉) မြို့နယ် တွင် ၁၁၃,၂၀၀ ဦး၊ အရှေ့ပိုင်း( ၁၄)မြို့နယ်တွင် ၂၉,၃၄၃ ဦး၊ တောင်ပိုင်း(၁၀)မြို့နယ်တွင် ၆၉, ၀၂၃ဦး၊ အ နောက်ပိုင်း (၁၂)မြို့နယ်တွင် ၂၄,၅၆၉ ဦးတို့ဖြစ်သည်။

ထို့အပြင် ရန်ကုန်တိုင်တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၏ ထုတ်ပြန်ထားမှုများအရ ကရင်တိုင်း ရင်းသားလူမျိုးရေးရာအတွက် မဲပေးခွင့်ရှိသူ ကရင်မဲဆန္ဒရှင်ပေါင်း ၂၃၆,၁၃၅  ဦးရှိရာတွင် ကရင်မဲဆန္ဒရှင်အမျိုးသား ၁၀၈,၆၂၆ နှင့် အမျိုးသမီး ၁၂၇,၅၁၁ တို့ပါဝင်သည်ဟု သိရသည်။

ထို့အတူ တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ် တိုင်းရင်းသားလူမျိုးရေးရာတွင် ရန်ကုန်တိုင်း ဒေသကြီးတွင် ကရင်နှင့် ရခိုင် ၂ ခုသာရှိသဖြင့် လာမည့် ၂၀၂၀ ရွေးကောက်ပွဲ ရခိုင်တိုင်းရင်းသားရေးရာအတွက် ရန်ကုန်တွင် ရခိုင်လူမျိုးမဲဆန္ဒရှင်ပေါင်း ၁၁၀,၉၄၇ ဦးရှိသည်ဟု ထုတ်ပြန်ထားမှုများအရ သိရသည်။

မဲဆန္ဒရှင်များ၏ တောင်းဆိုမှု၊ ပြင်ဆင်မှုဖြည့်စွက်မှုများအရ ထပ်မံစိစစ်ပြုစုထားသည့် မဲဆန္ဒရှင်စာရင်းများကို ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများနှင့် ရပ်ကွက်ကျေးရွာ အောက်တိုဘာလ ၁ရက်နေ့မှစတင်ကာ အောက်တို ဘာလ ၁၄ ရက်နေ့အထိ နောက်ဆုံးအကြိမ် ထမ်မံကပ်ထားကြေညာမည်ဖြစ်ကြောင်း သိရသည်။

May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...
Photo crd : CJ
May 22, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို-တောင်ငူလမ်းတွင် ပြီးခဲ့သည့် မေလ(၁၉)ရက်၊ ညအချိန်က...
CJ (ပုံဟောင်း)
May 21, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်ရှိ...