မြဝတီမြို့ရှိ ကိုဗစ်လူနာ(၃) ဦး ရောဂါပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရသော်လည်း အမှုဆက်ရင်ဆိုင်ရမည်

မြဝတီမြို့ရှိ ကိုဗစ်လူနာ(၃) ဦး ရောဂါပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရသော်လည်း အမှုဆက်ရင်ဆိုင်ရမည်

နေနော် — ကရင်ပြည်နယ် မြဝတီခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ကုသမှုခံယူနေသော ရန်ကုန်ပြန် Covid-19 အတည်ပြုလူနာ (၃)ဦးမှာ ရောဂါပျောက်ကင်းကာ ယခုရက်ပိုင်းအတွင်း ဆေးရုံမှဆင်းခွင့်ရသော်လည်း ၎င်းတို့အား မြဝတီ မြို့မရဲ စခန်းတွင် (ပ)၅၀၉/၂၀၂၀ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅/၃၀(က) ဖြင့် အမှုဖွင့်ထား၍ အမှုဆက်ရင်ဆိုင်ရဦးမည်ဖြစ်ကြောင်း သိရသည်။  

မြဝတီခရိုင်ပြည်သူ့ဆေးရုံတွင် ကိုဗစ်အတည်ပြုလူနာ ၄ ဦးရှိသည့်အနက် ရန်ကုန်မြို့တွင် ဆေးဝါးကုသ၍ ပြန်လာသည့် မြဝတီဆေးရုံတွင် အသွားအလာကန့်သတ်ထားသူ အသက် ၃၇နှစ်အရွယ် အမျိုးသားမှာ ကင်ဆာ ရောဂါအခံဖြင့် ကွယ်လွန်သွားပြီဖြစ်ပြီး ကျန်လူနာ ၃ ဦးကလည်း ရောဂါပိုးကင်းစင်သွားပြီဖြစ်၍ ယခုရက်ပိုင်းအတွင်း ဆေးရုံမှဆင်းခွင့်ရကြမည်ဟု မြဝတီခရိုင် ဆေးရုံအုပ် ဒေါက်တာနန္ဒဝင်းက ပြောသည်။

“ဒီနေ့ အောက်တိုဘာလ ၇ ရက်နေ့မှာ လူနာအမှတ် case.9132 မြဝတီမြို့ အမှတ်(၄)ရပ်ကွက် ဇနကလမ်းက အသက်(၂၁)နှစ်အရွယ်  အမျိုးသားတစ်ဦးဆေးရုံက ဆင်းခွင့်ရပြီးဖြစ်သလို မနက်ဖြန် (၈)ရက်နေ့မှာလည်း လူနာအမှတ် case 10473 သင်္ကန်းညီနောင် မြို့သစ် ၇ လမ်းက အသက်(၄၇)နှစ်အရွယ် အမျိုးသမီးတစ်ဦးကို လည် ရောဂါပိုးကင်းစင်ပြီးဖြစ်၍ ဆေးရုံက ဆင်းခွင့် ပြုသွားမယ်” ဟု ဒေါက်တာနန္ဒဝင်းက အတည်ပြု ပြော သည်။

ထို့အပြင် ကျန်သည့် လူနာအမှတ် Case 11308 အသက် ၅၆ နှစ်အရွယ်အမျိုးသား ၁ ဦးလည်း ရောဂါပိုး ကင်းစင်၍ လာမည့် အောက်တိုဘာ ၁၀ရက်နေ့တွင် ဆေးရုံမှ ဆင်းခွင့်ပြုရန် လျာထားကြောင်းလည်း တာဝန်ရှိသူ များက ပြောသည်။

အဆိုပါ ကိုဗစ် အတည်ပြုလူနာဖြစ်ခဲ့သူ ၃ဦးမှာ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များကို မလိုက်နာသည့် အ တွက် တည်ဆဲ ဥပဒေနှင့်အညီ အရေးယူနိုင်ရန် ဆောင်ရွက်နေသည်ဟု မြဝတီခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ပြောဆိုခဲ့သည်။

Stay At Home အဖြစ် သတ်မှတ်ထားသော ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်များမှ မြဝတီမြို့ကို အသီးသီး ဝင်ရောက်လာသော်လည်း သက်ဆိုင်ရာသို့ သတင်းပေးရန်ပျက်ကွက်သဖြင့် ယင်းတို့နှင့် ထိတွေ့သူ (contact persons ၇၀ )ခန့် ရှိခဲ့၍ ၎င်းတို့ (၃)ဦးအား မြဝတီမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတာဝန်ရှိသူက တရား လိုပြုလုပ်၍ မြဝတီမြို့မရဲစခန်းတွင် အောက်တိုဘာလ ၃ ရက်နေ့က (ပ)၅၀၉/၂၀၂၀ သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ၂၅/၃၀(က)ဖြင့် အမှုဖွင့်ထားခြင်းဖြစ်သည်ဟု သိရသည်။

May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...
Photo crd : CJ
May 22, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို-တောင်ငူလမ်းတွင် ပြီးခဲ့သည့် မေလ(၁၉)ရက်၊ ညအချိန်က...
CJ (ပုံဟောင်း)
May 21, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်ရှိ...