ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ဆက်လက်ပါဝင်လာနိုင်ရန် ကရင်အရပ်ဘက်အဖွဲ့များ စကားဝိုင်း ဆွေးနွေး

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ဆက်လက်ပါဝင်လာနိုင်ရန် ကရင်အရပ်ဘက်အဖွဲ့များ စကားဝိုင်း ဆွေးနွေး

စောရှား — ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ကရင်ပြည်နယ်ရှိ အရပ်ဘက်လူမှုအဖွဲ့အစည်း(CSOs)များ ဆက်လက် ပါဝင်လာနိုင်ရန်အတွက် ငြိမ်းချမ်းရေးဆိုင်ရာ စကားဝိုင်းအစီအစဉ်တစ်ခုကို ကရင်ပြည်နယ် အရပ်ဘက်လူမှုအဖွဲ့အစည်းများကွန်ရက် (KSCN)က အောက်တိုဘာလ ၁ရက်နေ့တွင် စတင် ပြုလုပ်ခဲ့သည်။

Covid-19 ကပ်ရောဂါကာလဖြစ်သောကြောင့် ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး ကရင်အရပ်ဘက် လူမှုအဖွဲ့အစည်းများအ ကြားတွင် Online (Zoom)ဖြင့် ပထမဦးဆုံးအကြိမ်ပြုလုပ်သော တွေ့ဆုံပွဲလည်းဖြစ်သည်ဟု ပြည်နယ်အခြေစိုက် ကရင်ရေးရာကော်မတီ အတွင်းရေးမှူး စောကျော်စွာက ယခုလို ပြောသည်။

“ကရင်ပြည်နယ် အရပ်ဘက်အဖွဲ့တွေဟာ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဘယ်လိုဆက်လက်ပါဝင်ရင် ကောင်းမလဲဆိုတာကို ဆွေးနွေးကြရင်းနဲ့ ကရင်ပြည်နယ်မှာ ငြိမ်းချမ်းရေးဆိုင်ရာ အခက်အခဲ အမြောက်အများကြီး ပေါ်လာမယ်။ အဲထဲကမှ ဦးစားပေးဖြစ်စဉ်တစ်ခုကို ဆက်လက်ဆွေးနွေးသွားမှာဖြစ်တယ်။”ဟု စောကျော်စွာမှ ကေအိုင်စီသို့ ပြောသည်။

အဆိုပါ Online ဆွေးနွေးပွဲတွင် ၇မြို့နယ်ရှိ အရပ်ဘက်လူမှုအဖွဲ့အစည်း ၂၀ကျော်မှ ကိုယ်စားလှယ်ပေါင်း ၄၀ဦးခန့်က မိမိတို့ အဖွဲ့အစည်း၏ လုပ်ငန်းစဉ်များကို ပါဝင်ဆွေးနွေး ဖလှယ်ပေးခဲ့ကြသည်။

ဆွေးနွေးပွဲ အကျိုးဆောင်ပေးသူ လူမှုရေးရာသုတေသနအဖွဲ့(RISE) တာဝန်ခံ နန်းမြသီတာက “ဒီဆွေးနွေးပွဲကနေ ကိုယ့်အချင်းချင်း(CSOs)ကြား ကရင်ပြည်နယ်ရဲ့ အခြေအနေကို နားလည်ထားတယ်ဆိုတဲ့ အဆင့်ပဲ ရမယ်ထင်တယ်။ ဥပမာ KESAN(CSO အမည်)က ဘာလုပ်လဲ။ KHRG က ဘာလုပ်လဲ။ KDN က ဘာလုပ်လဲဆိုတာ ကျမတို့ မသိနေကြ ဘူးလေ။ ဘာလုပ်လဲဆိုတာ ပိုနားလည်မှ အမြင်တွေက ပိုရှင်းလာမယ်။ နောက်တဆင့် ဆက်သွားလို့ရမယ်။”ဟု ပြော သည်။

အောက်တိုဘာ ၂ရက်နေ့အထိ ပြုလုပ်မည့် နှစ်ရက်တာ Online တွေ့ဆုံပွဲ၌ CSO များ၏ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် သမားရိုးကျနှင့် သမားရိုးကျမဟုတ်သော ပါဝင်ပူးပေါင်းမှု အခြေအနေများကို တင်ပြခြင်း၊ ကြုံတွေ့နေရသော အခက်အ ခဲများကို တင်ပြဆွေးနွေးခြင်းနှင့် အမေးအဖြေ ကဏ္ဍတို့ကို ပြုလုပ်သွားခဲ့သည်။

၂၀၁၂ခုနှစ်နောက်ပိုင်းမှစ၍ ကရင်ပြည်အရပ်ဘက်လူမှုအဖွဲ့အစည်းများ(CSOs) အချင်းချင်း ငြိမ်းချမ်းရေးနှင့် ပတ်သက် သော တွေ့ဆုံပွဲများကို online မဟုတ်ဘဲ အစည်းအဝေးခေါ်ကာ နှစ်စဉ် ပုံမှန် ကျင်းပခဲ့ကြသည်ဟု သိရသည်။

May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...
Photo crd : CJ
May 22, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို-တောင်ငူလမ်းတွင် ပြီးခဲ့သည့် မေလ(၁၉)ရက်၊ ညအချိန်က...
CJ (ပုံဟောင်း)
May 21, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်ရှိ...