ဧရာဝတီ ကရင်လူငယ်ကော်မတီမှ ကရင်ပါတီ မဲဆွယ်စည်းရုံးရေးများအတွက် ကူညီမှုများစတင်

ဧရာဝတီ ကရင်လူငယ်ကော်မတီမှ ကရင်ပါတီ မဲဆွယ်စည်းရုံးရေးများအတွက် ကူညီမှုများစတင်

နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် ဧရာဝတီတိုင်း ဒေသကြီးအတွင်း ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကရင်ပါတီများ၏ မဲဆွယ်စည်းရုံးရေးလုပ်ငန်းများတွင် ဧရာဝတီကရင်လူငယ်ယာယီ ကော်မတီမှလူငယ်များပါဝင်ကာ ကူညီဆောင်ရွက်မှုများပြု လုပ်နေပြီဖြစ်ကြောင်း သိရသည်။

ကရင်ပါတီများအား ကူညီပေးမည့်အရေးကိစ္စများနှင့်ပတ်သက်၍ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်များအတွင်း ကျင်းပခဲ့ ကြသည့် ဧရာဝတီတိုင်းဒေသကြီး ကရင်လူငယ်နှီး နှောဖလှယ်ပွဲများမှ ရရှိလာသည့် သဘောထားဆုံးဖြတ်ချက် များအတိုင်း ဧရာဝတီကရင်လူငယ်ယာယီကော်မတီမှ ဆက်လက်အကောင်အထည် ဖော်လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု ယင်းယာယီကော်မတီမှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ စထွဋ်ဝေအောင်က ပြောသည်။

“ဒီ ၂၀၂၀ အတွင်းနဲ့ ၂၀၂၀ ရွေးကောက်ပွဲအလွန်မှာ ကရင်ပါတီတွေနဲ့အတူ ဧရာဝတီတိုင်းမှာရှိတဲ့ ကရင် လူငယ်တွေအနေနဲ့  ကရင့်အရေးအရာနဲ့ကရင်အမျိုးသားရေး၊ နိုင်ငံရေးကို ပိုမိုမြှင့်တက်လာအောင်ကူညီမယ်ဆိုတဲ့ သဘောထားဆုံးဖြတ်ချက်ချထားတဲ့အတိုင်း ဒီအနေအထားကို ကူညီပေးတာဖြစ်ပါ တယ်”ဟု ပြောသည်။

အဆိုပါ ဧရာဝတီကရင်လူငယ်ယာယီကော်မတီကို မအူပင်၊ မြောင်းမြ၊ ဖျာပုံ၊ ဟင်္သတ၊ ပုသိမ်စသည့် ခရိုင်များ အတွင်း ဖွဲ့စည်းထားရှိပြီး ကရင်ပါတီများ ဝင်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်များနှင့် နီးစပ်သည့်ကရင်လူငယ် များမှပါဝင်ကာ ကူညီဆောင်ရွက်နေခြင်းလည်းဖြစ်သည်။

ထိုသို့လုပ်ဆောင်ရာတွင် ကရင်ပါတီများအတွက် ပြည်သူလူထုထံမဲပေးပုံပေးနည်းအသိပညာပေးခြင်း၊ Cam paign Message များပြုလုပ်ပေးခြင်း၊ ရွေးကောက်ပွဲဝင်ကိုယ်စားလှယ်လောင်းများအား အွန်လိုင်းစကားဝိုင်း များပြုလုပ်ပေးခြင်းအပြင် အွန်လိုင်းမှတစ်ဆင့် ကိုယ်စားလှယ်လောင်းများအပေါ် ကရင်လူထု၏အမြင် သဘောထား စစ်တမ်းကောက်ယူခြင်းများကို လုပ်ဆောင်ပေးနေသည်ဟု သိရသည်။

“ ခရိုင်အလိုက်ကူညီဖို့ဖွဲ့ထားလူငယ်တွေအနေနဲ့ သူတို့နဲ့သက်ဆိုင်တဲ့ခရိုင်မှာရှိတဲ့ ကရင်ပါတီကိုပဲ ကူညီဖြစ် တဲ့ ပုံစံဖြစ်တော့ တဖက်ကကျန်တဲ့ကရင်ပါတီကိုကူညီရာမှာ အားနည်းတဲ့ပုံစံလေးတော့ဖြစ်သွားတယ်။ ကရင် လူငယ်တွေအနေနဲ့နှစ်ဖက်မျှပြီးကူညီကြဖို့ပေါ့။ နောက်ပြီး ကိုဗစ်ကာလဖြစ်တဲ့အတွက် အောင်မြင်သင့်သ လောက်မအောင်မြင်ဘူးပေါ့။ အဓိကကတော့ ကိုဗစ်ကြောင့်လူငယ်တွေ စုစည်းလို့ မရတဲ့အခက်အခဲလည်း ပါတယ်” ဟု မြောင်းမြကရင်လူငယ်တစ်ဦးက ပြောဆိုသည်။

ထို့အပြင် ဧရာဝတီတိုင်းဒေသကြီးအတွင်း ကရင်ပါတီ ၂ ခုဝင်ရောက်ယှဉ်ပြိုင်ခြင်း၊ အချို့နေရာများတွင် မဲဆန္ဒနယ်ထပ်သည့်အတွက် ကရင်လူထုအပေါ် ဝေဝါးရှုပ်ထွေးမှုများဖြစ်ပေါ်စေသည့်အပြင် မဲဆွယ်စည်းရုံးရေးလုပ်ငန်းများ ကူညီလုပ်ဆောင်ရာတွင်လည်း အခက်အခဲများဖြစ်ပေါ်စေဟု ၎င်းက ဆက်ပြောသည်။

လာမည့် နိုဝင်ဘာလ ၈ ရက်နေ့ အထွေထွေ ရွေးကောက်ပွဲတွင် ကရင်ပါတီများဖြစ်သည့် ကရင်ပြည်သူ့ပါတီ -KPP နှင့် ကရင်အမျိုးသားပါတီ -KNP တို့မှ ကိုယ်စားလှယ်လောင်းများဝင် ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ဧရာ၀တီတိုင်းဒေသကြီးအတွင်း KPP မှ ၃၁ ဦးနှင့် KNP မှ ၈ ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်ဟု ကရင်ပါ တီများ၏ ထုတ်ပြန်ထားမှုများအရ သိရသည်။

May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...
Photo crd : CJ
May 22, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို-တောင်ငူလမ်းတွင် ပြီးခဲ့သည့် မေလ(၁၉)ရက်၊ ညအချိန်က...
CJ (ပုံဟောင်း)
May 21, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်ရှိ...