လူနှစ်ဦးကို သတ်ဖြတ်သူ လူတစ်စုကို KNU က ဖမ်းဆီးအရေးယူထား

လူနှစ်ဦးကို သတ်ဖြတ်သူ လူတစ်စုကို KNU က ဖမ်းဆီးအရေးယူထား

ကရင်ပြည်နယ်၊ ဖားအံခရိုင် ၊ ပိုင်ကျုံ(လှိုင်းဘွဲ)မြို့နယ်၊ သေ့မော်ကလူ့အုပ်စုတွင် ပြီးခဲ့သည့် ရက်ပိုင်းက ဖြစ်ပွားခဲ့သည့် လူနှစ်ဦးအား သတ်ဖြတ်ခဲ့သည့် လူတစ်စုကို လက်ရှိအချိန်တွင် ဖမ်းဆီးအရေးယူထားပြီဟု နယ်မြေခံ KNU -ကရင်အမျိုးသားအစည်းအရုံးမှ တာဝန်ရှိသူတစ်ဦးက စက်တင်ဘာ ၉ ရက်နေ့ ကေအိုင်စီသို့ ပြောသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် စက်တင်ဘာလ ၁ ရက်နေ့က နွားအငှားလာရောက်ပို့ဆောင်ကြသည့် မယ်ပလာခံ ရွာသားနှစ်ဦးအား ဒေသအခေါ် လယ့်ကဆောနေရာအရောက်တွင် အဆိုပါ လူအုပ်စုက ဖမ်းဆီးချုပ်နှောင်ပြီး မသေမချင်း သတ်ဖြတ်သွားခြင်းဖြစ်သည်ဟု ၎င်းတာဝန်ရှိ သူက ယခုလို ပြောသည်။

၎င်းက “အဲဒီလူ ၂ယောက်၊ နွားအငှားလိုက်ပို့တဲ့သူတွေပါ။ လယ့်ကဆောနေရာအရောက်မှာ အဲဒီလူအုပ်စုက ဖမ်းဆီးပြီး ဘာမပြော၊ ညာမပြောနဲ့ သူတို့ကို ရှင်းပစ်လိုက်တာ။ ဘာကြောင့် ဒီလို ရက်ရက်စက်စက် လုပ်ရတာလဲဆိုတာက ကျနော်တို့လည်း ခုထိ မသိရသေးဘူး။  အခု ကျူးလွန်သူတွေကို ဖမ်းဆီးအရေး ယူထားပါတယ်။”ဟု ပြောသည်။

ယင်းသို့ သတ်ဖြတ်မှုအထိ ကျူးလွန်ရသည့် အကြောင်းရင်းနှင့် ယင်းအမှုကို ညွှန်ကြားစေခိုင်းသူမှာ မည်သူဖြစ်သည်ကိုလည်း ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး ဖြစ်စဉ်အသေးစိတ် ဖော်ထုတ်နိုင်ပါက တရားဝင် ထုတ်ပြန်သွားမည်ဟုလည်း အဆိုပါ ကေအဲန်ယူ တာဝန်ရှိသူက ပြောသည်။

၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ ဖေ့စ်ဘွတ်လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ထွက်ပေါ်လာသည့် ရုပ်သံ မှတ်တမ်းတစ်ခုအရ လက်ထိတ်ဖြင့် လက်နောက်ပြန်ခတ်ကာ မှောက်လျက်သား အရပ်ဝတ်လူ ၂ဦးအား လူအုပ်စုတစ်စုက ရိုက်နှက်၊ ကန်ကျောက်ပြီး ဦးခေါင်း၊ လည်ပင်းနှင့် နံကြားနေရာများကို ဓားမြောင်ဖြင့် အခါခါ ထိုးသွင်းမှုများ လုပ်ဆောင်ကြသည်ကို တွေ့မြင်ရသည်။  

ထိုအမှုအခင်းကို ဖော်ထုတ်ရန် ကေအဲန်ယူမှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၊ ဖားအံ ခရိုင် ဥက္ကဋ္ဌ၊ အတွင်းရေးမှူး အဖွဲ့ဝင်များနှင့် နယ်မြေခံ တာဝန်ရှိသူများ ပါဝင်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့ တစ်ဖွဲ့ကိုလည်း ဖွဲ့စည်းထားသည်ဟု သိရသည်။

May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...
Photo crd : CJ
May 22, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို-တောင်ငူလမ်းတွင် ပြီးခဲ့သည့် မေလ(၁၉)ရက်၊ ညအချိန်က...
CJ (ပုံဟောင်း)
May 21, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်ရှိ...