ကရင်အမျိုးသား အာဇာနည်နေ့ကျင်းပသည့်အတွက် ပါဝင်သူ ၃ ဦး ထောင် ၁၅ ရက်ချ

ကရင်အမျိုးသား အာဇာနည်နေ့ကျင်းပသည့်အတွက် ပါဝင်သူ ၃ ဦး ထောင် ၁၅ ရက်ချ

နှစ် ၇၀ ပြည့် ကရင်အမျိုးသား အာဇာနည်နေ့ကို ရန်ကုန်မြို့လယ်၊ မဟာဗန္ဓုလပန်းခြံရှေ့၌ ဩဂုတ် ၁၂ ရက်နေ့တွင် ကျင်းပခဲ့သည့်အပေါ် အစိုးရက ငြိမ်း၊ စု၊ စီ ပုဒ်မ ၂၀ ဖြင့် တရားစွဲခံရသည့် စသိန်းဇော်မင်း စောဆာကွာလာ နှင့် မစိန်ထွေးတို့ကို ကျောက်တံတားမြို့နယ်၊ တရားရုံးက ထောင် ၁၅ ရက်စီ ချမှတ်လိုက်သည်။

အဆိုပါ ၃ ဦးကို ရန်ကုန်တိုင်းဒေသကြီး၊ ရဲတပ်ဖွဲ့မှူးရုံး၏ ညွှန်ကြားချက်အရ ကျောက်တံတား မြို့နယ် ရဲတပ်ဖွဲ့မှ ရဲမှူး မျိုးသက်က တရားလိုပြု၍ ဩဂုတ် ၂၄ ရက်နေ့တွင် ကျောက်တံတားမြို့နယ်တရားရုံး၌ စတင်တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာ ၈ ရက်နေ့တွင် ယခုလို အပြီးသတ် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

“ အခုလို ထောင်ချလိုက်တာ၊ ဖိနှိပ်တာ၊ ခြိမ်းခြောက်တာတွေရှိပေမဲ့လည်း ကျနော်ကတော့ ကရင့်အာဇာနည်နေ့ကို ဆက်လုပ်သွားမှာပဲ” ဟုစသိန်းဇော်မင်းက ကေအိုင်စီသို့ ပြောသည်။

ယခုလို ထောင် ၁၅ ရက်စီ ချမှတ်ခံရသော်လည်းချုပ်ရက်များကို ထုတ်နုတ်လိုက်သည့်အတွက် သုံးဦးစလုံး ပြန်လွှတ်မြောက်လာပြီး ဖြစ်ကြောင်း ကေအိုင်စီ သတင်းထောက်က သတင်းပေးပို့သည်။

ရန်ကုန်မြို့လယ်၊ မဟာဗန္ဓုလ ပန်းခြံရှေ့တွင် ဩဂုတ်လ ၁၂ ရက်နေ့တွင် ကျရောက်သည့် နှစ် ၇၀ ပြည့် ကရင် အမျိုးသား အာဇာနည်နေ့ ကျင်းပရန် စီစဉ်သူများက ကျောက်တံတားမြို့နယ်၊ ရဲစခန်းသို့ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေအရ တရားဝင်တင်ပြခဲ့ရာ၊ ကိုဗစ်ကာကွယ်ရေးဆိုင်ရာ စည်းကမ်း များနှင့်အညီ နံနက် ၈ နာရီမှ ၂ နာရီထိ  ပြုလုပ်ရန် သက်ဆိုင်ရာက ပြောဆိုခဲ့ကြောင်း စီစဉ်သူများထံမှ သိရ သည်။

သို့သော် အခမ်းအနားကျင်းပနေစဉ် နေ့လည် ၁၁ နာရီတွင် အစီအစဉ် ရုပ်သိမ်းရန် ရဲတပ်ဖွဲ့က ဖိအားပေးခဲ့ရာ ရုန်းရင်းဆန်ခတ် အချင်းများမှု ဖြစ်ခဲ့ပြီး ဦးဆောင်သူ စသိန်းဇော်မင်းနှင့် စောဆာကွာလာတို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ထို့နောက် ကိုယ်တိုင်ခံဝန်ဖြင့် ရဲစခန်းက ပြန်လွှတ်ပေးခဲ့ပြီးနောက် တရားစွဲခဲ့ခြင်း ဖြစ်သည်။

မစိန်ထွေးကိုမူယခင်နှစ်က ၆၉ နှစ်မြောက် ကရင်အာဇာနည်နေ့ ကျင်းပမှုကြောင့်တရားစွဲခဲ့ရသည့် သူများကို လာရောက်ဝန်းရံခဲ့သည့် ဖြစ်စဉ် အပေါ် တရားစွဲထားခြင်းဖြစ်သည်။ ထို့နောက် နှစ် ၇၀ ပြည့် ကရင်အမျိုးသား အာဇာနည်နေ့အခမ်းအနားသို့ လာရောက်ဂါဝရပြု သဝဏ်လွှာ ဖတ်ကြားပြီးနောက် ရဲတပ်ဖွဲ့က ယခင်နှစ် ဖြစ်စဉ်အတွက် တရားရင်ဆိုင်ရန် ဖမ်းဆီးခဲ့ပြီးနောက် ထောင် ၁၅ ရက်ချမှတ်ခဲ့သလို ယခုနှစ်ဖြစ်စဉ်အတွက် ထပ်မံတရားစွဲခဲ့ရ ခြင်းဖြစ်သည်။

ရန်ကုန်မြို့တွင် ကရင်အမျိုးသားအာဇာနည်နေ့ ကျင်းပသည့် အတွက် ယခင်နှစ်က နော်အုန်းလှ၊ စသိန်းဇော်မင်းနှင့် စောအဲလ်ဘတ်ချိုတို့ကို အစိုးရက ထောင် ၁၅ ရက်စီ ချမှတ်ခဲ့ပြီး အလားတူ ယခုနှစ်တွင်လည်းနှစ်နှစ်ဆက် ထောင် ၁၅ ရက်ချမှတ်ခံရခြင်းဖြစ်သည်။ 

May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...
Photo crd : CJ
May 22, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို-တောင်ငူလမ်းတွင် ပြီးခဲ့သည့် မေလ(၁၉)ရက်၊ ညအချိန်က...
CJ (ပုံဟောင်း)
May 21, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်ရှိ...