ထိုင်း နယ်စပ်ရှိ မြန်မာရွှေ့ပြောင်းကျောင်းများ ဖွင့်လှစ်နိုင်ရန် စီစဉ်နေ

ထိုင်း နယ်စပ်ရှိ မြန်မာရွှေ့ပြောင်းကျောင်းများ ဖွင့်လှစ်နိုင်ရန် စီစဉ်နေ

စအိုင်ဆူး— ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် ထိုင်းနိုင်ငံဘက်ခြမ်းရှိ မြန်မာရွှေ့ပြောင်းကျောင်းများကို သတ်မှတ်ထားသည့် စည်းကမ်း ချက်များနှင့်အညီ ဖွင့်လှစ်နိုင်ရန် နယ်စပ်ပညာရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် ထိုင်းအာဏာပိုင်များ ပူးပေါင်း၍ စီစဉ်လျက် ရှိကြောင်း သိရသည်။

ရွှေ့ပြောင်းပညာရေး ပူးပေါင်းဆောင်ရွက်ရေးဌာန (Migrant Educational Coordination Center -MECC) ၏ လမ်းညွှန် မှုဖြင့် လက်ရှိ ကိုဗစ်ကပ်ရောဂါကာလအတွင်း မြန်မာရွှေ့ပြောင်းကျောင်းများအနေဖြင့် သတ်မှတ်ထားသော ကျန်းမာရေး ဆိုင်ရာ လမ်းညွှန်ချက်များကို လိုက်နာမှု ရှိ၊ မရှိ စတင်စစ်ဆေးနေပြီး သတ်မှတ်အချက်များနှင့် ကိုက်ညီပါက ဖွင့်လှစ်ခွင့်ပေးသွားမည်ဖြစ်ကြောင်း မြန်မာရွှေ့ပြောင်း အလုပ်သမားများပညာရေးကော်မတီ (BMWEC) ဥက္ကဋ္ဌ နော်ဖောရေက ပြောသည်။

၎င်းက “အရင် ဒီ ရွှေ့ပြောင်းကျောင်းတွေကို အနီရောင်အဆင့် သတ်မှတ်ထားတာပေါ့။ အခုက အဝါရောင် အဆင့် လျှော့ချသွားနိုင်ဖို့ MECC နဲ့ ကျမတို့ ပညာရေးအဖွဲ့အစည်းတွေ၊ ကျန်းမာရေး တာဝန်ရှိသူတွေ တေ့ွဆုံကြတယ်။ သူတို့က ကျမတို့ကို လမ်းညွှန်မှုပေးတာက ကျောင်းမဖွင့်ခင် အဝါရောင်အဆင့်ကို ရောက်နိုင်ဖို့ ၁၄ရက်ကြာ အပူချိန် လိုက်တိုင်းရမယ်။ ဒီအပူချိန်တိုင်းမှုမလုပ်ခင် ကျမတို့ကို သင်တန်းပေးတယ်။”  ဟု ကေအိုင်စီသို့ပြောသည်။

ထိုသို့ ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရန် မြန်မာရွှေ့ပြောင်းကျောင်း (၆၉)ကျောင်းကို နှစ်သုတ်ခွဲ၍ မဲဆောက် အထွေထွေ ဆေးရုံကြီးမှ ကျွမ်းကျင်ပညာရှင်များက ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ Screening process များကို ကျောင်း၏ တာဝန်ရှိ ကျောင်းအုပ်နှင့် ကျောင်းဆရာ၊ ဆရာမများကို ပြီးခဲ့သည့် သြဂုတ်လ ၂၂ရက်နေ့နှင့် ၂၉ရက်နေ့တို့တွင် ပို့ချသင်တန်ပေးခဲ့သည်။

ရွှေ့ပြောင်းပညာရေး ပူးပေါင်းဆောင်ရွက်ရေးဌာန(MECC) မဲဆောက် အထွေထွေ ဆေးရုံကြီး၊ SCI ၊ မြန်မာရွှေ့ပြောင်း အလုပ်သမားများ ပညာရေးကော်မတီ-BMWEC ၊ မြန်မာရွှေ့ ပြောင်းကျောင်း ဆရာများ အစည်းအရုံး-BMTA၊ Help Without Frontier-HWF တို့မှ ဒါရိုက်တာများ၊ တာဝန်ခံများသည် တာ့ခ်ခရိုင်အတွင်းရှိ မြန်မာရွှေ့ပြောင်း ကျောင်းများဖွင့်လှစ်နိုင်ရန် ပြီးခဲ့သည့် သြဂုတ်လ ၁၉ရက်နေ့က ဆွေးနွေးခဲ့ကြ ခြင်းဖြစ်သည်။

ထိုဆွေးနွေးမှုအပြီး မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ ကပ်ရောဂါကြောင့် ပြန်မလာနိုင်သော ဆရာ၊ ဆရာမများနှင့် ကျောင်းသူ၊ ကျောင်းသားများအား သက်ဆိုင်ရာ အစိုးရ၏ နယ်စပ်ဖြတ်သန်းသွားလာခြင်း တရားဝင် ခွင့်ပြုမှသာလျှင်လက်ခံရန်နှင့် လက်ရှိပညာသင်ယူနေသော ကျောင်းသူ၊ ကျောင်းသားများ၏အတန်းလိုက် အမည်စာရင်းနှင့် ဓါတ်ပုံများ၊ ဆရာ၊ ဆရာမ များ၏အမည်စာရင်းနှင့် ဓါတ်ပုံများကို သြဂုတ်လ ၂၆ ရက်နေ့ နောက်ဆုံးထားပေးပို့ရန် ညွှန်ကြားခဲ့သည်။ တင်ပြထားပြီးသား စာရင်းမှ အသစ်တိုးလျှောက်ထားခြင်းများကို လက်ခံခြင်းမပြုရန်လည်း ရွှေ့ပြောင်းကျောင်းများကို ညွှန်ကြားထားခဲ့သည်။

May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...
Photo crd : CJ
May 22, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို-တောင်ငူလမ်းတွင် ပြီးခဲ့သည့် မေလ(၁၉)ရက်၊ ညအချိန်က...
CJ (ပုံဟောင်း)
May 21, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်ရှိ...