သံလွင်မြစ်ရေလျှံမှုကြောင့် ဖာပွန်ဒေသ ကျွေးရွာအချို့ မြေပြိုမှုနှင့် ပြောင်းရွှေ့နေရမှုများ လုပ်ဆောင်နေရ

သံလွင်မြစ်ရေလျှံမှုကြောင့် ဖာပွန်ဒေသ ကျွေးရွာအချို့ မြေပြိုမှုနှင့် ပြောင်းရွှေ့နေရမှုများ လုပ်ဆောင်နေရ

ကေအိုင်စီ — ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်း၍ သံလွင်မြစ်ရေလျှံတက်မှုကြောင့် မြစ်ကမ်းနံဘေးရှိ ဖာပွန် ဒေသခံ ကျေးရွာအချို့မှာ ရေကြီးရေလျှံမှုနှင့် မြေပြိုမှုကို ကြုံတွေ့နေရပြီး ဘေးလွတ်ရာသို့ ယာယီပြောင်းရွှေ့ ထားရကြောင်း ဒေသတာဝန်ရှိသူများက ပြောသည်။

သြဂုတ်လ ၂၃ရက်နေ့မှစ၍ မြစ်ရေလျှံတက်လာမှုကြောင့် ဘူးသိုမြို့နယ်၊ အီတူးထာ့ကျေးရွာအတွင်း နေအိမ် ၁၉ လုံး ရေနစ်မြုပ်သွားပြီး စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေသော နေအိမ် ၄၀ ကျော်ရှိကာ မိသားစုအချို့ကို ဘေးလွတ်ရာသို့ ယာယီပြောင်းရွှေ့ထားရကြောင်း ဒေသခံတာဝန်ရှိသူများ၏ တင်ပြချက်ကို ကိုးကားပြီး ကရင်အမျိုးသမီးအစည်းအရုံး (KWO) က ပြောသည်။

KWO အတွင်းရေးမှူး နော်ကညောဖောက “အခု ရေက ကျမသွားဘူး။ ရေက တက်လာတုန်းပဲ။ အဲ့အတွက် နေ အိမ်အချို့ကို လိုက်ပြောင်းရွှေ့ပေးရတာမျိုး ရှိတယ်။ အဲ့မှာရှိတဲ့ ကျမတို့ရဲ့ ဒေသခံအဖွဲ့အစည်းရုံးတွေပါ ရေမြုပ်ကုန်ပြီး။ အခုယာယီပြောင်းရွှေ့ထားရတဲ့သူတွေအတွက်လည်း ရိက္ခာခြောက်တွေ လိုအပ်နေတယ်” ဟု ကေ အိုင်စီသို့ ပြောသည်။

လက်ရှိတွင် ထိခိုက်ပျက်စီးမှု အချက်အလက်များကို ကောက်ယူနေပြီး လိုအပ်သည့် အကူအညီများကို ပေးသွားနိုင်ရန် အကူအညီများကို လိုက်လံရှာဖွေဆောင်ရွက်ပေးသွားရန် စီစဉ်နေကြောင်းလည်း နော်ကညောဖောက ဆက်ပြောသည်။

အလားတူ အီတူထာ ကျေးရွာ အနီးရှိ မယ်နူထာ့ ကျေးရွာ၌လည်း မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် ရေတိုက်စား မှုတို့ကြောင့် ကျေးရွာအတွင်း မြေပြိုမှုများဖြစ်ပွားပြီး နေအိမ်အချို့ပျက်စီးဆုံးရှုံးသွားကြောင်းလည်း ဒေသခံ သတင်းအရင်းအမြစ်များအရ သိရသည်။

ထို့အပြင် လှိုင်းဘွဲမြို့နယ်ရှိ မြိုင်ကြီးငူ စစ်ပြေးရှောင်စခန်းတွင်လည်း ဩဂုတ် ၂၄ ရက်နေ့က သံလွင်မြစ်ရေ တက်လာသောကြောင့် မြေနိမ့်ပိုင်းနေအိမ်အချို့နေထိုင်ရန် အဆင်မပြေတော့သည့်အတွက် လူဦးရေ ၉၀၀ ကျော်မှာ ရေလွတ်ရာနေရာသို့ ပြောင်းရွှေ့ထားရကြောင်း ဒေသတာဝန်ရှိသူများက ဆိုသည်။

လတ်တလောတွင် တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်ခဲ့သည့် မုန်တိုင်းအကြွင်းအကျန် တိမ်တိုက်များကြောင့် မြန်မာနိုင်ငံတွင် မိုးများနေသဖြင့် သံလွင်မြစ်နှင့် ဧရာဝတီမြစ်ရေများ စိုးရိမ်ရေအမှတ် ကျော်လွန် မြှင့်တက်လာနိုင်သောကြောင့် ကရင်ပြည်နယ်နှင့် ဧရာဝတီတိုင်းအပါအဝင် ကျန်တိုင်းဒေသကြီးများကိုပါ မိုးလေ ဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သတိပေးထုတ်ပြန်ထားသည်။

May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...
Photo crd : CJ
May 22, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို-တောင်ငူလမ်းတွင် ပြီးခဲ့သည့် မေလ(၁၉)ရက်၊ ညအချိန်က...
CJ (ပုံဟောင်း)
May 21, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်ရှိ...