ရန်ကုန်ကရင်အာဇာနည်နေ့ ဦးဆောင်သူ ကရင်လူငယ် ၂ ဦးနှင့် ဝန်းရံသူ ၁ ဦးကို ငြိမ်းစုစီပုဒ်မ ၂၀ ဖြင့် စ တင်တရားစွဲဆို

ရန်ကုန်ကရင်အာဇာနည်နေ့ ဦးဆောင်သူ ကရင်လူငယ် ၂ ဦးနှင့် ဝန်းရံသူ ၁ ဦးကို ငြိမ်းစုစီပုဒ်မ ၂၀ ဖြင့် စ တင်တရားစွဲဆို

စဖန်းရှောင်း — ရန်ကုန်မြို့တွင် နှစ် ၇၀ ပြည့် ကရင်အာဇာနည်နေ့ ကျင်းပခဲ့သည့်အတွက် ဦးဆောင်သူ ကရင်လူငယ် စသိန်းဇော်မင်းအပါအဝင် ၃ဦးကို ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ ပုဒ်မ ၂၀ အရ သြဂုတ် ၂၄ ရက် ကျောက်တံတားမြို့နယ် တရားရုံးတွင် စတင်တရားစွဲဆိုလိုက်ပြီဟု သိရသည်။

အဆိုပါ တရားစွဲဆိုမှုများကို ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၏ ညွှန်ကြားမှုဖြင့် ကျောက်တံတား မြို့နယ်ရဲ တပ်ဖွဲ့ ရဲမှူးမျိုးသက်မှ တရားလိုပြုလုပ်ကာ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်ဟု တရားစွဲဆိုခံရမှုအပေါ် လိုက်လံကူညီဆောင်ရွက်ပေးသူများ၏ ပြောပြချက်များအရသိရသည်။

စသိန်းဇော်မင်းက “ကျနော်တို့ကို ငြိမ်းစုစီ ၂၀ နဲ့တရားစွဲဆိုထားတာပေါ့။ အစကတော့ ကျနော်တို့ ကိုယ်တိုင်ခံဝန်ယူမယ်ပေါ့။ ဒါပေမယ့် မစိန်ထွေးလည်းပါတယ်ဆိုတာ ဒီနေ့မှ သိတယ်။ မစိန်ထွေးလည်း မယူဘူးဆိုတော့ အဲဒီတော့ ကျနော်တို့ခံဝန်လည်း မယူတော့ဘူး။ အစစ်လည်း မခံတော့ဘူး။ ကျနော်တို့ ဒီအတိုင်းဆက်ပြီး ရင်ဆိုင်သွားဖို့ရှိတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

သြဂုတ်လ ၁၂ ရက်နေ့ နှစ် ၇၀ ပြည့် ကရင်အာဇာနည်နေ့ ကျင်းပခဲ့မှုကြောင့် ဦးဆောင်ကျင်းပသူ စသိန်းဇော်မင်း၊ စကွာလာတို့အပြင် ဝန်းရံသူဖြစ်သည့် ဒေါ်စိန်ထွေးကိုပါ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၂၀ များဖြင့် ဩဂုတ် ၂၄ ရက်နေ့ ကျောက်တံတားမြို့နယ်တရားရုံးတွင် တရားစွဲ ဆိုလိုက်ခြင်း ဖြစ်သည်။

ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးအမျိုးသမီးအဖွဲ့ -DPW မှ ဒေါ်စိန်ထွေးကို ယမန်နှစ်က ကျင်းပခဲ့သည့် ၆၉ နှစ်မြောက် ကရင်အာဇာနည်နေ့ကျင်းပမှုတွင် ဝန်းရံခဲ့သည့်အတွက် ငြိမ်းစုစီ ပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုအမှုရင်ဆိုင်နေစဉ် ယခုနှစ် နှစ် ၇၀ ပြည့် ကရင်အာဇာနည်နေ့ကျင်းပမှုတွင် ဝန်းရံခဲ့သည့်အတွက် ငြိမ်းစုစီပုဒ်မ ၂၀ ဖြင့် ထပ်မံ တရားစွဲဆိုခံရခြင်းဖြစ်သည်ဟု သိရသည်။

ကရင်အာဇာနည်နေ့ကျင်းပခဲ့သည့်အတွက် ဦးဆောင်သူ ကရင်လူငယ် စသိန်းဇော်မင်း အပါအဝင် ၃ ဦး တရား စွဲဆိုခံရမှုကို SYMPATHY PROBONO LAWYERS GROUP မှ ရှေ့နေများက ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပြီးအမှုကို သြဂုတ်လ ၂၇ ရက်နေ့တွင် ထပ်မံချိန်းဆိုလိုက်ကြောင်း သိရသည်။

May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...
Photo crd : CJ
May 22, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို-တောင်ငူလမ်းတွင် ပြီးခဲ့သည့် မေလ(၁၉)ရက်၊ ညအချိန်က...
CJ (ပုံဟောင်း)
May 21, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်ရှိ...