UNESCO တင်သွင်းရန် မြန်မာနိုင်ငံကိုယ်စားပြု ဆန်ကာတင် ၃ မျိုးထဲ ကရင်ဒုံးအက ပါဝင်လာ

UNESCO တင်သွင်းရန် မြန်မာနိုင်ငံကိုယ်စားပြု ဆန်ကာတင် ၃ မျိုးထဲ ကရင်ဒုံးအက ပါဝင်လာ

စောရှား — UNESCO (ကုလသမဂ္ဂ၏ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာအဖွဲ့အစည်း)အသိအမှတ်ပြု တင်သွင်းရန် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ရွေးချယ်ထားသည့် ဆန်ကာတင်စာရင်း ၃ မျိုးထဲတွင် ကရင် ဒုံးအက ပါဝင်လာကြောင်း သိရသည်။

သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းအသီးသီးမှ ရွေးချယ်လိုက်သည့် ခေါင်းစဉ်များထဲမှ နောက်ဆုံးဆန်ကာ တင်စာရင်းအဖြစ် ရှမ်းပြည်လက်ဖက်၊ ကရင်ဒုံးနှင့် မန္တလေးလွန်းရာချုပ်တို့ ပါဝင်လာကြောင်း ဖားအံ တက္ကသိုလ်၊ သမိုင်းဌာန၊ ကထိက ဒေါ်လဲ့လဲ့သွင်က ပြောသည်။

သူမက “နောက်အစည်းအဝေးမှာ အဲဒီ ၃ ခုထဲက တစ်ခုထပ်ရွေးပါမယ်။ ဒုံးအကကို (ယူနက်စကို)တင်နိုင်ဖို့ အများကြီးမျှော်လင့်ထားတယ်။ ဒုံးအကနဲ့ပတ်သက်လို့ စီစဉ်တင်ပြမှု ကောင်းရင်ကောင်းသလို ယူနက်စကို Trademark  ဖြစ်သွားနိုင်ပါတယ်။ ဒီနေရာမှာ အားပေးပံ့ပိုးမှုလိုအပ်ပါတယ်။”ဟု ကေအိုင်စီသို့ သြဂုတ် ၁၉တွင် ပြောသည်။

ကရင်ဒုံးအကမှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ရွေးချယ်ခံနိုင်ရေးအတွက် သက်ဆိုင်ရာ ဒုံးအက၊ စာပေ၊ ယဉ်ကျေးမှုပညာရှင်များအနေဖြင့် လူအား၊ အကြံဉာဏ်အားဖြင့် ကူညီပေးရန် အသင့်ဖြစ်နေပြီး ပြည်နယ်အစိုးရ၏ ပံ့ပိုးကူညီပေးမှု လိုအပ်လျက်ရှိကြောင်း ကထိက ဒေါ်လဲ့လဲ့သွင်က ဆက်ပြောသည်။

ကရင်ပြည်နယ်ကိုယ်စားပြု ပညာရှင်အနေဖြင့် ကထိက ဒေါ်လဲ့လဲ့သွင်မှ တက်ရောက်ခဲ့သည့် ဇူလိုင် လ ၂၉ ရက်နေ့၊ နေပြည်တော်တွင် ပြုလုပ်ခဲ့သော တတိယအကြိမ်မြောက် ဒြပ်မဲ့အမျိုးသား ယဉ်ကျေးမှု ပညာရှင်အဆင့်အစည်းအဝေးအပြီး ဒုံးအကမှာ ဆန်ကာတင်စာရင်းထဲ ပါဝင်လာခြင်းလည်း ဖြစ် သည်။

ရှမ်းပြည်လက်ဖက်၊ ကရင်ဒုံး၊ မန္တလေးလွန်းရာချုပ် ၃ မျိုးအနက် တစ်မျိုးအား ဒီဇင်ဘာလတွင် ဆက်လက်ရွေးချယ်ပြီးနောက် မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့် UNESCO သို့ ၂၀၂၁ ခုနှစ်၊ မတ်လတွင် တင်သွင်းသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ကရင်ပြည်နယ်မှ ဒုံးအက တင်သွင်းသွားရန် ဇွန် ၂၆ ရက်၊ ဖားအံမြို့၊ ဇွဲကပင်ခန်းမ၌ ပြုလုပ်သော အစည်းအဝေးအပြီး ဆုံးဖြတ်ခဲ့ကြသလို ဒုံးအကဆိုင်ရာ အဓိပ္ပါယ်၊ ကကြိုးကကွက်၊ ဝတ်စားဆင် ယင်မှု၊ ဂီတတူရိယာပစ္စည်း၊ အငွေ့အသက်များ အားလုံးကို အသေးစိတ် စနစ်တကျလေ့လာ မှတ်တမ်းတင် သုတေသနလုပ်နိုင်ရန် working committee (အလုပ်အဖွဲ့)ကို ဖွဲ့စည်းထားခဲ့သည်။

 

Working committee တွင် ပါဝင်သူ ဒုံးအကပညာရှင် စောမြင့်သူက “(ဆန်ကာတင်)ပါတော့ ပါလာ ပြီ။ (ပြည်နယ်)အစိုးရအနေနဲ့ လှုပ်ရှားကူညီဆောင်ရွက်ပေးမှုကိုတော့ မတွေ့ရသေးပါဘူး။ အချိန် က လည်း သိပ်မကျန်တော့ အချိန်မှီပြင်ဆင်နိုင်မှု ရှိပါ့မလားမသိဘူး” ဟု ကေအိုင်စီသို့  မှတ်ချက်ပြုပြောဆိုသည်။

မြန်မာနိုင်ငံအနေဖြင့် လွန်ခဲ့သော သုံးနှစ်ခန့်မှ စတင်တာ (UNESCO) အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များကို အသိအမှတ်ပြုနိုင်ရန် စာရင်းတင်ခဲ့သည့်အထဲတွင် ၂၀၁၉-၂၀၂၀၌ တင်ခဲ့သော သနပ်ခါး တစ်မျိုးသာ အသိအမှတ်ပြုခံခဲ့ကြောင်းလည်း သိရသည်။

May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...
Photo crd : CJ
May 22, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို-တောင်ငူလမ်းတွင် ပြီးခဲ့သည့် မေလ(၁၉)ရက်၊ ညအချိန်က...
CJ (ပုံဟောင်း)
May 21, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်ရှိ...