မွန်ပြည်နယ်မဟာသင်္ကြန်ပွဲတော် ငွေကျပ်သိန်း ၅၀၀ လျာထား

မွန်ပြည်နယ်မဟာသင်္ကြန်ပွဲတော် ငွေကျပ်သိန်း ၅၀၀ လျာထား
by -
မွန်သတင်းအေဂျင်စီ
မွန်ပြည်နယ်အစိုးရအဖွဲ့မှ ၂၀၁၇ ခုနှစ် ပြည်နယ်အဆင့် မဟာသင်္ကြန်ပွဲတော်အတွက် ဘတ်ဂျက် ငွေကျပ် သိန်း ၅၀၀ အသုံးပြုရန် လျာထားသည်ဟု မွန်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံမှ သိရသည်။

ယမန်နှစ်က ပြည်နယ်အဆင့် မဟာသင်္ကြန်ပွဲတော်အတွက် ငွေကျပ် ၈၅ သိန်းသာအသုံးပြုခဲ့ပြီး ယခုနှစ်တွင် ကျပ်သိန်း ၅၀၀တိုးမြှင့်အသုံးပြုသွားမည်ဖြစ်ကြောင်း ဘတ်ဂျက်ငွေ တိုးမြှင့်အသုံးပြုမည်ဖြစ်သည့်အတွက် ယခုနှစ်ဗဟိုသင်္ကြန်သည် ယမန်နှစ်ကထက် ပိုမိုပြီး စည်စည်ကားကားဖြစ်အောင် ဆောင်ရွက်နိုင်မည်ဟု မွန်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက ပြောသည်။

“မနှစ်ကဆောင်ရွက်တဲ့အပေါ်မှာ ၈၅ သိန်းနဲ့ ငွေကြေးက မလုံလောက်ဘူး၊ ဘေးက ဝိုင်းပြီးတော့ ပံ့ပိုးပေးရတာရှိတယ်၊ ရှိတဲ့အခါကျတော့ ဒီနှစ် အဲလိုမျိုးမဖြစ်ရလေအောင် ကိုယ့်ငွေကြေးနဲ့ ကိုယ့်ဟာကိုယ် လုံလုံလောက်လောက်နဲ့ ဆောင်ရွက်ချင်လို့အဓိကပေါ့နော် အခြား ကူညီပံ့ပိုးတာမျိုး မဆောင်ရွက်ချင်လို့ ဒီသဘောပါ” ဟု ၄င်းက ပြောသည်။

၄င်းပြင် ယခုနှစ် ပြည်နယ်အဆင့် ဗဟိုသင်္ကြန်ပွဲတော်အတွက် ငွေကြေးရန်ပုံငွေ လုံလောက်မှုရှိနေသည့်အတွက် ငွေကြေး အလှူခံခြင်းကိုလည်း ဆောင်ရွက်တော့မည်မဟုတ်ကြောင်း ပြောသည်။

အဆိုပါ ငွေကျပ် သိန်း ၅၀၀ ဖြင့် ဗဟိုမဏ္ဍပ်တည်ဆောက်ခြင်း၊ ပိတ်ပွဲ ဖွင့်ပွဲ အခမ်းအနားကျင်းပြခြင်း၊ ယိမ်းအက ဖျော်ဖြေရေးအတွက် စီစဉ်ခြင်း၊ ဆုချီမြှင့်ခြင်း၊ ရေကစားရန်ဆောင်ရွက်ခြင်း၊ သက်ကြီးပူဇော်ပွဲအတွက်ဆောင်ရွက်ခြင်းတို့တွင် အသုံးပြုသွားမည်ဖြစ်သည်။

“ဗဟိုမဏ္ဍပ်ကတော့ နှစ်တိုင်းစည်တယ်၊ ညနေပိုင်းဆို သွားလာလို့တောင်မရဘူး၊ ဒီနှစ် ပိုစည်အောင်လုပ်မယ်ဆိုတော့ ပိုကောင်းတာပေါ့” ဟု မော်လမြိုင်ခံ လူငယ်တစ်ဦးက ပြောသည်။

ယခင်နှစ်က မော်လမြိုင်မြို့ပေါ်တွင် ရေကစားမဏ္ဍပ် ၁၇ ခု ရှိခဲ့ပြီး ယခုနှစ်တွင်လည်း ရေကစားမဏ္ဍပ်အရေအတွက်သည် ယမန်နှစ်ပမာဏအတိုင်း တည်ရှိမည်ဟု ပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။

မွန်ပြည်နယ်၏ သင်္ကြန်ပွဲတော်သည် စည်ကားလှသည့် ပွဲတော်တခုဖြစ်ကာ အထူးသဖြင့် သံဖြူဇရပ်မြို့နယ်အတွင်းရှိ စက်စဲကမ်းခြေတွင် အနယ်နယ်အရပ်ရပ်မှ လာရောက်ရေကစားသူတို့ကြောင့် အစည်ကားဆုံးနေရာတစ်ခုဖြစ်ပြီး သင်္ကြန်အတက်နေ့နှင့် နှစ်ဆန်းတစ်ရက်နေ့တို့တွင် မော်လမြိုင်၊ ကျိုက်မရောနှင့် ရိုးဂိုးကျေးရွာတို့တွင် အစည်ကားဆုံးနေရာဖြစ်သည်။

မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...
January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...