အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း မြဝတီမြို့ မဲဆန္ဒနယ်တွင် မဲအပြတ်အသတ်အနိုင်ရ

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း မြဝတီမြို့ မဲဆန္ဒနယ်တွင် မဲအပြတ်အသတ်အနိုင်ရ

နေနော် — ယမန်နေ့ နိုဝင်ဘာ(၈)ရက် က ကျင်းပခဲ့သည့် ပါတီစုံအထွေထွေရွေးကောက်ပွဲ၌ ကရင်ပြည်နယ် မြဝတီမြို့နယ် မဲဆန္ဒနယ်(၁၁)တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် လက်ရှိအမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းသည် ပြိုင်ဘက်ပါတီ ကိုယ်စားလှယ်လောင်းထက် မဲကွာဟမှု ၂ သောင်း ကျော်ဖြင့် အပြတ်အသတ် အနိုင်ရရှိခဲ့ ကြောင်း သိရသည်။

ယမန်နေ့က မဲရေအတွက်မှုအခြေအနေအား ယနေ့ (နိုဝင်ဘာ ၉ ရက်)တွင် ရွေးကောက်ပွဲကော်မရှင်မှ ပုံစံ ၁၉ ဖြင့် ထုတ်ပြန်ကြေငြာရာတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD)ကိုယ်စားလှယ်လောင်း မန်းဝင်းခိုင်သန်း သည် မဲအရေအတွက် (၃၀,၃၅၃) မဲ ရရှိခဲ့ပြီး ပြိုင်ဘက်ပါတီ ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ(USDP) ပါတီမှ ကိုယ်စားလှယ်လောင်းမှာ(၉,၆၄၅) မဲသာ ရရှိခဲ့၍ မဲကွာဟမှု (၂၀,၇၀၈) မဲဖြင့် မန်းဝင်းခိုင်သန်း က အပြတ်အသတ် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

၎င်းအပြင် မြဝတီခရိုင်အတွင်းရှိ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၁၁) နှင့်် မဲဆန္ဒနယ် (၁၂) တို့တွင်လည်းကောင်း၊ ကရင်ပြည်နယ်လွှတ်တော် မြဝတီမြို့နယ် မဲဆန္ဒနယ် (၁) နှင့် မဲဆန္ဒနယ် (၂) တို့ တွင်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD ပါတီမှ အသီးသီးအနိုင်ရရှိခဲ့ကြောင်း ရွေးကောက်ပွဲကော် မရှင်၏ ယနေ့ အတည်ပြုထုတ်ပြန်ချက်အရ သိရသည်။

ယမန်နေ့က မြဝတီခရိုင်အတွင်း ကျင်းပခဲ့သည့် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ၆ ပါတီမှ ကိုယ်စားလှယ်လောင်း ၂၇ ဦး နှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၁ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။ မြဝတီခရိုင်အတွင်းရှိ မဲဆန္ဒရှင်လူဦးရေ (၁၇၂,၀၂၅) ဦး ရှိသည့်အနက် လူဦးရေ (၈၂,၆၄၈) ဦး မဲပေးခဲ့ကြ၍ ရာခိုင်နှုန်းအားဖြင့် (၄၈.၀၄) ရာခိုင်နှုန်း မဲပေးခဲ့ကြောင်း သိရသည်။

May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...
Photo crd : CJ
May 22, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို-တောင်ငူလမ်းတွင် ပြီးခဲ့သည့် မေလ(၁၉)ရက်၊ ညအချိန်က...
CJ (ပုံဟောင်း)
May 21, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်ရှိ...