သံတောင်ကြီး မဲဆန္ဒနယ် အမှတ် ၂ တွင် KPP ပြန်အနိုင်ရ

သံတောင်ကြီး မဲဆန္ဒနယ် အမှတ် ၂ တွင် KPP ပြန်အနိုင်ရ

စောထွန်းလင်း — ကရင်ပြည်နယ်၊ သံတောင်ကြီး မြို့နယ်၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်-၂ တွင် ကရင်ပြည်သူ့ ပါတီ (KPP) ကိုယ်စားလှယ်လောင်း စောခရစ္စတိုဖာက အနိုင်ရရှိသွားကြောင်း ကရင်ပြည်သူ့ပါတီ ဒုဥက္ကဋ္ဌ စောစေးဝါးက ပြောသည်။

“သံတောင်ကြီး၊ ပြည်နယ် အမှတ်-၂ မှာတော့ စောခရစ္စတိုဖာ နိုင်သွားတယ်။ အတည်ပြုချက်တော့ မရသေးပေမယ့် ကနဦးရလဒ်တွေအရ သေချာသလောက်ဖြစ်သွားပြီး၊ အခု မဲတွေတော့ ရေတွက်နေတုန်းပဲလို့သိရတယ်”ဟု စောစေးဝါးက ပြောသည်။

အလားတူ ကရင်ပြည်နယ်ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများကလည်း သံတောင်ကြီး၊ ပြည်နယ် အမှတ်-၂ တွင် စောခရစ္စစတိုဖာ အနိုင်ရရန် သေချာသလောက် ဖြစ်သွားပြီးဟု ကေအိုင်စီသို့ ပြောသည်။

လက်ရှိ သံတောင်ကြီးတွင် မဲရေတွက်နေဆဲ ဖြစ်ပြီး ပြည်သူ့လွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အမှတ်-၁ တို့တွင် NLD က အနိုင်ရရန် အလားအလာကောင်းနေသည်ဟု သံတောင်ကြီး သတင်းရင်းမြစ်များထံမှ သိရသည်။

ထို့အပြင် အမျိုးသားလွှတ်တော်တွင်မူ NLD နှင့် KPP အပြိုင် ဖြစ်နေပြီး မဲရေတွက်နေဆဲ ဖြစ်ကြောင်း သတင်း ရရှိ သည်။

သံတောင်ကြီးတွင် ၂၀၁၀ ရွေးကောက်ပွဲတွင် ကရင်ပြည်သူ့ပါတီက ၄ နေရာစလုံး အနိုင်ရခဲ့ဖူးပြီး ထိုစဉ်က စောခရစ္စတိုဖာသည် ပြည်နယ်ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်သည်။ ၂၀၁၅ တွင်မူ သံတောင်ကြီးတွင် ကရင်ပြည်သူ့ပါတီက ပြည်နယ်အမှတ်-၁ တွင်သာ အနိုင်ရခဲ့ပြီး ကျန် ၃ နေရာ ရှုံးနိမ့်ခဲ့သည်။

May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...
Photo crd : CJ
May 22, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို-တောင်ငူလမ်းတွင် ပြီးခဲ့သည့် မေလ(၁၉)ရက်၊ ညအချိန်က...
CJ (ပုံဟောင်း)
May 21, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်ရှိ...