၂၀၂၀ ပဒိုမန်းရှာ လူငယ်ခေါင်းဆောင်ဆုအတွက် အဆိုပြုနိုင်ပြီ

၂၀၂၀ ပဒိုမန်းရှာ လူငယ်ခေါင်းဆောင်ဆုအတွက် အဆိုပြုနိုင်ပြီ

စဖန်းရှောင်း — Phan foundation မှ နှစ်စဉ်ချီးမြှင့်သည့် ပဒိုမန်းရှာလားဖန်း လူငယ်ခေါင်းဆောင်ဆု ၂၀၂၀ ခုနှစ်အတွက် အဆိုပြုအမည်စာရင်းစတင်ပေးသွင်းနိုင်ပြီဖြစ်ကြောင်း နိုဝင်ဘာလ ၃ ရက်နေ့တွင် Phan Foundation က သတင်း ထုတ်ပြန်ကြေငြာလိုက်သည်။

ပဒိုမန်းရှာလားဖန်း လူငယ်ခေါင်းဆောင်ဆုမှာ ကရင်အမျိုးသားများ၏ ပညာရေး၊ လူ့အခွင့်အရေးနှင့် စာပေယဉ်ကျေးမှုဆိုင်ရာများတွင် ကိုယ်ကျိုးမငဲ့ဘဲ စွမ်းဆောင်နိုင်သူ ကရင်လူငယ်များအား Phan Foundation မှ နှစ်စဉ်ရွေးချယ်ဂုဏ်ပြုသည့် ဆုတစ်ခုလည်းဖြစ်သည်။

“ဖန်းဖောင်ဒေးရှင်းကနေ ဒီပဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆုကို ကိုယ့်ရဲ့ လူမှုအဝန်းအဝိုင်းထဲမှာ အပြောင်း အ လဲ လုပ်ဆောင်ပေးနေတဲ့ လူငယ်တွေကို အသိအမှတ်ပြုပြီးတော့ ထောက်ပံ့ပေးနိုင်ခဲ့တယ်။ ဒီလူငယ်တွေ ဟာဆိုရင် ထိုက်တန်တဲ့ အသိအမှတ်ပြုသင့်တဲ့အပြင် ပစ်ပယ်ခံရတဲ့ အောက်ခြေလူထုဘဝတွေကို ကူညီပေး တဲ့နေရာမှာလည်း သူတို့လုပ်ဆောင်မှုတွေအတွက် ငွေကြေးထောက်ပံ့မှုတွေကိုလည်း ရသင့်ရ ထိုက်သူ တွေဖြစ်ကြတယ်။” ဟု ဖန်းဖောင်ဒေးရှင်း ဒါရိုက်တာ နန့်ဘွားဘွားဖန်းက ပြောသည်။

အဆိုပါဆုအတွက် မိမိတို့လုပ်ဆောင်နိုင်ခဲ့သည့် အောင်မြင်မှုရလဒ်များကို အဓိကထားကာ အသက် ၃၅ နှစ်အောက် မည်သည့်နေရာတွင် နေထိုင်သည့် ကရင်လူငယ်မဆို၊ အဖွဲ့အစည်းမဆို လျှောက်ထားနိုင်သလို အဖွဲ့အစည်းများအနေဖြင့်လည်းဆုအတွက် မိမိတို့၏ အဖွဲ့ဝင်များကို ထောက်ခံ အဆိုပြုနိုင်သည် ဟုလည်း သိရသည်။

ပဒိုမန်းရှာလားဖန်း လူငယ်ခေါင်းဆောင်ဆု ၂၀၂၀ ခုနှစ်အတွက် ရွေးချယ်ခံရပါက ဆုအတွက် အမေရိကန် ဒေါ်လာ ၄၀၀၀ ချီးမြှင့်သွားမည်ဖြစ်သည်ဟု Phan Foundation က ထုတ်ပြန်ထားပြီး အဆိုပြုလျှောက် လွှာများကို ၂၀၂၀ ခုနှစ် ဒီဇင်လာလ ၃၁ ရက်နေ့တွင် နောက်ဆုံးထားကာ လက်ခံသွားမည်ဖြစ် သည်ဟုသိရသည်။

ထို့အပြင် လျှောက်လွှာများကို ကရင်၊ မြန်မာ၊ အင်္ဂလိပ်ဘာသာများဖြင့် အမည်၊ အသက်၊ မွေးသက္ကရာဇ်၊ နေရပ်နှင့် အဖွဲ့အစည်းစသည့် အချက်အလက်များဖြင့် [email protected] တွင် ပေးပို့ လျှောက်ထားနိုင်ပြီး ၂၀၂၁ အစောပိုင်းတွင် အဆိုပါဆုအတွက် ရွေးချယ်ခံရသူကို ထုတ်ပြန်ကြေငြာသွားမည်ဟု လည်း Phan Foundation က ထုတ်ပြန်ထားသည်။

ကွယ်လွန်သူ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး အထွေထွေအတွင်းရေးမှူးဟောင်းချုပ် ပဒိုမန်းရှာ လားဖန်းနှင့် ဇနီးနန့်ကျင်ရွှေတို့အား ရည်စူး၍ ကျန်ရစ်သူသားသမီးများမှ အဆိုပါဖောင်ဒေးရှင်းကို တည် ထောင်ပြီး နယ်ပယ်အသီးသီးတွင် စွမ်းဆောင်နိုင်ခဲ့သည့် ကရင်လူငယ်များကို ၂၀၀၈ ခုနှစ်မှစတင်ကာ နှစ်စဉ်ရွေးချယ်ချီးမြှင့်ခြင်းလည်း ဖြစ်သည်။

May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...
Photo crd : CJ
May 22, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို-တောင်ငူလမ်းတွင် ပြီးခဲ့သည့် မေလ(၁၉)ရက်၊ ညအချိန်က...
CJ (ပုံဟောင်း)
May 21, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်ရှိ...