နိုဝင်ဘာလ ရွေးကောက်ပွဲအတွက် မြဝတီမြို့တွင် ကြိုတင်မဲပေးခြင်းများ စတင်

နိုဝင်ဘာလ ရွေးကောက်ပွဲအတွက် မြဝတီမြို့တွင် ကြိုတင်မဲပေးခြင်းများ စတင်

နေနော် — လာမည့် နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံအထွေထွေရွေးကောက်ပွဲအတွက် မြဝတီခရိုင်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများ၌ ကြိုတင်မဲ ပေးခြင်း များကို အောက်တိုဘာလ ၂၉ ရက် နံနက်ပိုင်းကစ၍ မဲပေးလျက်ရှိသည်။

ကြိုတင်မဲပေးခြင်းကို အောက်တိုဘာလ ၂၉ ရက်မှ နိုဝင်ဘာလ ၅ ရက်နေ့အထိ နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၆ နာရီထိ လက်ခံသွားမည်ဟု အမှတ် ၄ ရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး ဥက္ကဋ္ဌ ဦးမင်းသူရ က ပြောသည်။

 ၎င်းက“ဒီနေ့ အောက်တိုဘာလ ၂၉ ရက်နေ့မှ နိုဝင်ဘာလ ၅ ရက်နေ့ထိ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးမှာ ကြိုတင်မဲ ပေးခြင်းကို လက်ခံဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကြိုတင်မဲပေးဖို့ ဒီနေ့ နဲ့ မနက်ဖြန် ၂ ရက်မှာ အသက် ၆၀ နှစ်အထက် သက်ကြီးရွယ်အိုများအတွက် ဦးစားပေးဆောင်ရွက်နေတာပါ။” ဟု ပြောသည်။

သက်ကြီးရွယ်အိုများ မဲပေးမှု ပြီးမြောက်ပါက ကျန်ရှိသည့် ရက်များတွင် ရွေးကောက်ပွဲအတွက် မဲရုံအသီးသီး တွင် တာဝန်ထမ်းဆောင်ကြမည့်သူများ၊ မသန်စွမ်းနှင့်ကျန်းမာရေးမကောင်းသူများ ရွေးကောက်ပွဲ ရက်မတိုင်မီ မဖြစ်မနေခရီးသွားကြရမည့်သူများ၊ အချုပ်ခန်းအသီးသီးမှနေ၍ အမှုရင်ဆိုင်နေရသူများနှင့် Covid-19 ကြောင့် Quarantine Center များနှင့် Stay At Home အသွားအလာကန့်သတ်ထားသူများအနေဖြင့် ကြိုတင်မဲပေးနိုင် အောင်ဆောင်ရွက်ထားကြောင်း သိရသည်။

May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...
Photo crd : CJ
May 22, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို-တောင်ငူလမ်းတွင် ပြီးခဲ့သည့် မေလ(၁၉)ရက်၊ ညအချိန်က...
CJ (ပုံဟောင်း)
May 21, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်ရှိ...