Covid ကာလ ရွေးကောက်ပွဲဆိုင်ရာ မဲအသိပညာပေးလုပ်ငန်းများ အခက်အခဲစွာ ပြုလုပ်ရ

Covid ကာလ ရွေးကောက်ပွဲဆိုင်ရာ မဲအသိပညာပေးလုပ်ငန်းများ အခက်အခဲစွာ ပြုလုပ်ရ

နန်းဝေဖြိုးဇာ — Covid ကာလအတွင်း လူစုလူဝေး ပြုလုပ်ခွင့်မရသောကြောင့် မဲဆန္ဒရှင်ပြည်သူများအတွက် မဲပေးမှု အသိပညာပေး လုပ်ငန်း (Voter Education) များ ဆောင်ရွက်ရာတွင် အခက်အခဲများနှင့်အတူ နည်းလမ်းပေါင်းစုံ လုပ်ဆောင်ရသည်ဟု အရပ်ဖက်အဖွဲ့များ၏ ပြောပြချက်အရ သိရသည်။

မဲဆန္ဒရှင်ပြည်သူများ မဲထည့်ရာတွင် ပယ်မဲ မဖြစ်စေရေးအတွက် မဲဆန္ဒရှင်ပြည်သူများကို အသိပညာပေးလုပ်ငန်းကို နည်းလမ်းအသစ်ရှာ၍ အွန်လိုင်းနှင့် ပညာပေးတာရှိသလို အချို့တွင် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ညှိင်း၍ လူဦးရေအယောက် ၂၀ထက်မကျော်ဘဲ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွန်ချက်နှင့် ပညာပေးလုပ်ငန်းများ ဆောင်ရွက်နေကြရသည်ဟု ဒေသအခြေစိုက် အရပ်ဖက်အဖွဲ့များက ပြောဆိုသည်။

ကရင်ပြည်နယ် အရပ်ဘက်လူမှုအဖွဲ့အစည်းများကွန်ရက် (Karen State Civil Society Organizations Network – KSCN) ဆောင်ရွက်သည့်လုပ်ငန်းစဉ်၏ ဖားအံမြို့နယ် ကွင်းဆင်းတာဝန်ခံ နန်းတင်တင်လှိုင်က “ကျမတို့ကတော့ အခက်အခဲကြားက ကိုယ်တိုင် ကွင်းဆင်းပညာပေးလုပ်ရတော့ ဒီကာလမှာ ဘယ်သူမှကိုယ့်ကို မယုံရဲဘူး။ ကျေးရွာအုပ် ချုပ်ရေးမှူးတွေကို တော်တော်ညှိနှိုင်းယူရတယ်။ တချို့ရွာတွေက မပေးဝင်တာလည်း ရှိတယ်။ ဒီကာလမှာ အားလုံး အခက်အခဲတွေ့ရတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

၎င်းတို့အဖွဲ့အနေဖြင့် မဲဆန္ဒရှင်အသိပညာပေး ဆောင်ရွက်ရာတွင် အသိပညာပေးတစ်ခုထဲမကဘဲ မဲရုံအတွင်း မဲပေးရ မည့်ပုံစံကိုလည်း သရုပ်ပြ ဆောင်ရွက်ပေးသွားပြီး မော်တော်ယာဉ်များနှင့် လှည့်လည်၍ ဆော်ဩပညာပေးခြင်း အစီအ စဉ်ကိုလည်း ဆောင်ရွက်နေသည်ဟု နန်းတင်တင်လှိုင်က ဖြည့်စွက်ပြောဆိုသည်။

ထို့အပြင် အချို့အရပ်ဖက်အဖွဲ့များကလည်း မဲထည့်သည့် အတွေ့အကြုံ မရှိသေးသော အသက် ၁၈နှစ်ပြည့်ပြီး ပထမ ဦးဆုံး မဲစတင်ပေးရမည့်လူငယ်များကို ဦးတည်၍ အွန်လိုင်းမှတစ်ဆင့် မဲအသိပညာပေးသင်တန်းများကို ကျေးရွာအုပ်စု အလိုက် လုပ်ဆောင်ပေးခြင်းများလည်း ရှိသည်။

“ကျမတို့က မဲတစ်ခါမှ မပေးဖူးတဲ့ လူငယ်တွေကို အဓိကပေးတာပေါ့။ ဒါပေမယ့် သူတို့အရွယ်တွေက အားလုံး ဖုန်းရှိ တယ်။ အွန်လိုင်းသုံးတတ်တယ်ဆိုတော့ အွန်လိုင်းပညာပေးကို ဦးစားပေးလုပ်တာဖြစ်တယ်။ အပြင်လောက်တော့ သူတို့ စိတ်ဝင်စားမှုမကောင်းလည်း ရသင့်သလောက်တော့ သူတို့ ရသွားပါတယ်။ ပြီးတော့ အခု သူတို့ရပ်ရွာမှာ မဲပေးရ မဲ့ပုံစံတွေနဲ့ပတ်သက်ပြီး မဲပေးဖူးလည်း ငါးနှစ်ကြာမှတစ်ခါဆိုတော့ မေ့သွားတဲ့ လူကြီးတွေကို သူတို့ ရှင်းပြတတ်တာ တွေ့ရတယ်။”ဟု လှိုင်းဘွဲမြို့နယ် တော်ဝင်သဇင်အမျိုးသမီးအဖွဲ့ ဥက္ကဌ နန်းနှင်းနှင်းဝေက ကေအိုင်စီသို့ ပြောသည်။

အလားတူ ကရင်လူငယ် အစုအဖွဲ့များကလည်း မိမိတို့ လက်လှမ်းမီရာ မြို့နယ်၊ ကျေးရွာအုပ်စုများတွင် မဲပေးမှုပညာ ပေးလုပ်ငန်းများ ဆောင်ရွက်ပေးနေသလို မဲဆွယ်စည်းရုံးရေး ကွင်းဆင်းသည့် နိုင်ငံရေးပါတီများကလည်း မဲပေးပုံပေး နည်းများကို ရှင်းပြခြင်းများလည်း ရှိနေသည်။

လက်ရှိအချိန်တွင် ကရင်ပြည်နယ်ရှိ အချို့ကျေးရွာများတွင် Covid ကာလအတွင်း ရောဂါကူးစက်မှု မပြန့်ပွားရန်အ တွက် ကာကွယ်တားဆီးသည့်အနေဖြင့် ရွာအဝင်အထွက် စောင့်ကြည့်၊ ပိတ်ပင်၊ စစ်ဆေးမှုများ ဆောင်ရွက်ထားနေကြ ဆဲဖြစ်သည်။

May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...
Photo crd : CJ
May 22, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို-တောင်ငူလမ်းတွင် ပြီးခဲ့သည့် မေလ(၁၉)ရက်၊ ညအချိန်က...
CJ (ပုံဟောင်း)
May 21, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်ရှိ...