မွန်+ကရင် ပူးတွဲအုပ်ချုပ်သည့် တောင်ပေါက်ဒေသကို မဲဆွယ်ခွင့်ပြုပြီဟု မွန်ပြည်သစ်ပါတီထုတ်ပြန်

မွန်+ကရင် ပူးတွဲအုပ်ချုပ်သည့် တောင်ပေါက်ဒေသကို မဲဆွယ်ခွင့်ပြုပြီဟု မွန်ပြည်သစ်ပါတီထုတ်ပြန်

စောမြတ်ဦးသာ — ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ကရင်အမျိုးသားအစည်းအရုံး -KNU နှင့် မွန်ပြည်သစ်ပါတီအဖွဲ့တို့  ပူးတွဲအုပ်ချုပ်သည့် တောင်ပေါက်ဒေသမှ ကျေးရွာ ၂၄ ရွာတွင် နိုင်ငံရေးပါတီများ လွတ်လပ်စွာဝင်ရောက်မဲဆွယ်စည်းရုံးနိုင်ပြီးဟု မွန်ပြည်သစ်ပါတီ(NMSP) က အောက်တိုဘာ ၂၅ ရက်နေ့တွင် ထုတ်ပြန်လိုက်လိုက်သည်။

မွန်ပြည်သစ်ပါတီ၏ COVID-19 ကာကွယ်ထိန်းချုပ်ရေးဗဟိုကော်မတီမှ  ပြီးခဲ့သည့် စက်တင်ဘာ ၁၁ ရက်နေ့ကထုတ်ပြန် ထားသည့် ကပ်ရောဂါဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့် စည်းမျဉ်းစည်းကမ်းအချို့ အောက်တိုဘာ ၂၅ ရက်နေ့တွင် ပြန်လည်ဖြေလျှော့လိုက်ပြီး လူ ၃ဝ ဦးထက်မပိုရန်နှင့် ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ မဲဆွယ်စည်းရုံးမှုခွင့်ပြုသည်ဟု ၎င်းတို့၏ ထုတ်ပြန်စာတွင် ဖော်ပြထားသည်။

ဘုရားသုံးဆူမြို့ မွန်ပြည်သစ်ပါတီအဖွဲ့ ဆက်ဆံရေးရုံးတာဝန်ခံ နိုင်သာက “တောင်ပေါက် ၂၄ ရွာမှာပဲ မဲဆွယ်ခွင့်ပြုထား ပါ တယ်။ ဂျပန်ရေတွင်း၊ ကျန်တောရွာတွေဘက်မှာ ခွင့်ပြုထားတာ မရှိဘူး။ ကြေညာချက်က တောင်ပေါက်၂၄ ရွာပဲ ခွင့်ပြုထား ပါတယ်။ ဂျပန်ရေတွင်းက ဘုရားသုံးဆူ ထိုင်းနယ်စပ်နဲ့ နီးတယ်ကပ်နေတယ်ဆိုတော့ စည်းရုံးမဲဆွယ်တဲ့ကိစ္စ မပေးဝင်ထား တာပါ။ ရောဂါအခြေအနေရ ပိတ်ထားတာပါ” ဟု အောက်တိုဘာ ၂၇ရက်နေ့ ကေအိုင်စီသို့ပြောသည်။

ယခုလ နိုဝင်ဘာ ၈ ရက်နေ့ ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ကြာအင်းဆိပ်ကြီးမြို့နယ်အနေဖြင့် နိုင်ငံရေးပါတီ ၅ ဖွဲ့မှ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး နိုင်ငံရေးပါတီများအနေဖြင့် ကျန်းမာရေးဌာနများ၏ လမ်းညွန်ချက်အတိုင်း မဲဆွယ်စည်းရုံးရမည်ဟု နယ်မြေခံတာဝန်ရှိအဖွဲ့အသီးသီးက ထုတ်ပြန်ထားသော်လည်း ပါတီဝန်းရံသူအများစုမှာလူဦးရေ ထောင်သောင်းကျော် လှည့်လည်အင်အားပြမှုများရှိနေသည်ဟု ဒေသခံများထံမှ သိရသည်။

“ ရောဂါကူးစက်မှုမဖြစ်အောင်ရွာတွေမှာလည်း ကန့်သတ်ချက်တွေ ရှိတာဖြစ်တဲ့အတွက် သူတို့တွေရဲ့ စိုးရိမ်မှုတွေ ထည့်စဉ်း စားရတာပေါ့နော်။ တောင်ပေါက်ဘက်ခြမ်းကိုတော့ ကျနော်မဲဆွယ်စည်းရုံးမှု မရောက်ဖြစ်သေးပါဘူး။  အဲ့ဘက်ကို နိုင်ငံရေး ပါတီတိုင်း လမ်းညွှန်ချက်နဲ့အညီ လွတ်လွတ်လပ်လပ် မဲဆွယ်စည်းရုံးခွင့်ပေးတော့ ကောင်းတာပေါ့နော်” ဟု ကြာအင်းဆိပ်ကြီး မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ-USDP ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း စောထွန်းထွန်းဦးက ကေအိုင်စီသို့ ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် နယ်မြေအခြေအနေအကြောင်းကြောင့် ပြီးခဲ့သည့် ၂ဝ၁ဝ တွင် ကျေးရွာအုပ်စု ၄၆ စု၊ ၂ဝ၁၅ တွင် ၃၈ အုပ်စု ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိခဲ့ပေ။  လာမည့် ၂ဝ၂၀ ရွေးကောက်ပွဲတွင်လည်း ကျေးရွာအုပ်စု ၉ စုမှာ  ရွေး ကောက်ပွဲ မကျင်းပနိုင်သည့်နယ်မြေအဖြစ် ကော်မရှင်က ထုတ်ပြန်ထားသည်။

May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...
Photo crd : CJ
May 22, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို-တောင်ငူလမ်းတွင် ပြီးခဲ့သည့် မေလ(၁၉)ရက်၊ ညအချိန်က...
CJ (ပုံဟောင်း)
May 21, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်ရှိ...