ကရင်ပြည်နယ်တွင် KNDP နှင့် NLD ပါတီတို့ စည်းရုံးရေး အားကောင်းနေ

ကရင်ပြည်နယ်တွင် KNDP နှင့် NLD ပါတီတို့ စည်းရုံးရေး အားကောင်းနေ

စောရှား — လာမယ့် နိုဝင်ဘာ ၈ရက်နေ့တွင် ကျင်းပမည့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ မဲဆွယ်ကာလအတွင်း ကရင်ပြည်နယ်တွင် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ-KNDP နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD ပါတီတို့ စည်းရုံးရေးအင်အားကောင်းနေကြောင်း သိရသည်။

ကရင်ပြည်နယ်တွင် ယခုရွေးကောက်ပွဲအတွက် ပါတီ ၁၄ ပါတီနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းများ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး လက်ရှိအချိန်တွင် KNDP နှင့် NLD ပါတီတို့မှာ အခြားနိုင်ငံရေးပါတီများထက် စည်းရုံးရေးအားကောင်းနေသည်ဟု မဲဆန္ဒရှင်ပြည်သူများက ပြောဆိုနေကြသည်။

ထိုကိစ္စအပေါ် မကြာသေးခင်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဖျက်သိမ်းလိုက်သည့် နှင်းဆီပါတီဟု လူသိများသော UDP မှ ကရင်ပြည်နယ်၊ ပအိုဝ်းတိုင်းရင်းသားရေးရာ လွှတ်တော်ကိုယ်စားလှယ်လောင်း ဖြစ်ခဲ့ သူ ခွန်အောင်မြင့်မြတ်က “ကရင်ပြည်နယ်မှာ NLD လည်းအားကောင်းတယ်။ ကရင်အမျိုးသား ဒီမိုကရက် တစ်ပါတီလည်းအား ကောင်းတယ်။ အဲဒီ ၂ ခုပဲ ကျနော်မြင်တယ်။ ကျန်တဲ့ပါတီကတော့ ကျနော် အဲလောက်ထိ တော့ အားမရဘူးပေါ့နော်။” ဟု ယနေ့(အောက်တိုဘာ ၂၃ရက်)တွင် ပြောသည်။

ကရင်ပြည်နယ်ပါတီများပူးပေါင်းကာ KNDP ပေါ်ပေါက်လာခြင်း၊ ဌာနေတိုင်းရင်းသားများအနေဖြင့် ဆုံးရှုံးနေ သော အခွင့်အရေးများ ရရှိရန် စိတ်အားထက်သန် မျှော်လင့်နေခြင်းများကြောင့် ဒေသခံပါတီ KNDP ကို ပိုမို ဝန်းရံ အားပေးလာသည်ဟု မြင်မိကြောင်း KNDP မှ ဖားအံမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စား လှယ် လောင်း နန်းလှယဉ်မေက ပြောသည်။

 “လူငယ်ရဲ့ ဝန်းရံမှုအားကို ကြည့်ရင် KNDP က ပိုအင်အားကောင်းနေတယ်ပေါ့နော်။ မြဝတီ၊ ကြာအင်းဆိပ် ကြီး၊ လှိုင်းဘွဲတို့မှာ အင်အား ထောင်၊ သောင်းချီပြီး ဝန်းရံခဲ့ကြတယ်လေ။ ဖားအံမှာလည်း သူ့ခွင်အလိုက် ဝန်း ရံ ကြတယ်။” ဟု နန်းလှယဉ်မေက ကေအိုင်စီသို့  ပြောသည်။

အကောင်းဖက်ကို ဦးတည်သော ပြိုင်ဆိုင်မှုသည် ပြည်နယ်အတွက် အကျိုးရှိသော ရလဒ်ထွက်ပေါ်လာမည် ဖြစ်သဖြင့် NLD နှင့် တိုင်းရင်းသားပါတီတို့၏ စည်းရုံးရေး အားကောင်းနေမှုအပေါ် ကျေနပ်မိကြောင်း NLD မှ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း စောယှားဖောင်အွာက ပြောသည်။

“ပြည်သူလူထုတွေက ပြောင်းလဲမှုတွေကို တချို့တဝက်ရနေပြီ။ ဒီမိုကရေစီအငွေ့အသက်လည်း ခံစားလာရပြီး အကြောက်တရားလည်းကင်းလာပြီ။ ဒီမိုကရေစီ ပိုပြီးရင့်ကျက်ဖို့အတွက် သူတို့(NLD ဝန်းရံသူများ)ပိုပြီး ထောက်ခံလာတယ်လို့ပဲ ပြောချင်ပါတယ်။” ဟု ပြောသည်။

မဲဆွယ်ကာလဖြစ်သည့် စက်တင်ဘာ ၈ ရက်မှ အောက်တိုဘာ ၂၃ ရက်နေ့အထိ ကရင်ပြည်နယ်အတွင်း KNDP နှင့် NLD ပါတီ ထောက်ခံသူများက မြို့နယ်အလိုက် ကား၊ ဆိုင်ကယ်များဖြင့် စီတန်းလှည့်လည် ဝန်းရံခြင်း၊ စည်းရုံး ဟောပြောခြင်းများကို ပိုမိုပြုလုပ်နေကြသည်။

ကရင်ပြည်နယ်အတွင်း တတိယ စည်းရုံးရေးအား အကောင်းဆုံးပါတီမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)ဖြစ်ကြောင်း ပြောဆိုနေကြသည်။

May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...
Photo crd : CJ
May 22, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို-တောင်ငူလမ်းတွင် ပြီးခဲ့သည့် မေလ(၁၉)ရက်၊ ညအချိန်က...
CJ (ပုံဟောင်း)
May 21, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်ရှိ...