မြဝတီကုန်သွယ်ရေးဇုန်၌ ကုန်တင်ယာဉ်မောင်း (၁)ဦးထံမှ ကိုဗစ်ရောဂါပိုး တွေ့ရှိ

မြဝတီကုန်သွယ်ရေးဇုန်၌ ကုန်တင်ယာဉ်မောင်း (၁)ဦးထံမှ ကိုဗစ်ရောဂါပိုး တွေ့ရှိ

နေနော် — ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ကုန်သွယ်ရေးဇုန်၌ ကုန်တင်ယာဉ်မောင်း ယာဉ်နောက်လိုက်များကို Test Kit (ကိုဗစ်ရောဂါ စမ်းသပ်ကိရိယာ) ဖြင့် Covid-19 ရောဂါပိုးရှိမရှိ စစ်ဆေးပေးလျက်ရှိရာ အောက်တိုဘာလ ၈ ရက် နံနက်ပိုင်းက ကုန်တင်ယာဉ်မောင်း (၁)ဦးထံမှ Covid-19 ရောဂါပိုးတွေ့ရှိရကြောင်း သိရသည်။

မြဝတီကုန်သွယ်ရေးဇုန်တွင် Test Kit ဖြင့် စစ်ဆေးမှုအရ Covid- 19 ရောဂါပိုးတွေ့ရှိခဲ့သူမှာ အသက်(၄၂)နှစ်အရွယ် (၂၂)ဘီးတွဲကားယာဉ်မောင်း အမျိုးသားတစ်ဦးဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်မှ မြဝတီမြို့သို့ အောက်တိုဘာလ ၆ ရက်နေ့က ရောက်ရှိလာခြင်းဖြစ်သည်ဟု  မြဝတီခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ပြောသည်။

ခရိုင် အုပ်ချုပ်ရေးမှူးက “သူဟာ မြဝတီမြို့ကို ရောက်ရှိလာပြီး အာရှလမ်း အမှတ် ၂၇၅တပ်ရင်းမျက်စောင်းထိုး PT Power ဆီဆိုင်နောက်ကျော မှာရှိတဲ့ ဂိုဒေါင်မှာ ကုန်တင်ကုန်ချ ပြုလုပ်ခဲ့ပါတယ်။ ဒါကြောင့် ၎င်းကုန် တင်ကုန်ချလုပ်ခဲ့တဲ့ ဂိုဒေါင်နှင့် အနီးဝန်းကျင်ကို ပိုးသတ်ဆေးဖျန်းသန့်စင်၍ ယာယီ Lock Down ချဖို့ စီစဉ်နေပါတယ်။”ဟု ပြောပါတယ်။

၎င်းအပြင် ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့သည့် ယာဉ်မောင်းကို သင်္ဃန်းညီနောင်တိုက်နယ်ဆေးရုံတွင် ဆေးကုသမှုခံ ယူစေပြီး ၎င်းနှင့် ထိတွေ့ခဲ့သော Contact Person များကို Quarantine ထားရှိနိုင်ရေးအတွက်စီစဉ်ဆောင်ရွက်နေကြောင်းလည်း သိရှိရသည်။

မြဝတီနယ်စပ်မှတဆင့် အနယ်နယ်အရပ်ရပ်သို့ ကုန်စည်သယ်ယူပို့ဆောင်ကြမည့် ကုန်တင်ယာဉ်မောင်းများနှင့်ယာဉ်နောက်လိုက်များကို မြဝတီမြို့ကုန်သွယ်ရေးဇုန်တွင် Test Kit ဖြင့် covid-19 ရောဂါပိုးရှိမရှိ စစ်ဆေးပေးခြင်းကို အောက်တိုဘာလ ၆ ရက်နေ့ကတည်းက စတင်ဆောင်ရွက်နေခြင်းဖြစ်သည်။  

ယင်းနေ့တွင် လူဦးရေ ၁၂၀ ဦးနှင့် အောက်တိုဘာလ ၇ ရက်နေ့တွင် ၁၄၉ ဦးတို့အား စစ်ဆေးခဲ့ပြီးဖြစ်ရာ တစ်ဦးတစ်ယောက်မျှ ရောဂါပိုးတွေ့ရှိရခြင်းမရှိခဲ့သော်လည်း အောက်တိုဘာလ ၈ ရက်နေ့ နံနက်ပိုင်းက စစ်ဆေးမှုတွင်မူ ကုန်တင်ယာဉ်မောင်း တစ်ဦးထံမှကိုဗစ်ရောဂါပိုး စတင်တွေ့ရှိရခြင်းဖြစ်သည်။

May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...
Photo crd : CJ
May 22, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို-တောင်ငူလမ်းတွင် ပြီးခဲ့သည့် မေလ(၁၉)ရက်၊ ညအချိန်က...
CJ (ပုံဟောင်း)
May 21, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်ရှိ...