မြဝတီ ကုန်သွယ်ရေးဇုန်တွင် ယာဉ်မောင်းများနှင့်ယာဉ်နောက်လိုက်များကို Test Kit များဖြင့် ကိုဗစ် ရောဂါပိုးရှိမရှိ စတင်စစ်ဆေး

မြဝတီ ကုန်သွယ်ရေးဇုန်တွင် ယာဉ်မောင်းများနှင့်ယာဉ်နောက်လိုက်များကို Test Kit များဖြင့် ကိုဗစ် ရောဂါပိုးရှိမရှိ စတင်စစ်ဆေး

နေနော် — ထိုင်း-မြန်မာနယ်စပ်၏ အဓိကကုန်သွယ်ရေးစခန်းတစ်ခုဖြစ်သော ကရင်ပြည်နယ် မြဝတီမြို့ နယ်စပ်ကုန် သွယ်ရေးဇုန်တွင် ယနေ့ (အောက်တိုဘာလ ၆ ရက်) မှစတင်၍ ကုန်တင်ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များအား Test Kit (ကိုဗစ်စမ်းသပ်စစ်ဆေးသည့်ကိရိယာ) များဖြင့် Covid-19 ရောဂါပိုးရှိမရှိ စတင်စစ်ဆေး ပေးလျက်ရှိကြောင်း သိရသည်။

မြဝတီမြို့မှ မြန်မာပြည်တဝှမ်း ကုန်စည်ပို့ဆောင်ကြမည့် ကုန်တင်ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များကို အဓိကထား၍ Test Kit များဖြင့် ကိုဗစ်ရောဂါပိုးရှိမရှိကို မြဝတီခရိုင် ပြည်သူ့ဆေးရုံးမှ ကျန်းမာရေးဝန်ထမ်း ၇ ဦးဖြင့် စစ်ဆေးပေးခြင်းဖြစ်သည်ဟု မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ပြောသည်။

 “လူတစ်ဦးလျှင် ကိုဗစ်ရောဂါပိုးရှိမရှိ စစ်ဆေးအဖြေထွက်ချိန်က မိနစ် (၃၀)ခန့် ကြာတဲ့အတွက် တစ်ရက်လျှင် ပျမ်းမျှ ၇၀နဲ့ ၁၀၀ ကြား စစ်ဆေးနိုင်ပြီး ကျန်းမာရေးထောက်ခံစာများကို ထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်။ အခုလို Test Kit များဖြင့် စစ်ဆေးတာက 80%ခန့် အဖြေမှန်ရရှိနိုင်မှာဖြစ်ပြီး ၎င်းတို့အနေဖြင့် မြဝတီနယ်စပ်မှ ကုန်စည်တင်ပို့မှု တစ်ခေါက်လျှင် တစ်ကြိမ်စစ်ဆေးသွားရမှာပါ။”ဟု ၎င်းက ပြောသည်။

ထိုသို့ ကျန်းမာရေးစစ်ဆေးခအနေဖြင့် တစ်ကြိမ်လျှင် (၂၀, ၀၀၀) ကျပ် ကျသင့်မှာဖြစ်ပြီး ၎င်းကုန်ကျစရိတ်ကို ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များက ပေးဆောင်ရမှာဖြစ်ကြောင်းလည်း ခရိုင်အုပ်ချုပ်ရေးမှူးက ဆိုသည်။

အဆိုပါ Test Kit များဖြင့် ကိုဗစ်ရောဂါပိုးရှိမရှိ စစ်ဆေးခြင်းများကို မြဝတီနယ်စပ်ကုန်သွယ်ရေးဇုန်အပြင် ဖားအံ သံလွင်တံတား၊ မွန်ပြည်နယ် ကျိုက်ထိုမြို့ စစ်တောင်းတံတား စစ်ဆေးရေးဂိတ်များတွင် ကုန်တင်ယာဉ် မောင်းများ နှင့် ယာဉ်နောက်လိုက်များအား စစ်ဆေးပေးလျက်ရှိသည်။

သို့ဖြစ်၍ မြဝတီနယ်စပ်ကုန်သွယ်ရေးဇုန်မှ စစ်ဆေးပေးလိုက်သည့် ကိုဗစ်ရောဂါပိုးကင်းရှင်းကြောင်း ကျန်းမာရေး ထောက်ခံစာ မပါသွားပါက လမ်းခရီးရှိ စစ်ဆေးရေးဂိတ်များတွင် ထိုသို့ အလားတူ ထပ်မံစစ်ဆေးခံရမည်ဖြစ်ကြောင်း မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်၏ ပြောဆိုချက်အရ သိရသည်။

May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...
Photo crd : CJ
May 22, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို-တောင်ငူလမ်းတွင် ပြီးခဲ့သည့် မေလ(၁၉)ရက်၊ ညအချိန်က...
CJ (ပုံဟောင်း)
May 21, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်ရှိ...