Covid-19 ထိန်းချုပ် ကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်သူများကို ပြည်နယ်အစိုးရ ဂုဏ်ပြု

Covid-19 ထိန်းချုပ် ကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်သူများကို ပြည်နယ်အစိုးရ ဂုဏ်ပြု

နေနော် — မြဝတီခရိုင်အတွင်း Covid- 19 ထိမ်းချူပ်ရေးနှင့် တုံ့ပြန်ရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည့် စေတနာ့ဝန်ထမ်းများနှင့် ဌာနဆိုင်ရာစေတနာ့ဝန်ထမ်းများအား ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ဂုဏ်ပြုမှတ်တမ်း လွှာနှင့်် ဂုဏ်ပြုထောက်ပံ့ငွေများပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားကို  အောက်တိုဘာ ၂ ရက် မွန်းလွဲ ၁ နာရီတွင် မြန်မာ-ထိုင်းချစ်ကြည်ရေး အမှတ် ၂ တံတားရှိ (BCF)ဇုန်၌ ပြုလုပ်ခဲ့သည်။

ပြီးခဲ့သည့် မတ်လမှစ၍ ယခုအချိန်ထိ အမှတ် ၂ ချစ်ကြည်ရေးတံတားမှတဆင့် ပြန်လည်ဝင်ရောက်လာသူ ထိုင်း ရောက်မြန်မာအလုပ်သမားများအား ကြိုဆိုခြင်း၊ ကျန်းမာရေး စစ်ဆေးပေးခြင်း၊ နေရပ်ပြန်ရန် ကားပေါ်တင်ပေး ခြင်းနှင့် အသွားအလာကန့်သတ်နေရာ (Quarantine )နေရာများတွင် လိုက်ပါကူညီဆောင်ရွက်ပေးခြင်း စသည့် အထွေထွေဆောင်ရွက်ချက်များကို ပြည်နယ်အစိုးရက ယခုလို အသိအမှတ်ပြု ဂုဏ်ပြုခြင်းဖြစ်သည်ဟု တာဝန် ရှိသူများက ပြောသည်။  

“ဒီလိုပင်ပန်းစွာ နေ့/ည ဆောင်ရွက်နေတာကို ကရင်ပြည်နယ်ဝန်ကြီးချုပ်နဲ့တာဝန်ရှိသူများက ဒီနေ့မှာထောက်ပံ့ ငွေများလာ ရောက်ပေးအပ်ပြီး ဂုဏ်ပြုလက်မှတ်တွေချီးမြှင့်ပေးတာဖြစ်ပါတယ်” ဟု အမှတ် ၂ တံတားမှ တာ ဝန်ရှိသူတစ်ဦးက ပြောသည်။

ယနေ့အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချူပ် နန်းခင်ထွေးမြင့်က တက်ရောက်အဖွင့်အမှာစကား ပြောကြားပေး ခဲ့ပြီး စေတနာ့ဝန်ထမ်း (Volunteer)တစ်ဦးလျှင် ထောက်ပံ့ငွေကျပ်(၂)သိန်းနှုန်းဖြင့် (၂၃၃)ဦးအတွက် ကျပ်သိန်း ပေါင်း(၄၆,၆၀၀,၀၀၀ိ/-)အား ပေးအပ်ရာ မြို့နယ်စေတနာ့ဝန်ထမ်းပံ့ပိုးကူညီရေးအဖွဲ့ နာယက ပြည်နယ် လွှတ် တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က လက်ခံရယူပေးခဲ့သည်။

ထို့အပြင် ဌာနဆိုင်ရာ(Volunteer)တဦးလျှင် (၅)သောင်းကျပ်နှုန်းဖြင့် ( ၅၀၆)ဦးအတွက် စုစုပေါင်းထောက်ပံ့ ငွေကျပ် (၂၅၃)သိန်းအားပေးအပ်ရာ မြဝတီခရိုင် Covid-19 ထိန်းချူပ်ရေး ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချူပ်ရေးမှူး ဦးတေဇာအောင်မှ လက်ခံရယူပေးခဲ့သည်။

ဆက်လက်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်၊ ပြည်နယ်လွှတ်တော်ကိုယ် စား လှယ်ဦးသန့်ဇင်အောင်၊ ခရိုင်အုပ်ချူပ်ရေးမှူးဦးတေဇာအောင်တို့မှ စေတနာ့ဝန်းထမ်း (Volunteer)များနှင့် ဌာနဆိုင်ရာ (Volunteer)များအား ဂုဏ်ပြုလွှာနှင့် ဂုဏ်ပြုထောက်ပံ့ငွေများကို ထပ်ဆင့်ပေးအပ်ခဲ့သည်။

 ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်နှင့် အစိုးရအဖွဲ့ဝင်များ၊ ခရိုင် အုပ် ချုပ်ရေးမှူး ဦးတေဇာအောင်နှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ခရိုင်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်အောင်နှင့် အရပ်ဘက် စေတနာ့ဝန်ထမ်းများ အပါအဝင် စုစုပေါင်း (၅၀)ဦးခန့် တက် ရောက်ခဲ့ကြသည်။

May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...
Photo crd : CJ
May 22, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို-တောင်ငူလမ်းတွင် ပြီးခဲ့သည့် မေလ(၁၉)ရက်၊ ညအချိန်က...
CJ (ပုံဟောင်း)
May 21, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်ရှိ...