မြဝတီခရိုင်အတွင်း ဒုတိယအကြိမ်မဲစာရင်းများ ကပ်ထားကြေညာ၊ ပထမအကြိမ်ထက် လူဦးရေ ၃, ၆၀၀ ကျော် တိုးလာ

မြဝတီခရိုင်အတွင်း ဒုတိယအကြိမ်မဲစာရင်းများ ကပ်ထားကြေညာ၊ ပထမအကြိမ်ထက် လူဦးရေ ၃, ၆၀၀ ကျော် တိုးလာ

နေနော် — လာမည့် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံအထွေထွေ ရွေးကောက်ပွဲအ တွက် မဲဆန္ဒရှင်စာရင်းများကို မြဝတီခရိုင်အတွင်း ရပ်/ကျေး ကော်မရှင်အဖွဲ့ခွဲ ရုံးအသီးသီးတွင် ဒုတိယအကြိမ်အဖြစ် အောက်တိုဘာ ၁ ရက်နေ့ နံနက်ပိုင်းမှစတင်၍ ကပ်ထားကြေညာပေးထားရာ ယခင်ပထမအကြိမ်ထက် မဲဆန္ဒရှင်လူဦးရေ (၃,၆၀၀)ကျော် ပိုမိုပါဝင်လာကြောင်း သိရသည်။

ထိုသို့ ကပ်ထားကြေညာခြင်းသည် ဒုတိယအကြိမ်နှင့် နောက်ဆုံးအကြိမ်ဖြစ်ပြီး အောက်တို ဘာလ (၁) ရက်နေ့မှ (၁၄) ရက်နေ့အထိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာသွားမည်ဖြစ်သည်။  

မြဝတီခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အတွင်းရေးမှူး ဦးလင်းနိုင်စိုးက “လက်ရှိ ဒုတိယ အကြိမ် မဲစာရင်း ကပ်ပြီးကြေညာမယ့် စာရင်းအနေနဲ့ကတော့ မြဝတီခရိုင် မြဝတီမြို့နယ်မှာ တော့ စုစုပေါင်းဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၁၅၁,၀၂၉)ဦး ရှိပါတယ်။ ပထမအကြိမ်ကြေညာတဲ့အ ချိန်မှာ (၁၁၄,၂၆၈) ဦးပဲ ကြေညာနိုင်ခဲ့တာပါ။ လက်ရှိ အခြေအနေနဲ့ နှိုင်းယှဉ်လိုက်ရင် လူဦးရေ ၃၆,၀၀၀ ကျော် တိုးလာတာကိုတော့တွေ့ရပါတယ်။ ”ဟု ပြောသည်။

မြဝတီခရိုင်တွင် မဲရုံ ၈၃ရုံထားရှိသွားမည်ဖြစ်ပြီး နိုင်ငံရေးပါတီ (၈)ခုမှ ကိုယ်စားလှယ်လောင်း ၃၂ ဦးနှင့် တသီးပုဂ္ဂလပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးအပါအဝင် စုစုပေါင်း ကိုယ်စားလှယ်လောင်း ၃၃ ဦးဝင်ရောက်ယှဉ်ပြိုင်ကြမည်ဟုလည်း ဦးလင်းနိုင်စိုးက ဆက်ပြော သည်။

ထို့အပြင် ပုံစံ(၃)ကဖြင့် ပြင်ဆင်ဖြည့်စွက်ပြင်ဆင်သည့် ရက်ပေါင်း ၉၀ အထက် နေထိုင်သူ မဲပေးပိုင်ခွင့်ရှိသူစာရင်းလည်း ၂,၀၀၀ ဝန်းကျင်ရှိပြီး ယခုထုတ်ပြန်သည့် မဲဆန္ဒရှင်စာရင်းတွင် မပါဝင်သေးကြောင်းလည်း သိရှိရသည်။

“မြဝတီအနေနဲ့ stay at home လည်းမဟုတ်တဲ့အခါကျတော့ သက်ဆိုင်ရာ ရပ်ကွက်ကော်မ ရှင်ရုံးတွေမှာ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ထုတ်ပြန်ချက်အတိုင်း လိုက်နာပြီး သွား ရောက်ကြည့်ရှုလို့ ရပါတယ်။ ဒီရွေးကောက်ပွဲဆိုတာကလည်း ၅ နှစ်မှတစ်ကြိမ် ကျင်းပတာ ဖြစ်လို့ အရေးကြီးသလို covid ကလည်း ကူးစက်မှုတွေမြန်လာတဲ့အတွက် ကျန်းမာရေး ကိစ္စကလည်း အရေးကြီးပါတယ်။”ဟု ဦးလင်းနိုင်စိုးက ပြောသည်။

ယခု ဒုတိအကြိမ်ထုတ်ပြန်သည့် ဆန္ဒမဲစာရင်းတွင် မိမိအမည် မပါဝင်ပါက ယခုလို မဲဆန္ဒရှင် စာရင်း ကြေညာစဉ်ကာလအတွင်း ပုံစံ (၃)ဖြင့် အမည်ထည့်သွင်းရန် တောင်းဆိုခြင်း၊ အခြား ဒေသမှ လာရောက်နေထိုင်သူများဖြစ်ပါက ပုံစံ -၃ (က)ဖြင့် လျှောက်ထားခြင်း၊ မဲစာရင်းတွင် မပါဝင်သင့်သူများပါဝင်ပါက ပုံစံ (၄)ဖြင့်ကန့်ကွက်ခြင်း၊ မဲစာရင်းပါအချက်အလက်များမှားယွင်းနေပါက ပုံစံ-၄(ဂ)ဖြင့် ပြင်ဆင်လွှာ တင်သွင်းခြင်းများကို သက်ဆိုင်ရာ တာဝန်ရှိသူများမှ ပြန်လည်စိစစ်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...
Photo crd : CJ
May 22, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို-တောင်ငူလမ်းတွင် ပြီးခဲ့သည့် မေလ(၁၉)ရက်၊ ညအချိန်က...
CJ (ပုံဟောင်း)
May 21, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်ရှိ...