မြဝတီမြို့အဝင်ဂိတ်တွင် ခရီးသည်နှင့်ယာဉ်များ ထောက်ခံချက်ပါမှသာ မြို့တွင်းသို့ ဝင်ထွက်ပြုမည်

မြဝတီမြို့အဝင်ဂိတ်တွင် ခရီးသည်နှင့်ယာဉ်များ ထောက်ခံချက်ပါမှသာ မြို့တွင်းသို့ ဝင်ထွက်ပြုမည်

နေနော် — Covid-19 ပြည်တွင်းကူးစက်မှု မြင့်မားလာခြင်းကြောင့် ကရင်ပြည်နယ် မြဝတီမြို့အဝင် သင်္ဃန်းညီနောင်အဖွဲ့စုံ စစ်ဆေးရေးဂိတ်တွင် ခရီးသည်များနှင့် ကုန်တင်ယာဉ်များအား သတ်မှတ်ထားသော အမျိုးအစားအလိုက် ခရီးသွားထောက်ခံချက်များပါရှိမှသာ မြို့တွင်း/ပြင်သို့ ဝင်/ထွက်သွားလာခွင့် ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

စက်တင်ဘာလ ၂၄ ရက်နေ့က မြဝတီမြို့အဝင် သင်္ဃန်းညီနောင်အဖွဲ့စုံစစ် ဆေးရေးဂိတ်တွင် မြဝတီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတာဝန်ရှိသူများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြဝတီမြို့ နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကျန်းမာရေးဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့မှ ခရီးသွားပြည် သူများအား လိုအပ်သည့် ထောက်ခံချက် စာရွက်စာတမ်းများနှင့် ကိုယ်ရေးအချက်အလက်များအား မှတ်တမ်းယူ ခြင်းများ နှင့် ကျန်းမာရေးစစ်ဆေးမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြဝတီမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကိုက “ခရီးသွားပြည်သူများအနေနဲ့  သက် ဆိုင်ရာ မြို့နယ်ရှိ ရပ်ကွက်ထောက်ခံစာများ အသီးသီးပါရှိမှသာ မြဝတီမြို့တွင်း ဝင်ခွင့်ပြုမည်ဖြစ်သလို မြဝတီမြို့ ကနေ အခြားမြို့များသို့ သွားလာမယ့်သူများကိုလည်း သက်ဆိုင်ရာ ရပ်ကွက်ခရီးသွားထောက်ခံချက်ပါရှိမှသာ မြို့ပြင်ထွက် သွားလာခွင့်ပြုမှာဖြစ်တယ်”ဟု ပြောသည်။  

မြဝတီမြို့သည် ထိုင်း-မြန်မာ နှစ်နိုင်ငံ နယ်စပ်ကုန်စည်သွယ်ရေးမြို့ ဖြစ်သည့်အတွက် ကုန် တင်ယာဉ်များ ဝင်ထွက်သွားလာမှုတွင် ခရီးသွားထောက်ခံချက်များပါရှိမှသာ ဝင်ထွက်သွားလာခွင့်ပြုသွားမှာဖြစ်သလို ၎င်းအပြင် ယာဉ်မောင်းများအနေဖြင့် လိုက်နာရန် စည်းကမ်းများကို ထုတ်ပြန်ထားပြီးဖြစ်၍ တိတိကျကျလိုက်နာရန် လိုအပ်ကြောင်းလည်း မြို့နယ်အုပ်ချုပ်ရေးမှူးက ဆက်ပြောသည်။

လက်ရှိတွင် ရန်ကုန်အပါအဝင် အခြားမြို့များမှ မြဝတီမြို့သို့ ဝင်ထွက်သွားလာသည့်ခရီးသည်တင် Express ယာဉ်လိုင်းများမှာ ၎င်းတို့၏ သက်ဆိုင်ရာ ဌာနအစီအစဉ်ဖြင့် ပိတ်လိုက်ပြီဖြစ်သည်။

အလားတူပင် မြဝတီမြို့သို့ ယာဉ်ဝင်ထွက်သွားလာမှုနှင့်ပတ်သက်၍ ည ၉ နာရီမှနံနက် ၅ နာရီအတွင်း တာဝန်မှ အပ မည်သည့်ယာဉ်မျှ မြဝတီမြို့အဝင် သင်္ဃန်းညီနောင်စုပေါင်းဂိတ်နှင့် မြဝတီနယ်စပ် ကုန်သွယ်ရေးဇုန်မှ ဖြတ်သန်းသွားလာခွင့်ပြုတော့မည်မဟုတ်ကြောင်း မြို့နယ် တာဝန်ရှိသူများက ပြောသည်။

May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...
Photo crd : CJ
May 22, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို-တောင်ငူလမ်းတွင် ပြီးခဲ့သည့် မေလ(၁၉)ရက်၊ ညအချိန်က...
CJ (ပုံဟောင်း)
May 21, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်ရှိ...