ပါတီစည်းရုံးရေးသွားခဲ့သည့် ပါတီကိုယ်စားလှယ်လောင်း ၃ဦး Quarantine ဝင်ရ

ပါတီစည်းရုံးရေးသွားခဲ့သည့် ပါတီကိုယ်စားလှယ်လောင်း ၃ဦး Quarantine ဝင်ရ

ကရင်ပြည်နယ် ဖားအံမြို့နယ်အတွင်းရှိ ကော့ဒါန်းမယ်ကျေးရွာတွင် ရွာသားတစ်ဦးကို Covid-19 ရောဂါပိုး သံယသရှိသူအဖြစ် တွေ့ရှိခဲ့ပြီးနောက် အဆိုပါရွာနှင့် နီးစပ်ရာရွာများတွင် ပါတီ၏ မဲဆွယ်စည်းရုံးရေး သွားရောက်ဖြစ်ခဲ့သူ ကရင် အမျိုးသားဒီမိုကရက်တစ်ပါတီ-KNDP ကိုယ်စားလှယ်လောင်း ၃ဦးမှာ စက်တင်ဘာလ ၂၃ရက်နေ့က Quarantine ဝင်လိုက်ရသည်ဟု သိရသည်။

စက်တင်ဘာလ ၁၉ရက်နေ့က အဆိုပါကျေးရွာများတွင် KNDP မှ ပါတီစည်းရုံးရေးဆင်းခဲ့ကာ လက်ရှိ Covid-19 ရောဂါ သံသယရှိခံရသူ ၎င်းရွာသားမှာ စည်းရုံးရေးဟောပြောပွဲ၌ တက်ရောက်ခြင်းရှိခဲ့သည့်အတွက် စည်းရုံးရေးသွားရောက်ခဲ့ သည့် ပါတီကိုယ်စားလှယ်လောင်း ၃ဦးကို ကပ်ရောဂါဘေးကင်းစေရေးအတွက် Quarantine ဝင်နေရန် စက်တင်ဘာ လ ၂၂ရက်နေ့က ဖားအံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆက်သွယ် အသိပေးခြင်းဖြစ်ကြောင်း ပါတီဝင်တစ်ဦး က ကေအိုင်စီသို့ ပြောသည်။

ကွာရန်တင်း(Q) ဝင်နေရသည့် ၎င်းပါတီ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း နန်းလှယဉ်မေက “ကျမတို့ စည်းရုံးရေးသွားတာ ၆ပေ ခြားထားပါတယ်။ အဲဒီပွဲမှာ အဲဒီလူနဲ့ ကျမတို့နဲ့က ထိတွေ့မှုတော့ မရှိဘူး။ ဒါပေမယ့် မြို့ နယ်ကျန်းမာရေးတာဝန်ရှိသူတွေက ကျမတို့ ကွာရန်တင်း(Q) ဝင်ရမယ်ပြောတော့ အားလုံးအဆင်ပြေအောင် ကျမတို့ လည်း ဝင်သွားတာပေါ့။ ဒီရောဂါက မမြင်ရဘူးဆိုတော့ ကွာရန်တင်း ဝင်တာ အကောင်းဆုံးပါပဲ။”ဟု ကေအိုင်စီသို့ ပြောသည်။

ကွာရန်တင်းဝင်နေသည့် ကိုယ်စားလှယ်လောင်းများမှာ ပြည်နယ်လွှတ်တော်တွင် ဖားအံမဲဆန္ဒနယ်အမှတ်(၁)မှ ဝင်ရောက်ယှဉ်ပြိုင်မည့် နန်းစေးအွာ၊ အမျိုးသားလွှတ်တော်အတွက် ဖားအံမဲဆန္ဒနယ်အမှတ်(၆)မှ ဝင်ရောက်ယှဉ်ပြိုင် မည့် နန်းလှယဉ်မေနှင့် ပြည်သူ့လွှတ်တော်အတွက် ဝင်ရောက်ယှဉ်ပြိုင်မည့် စောမင်းဇော်ဦးတို့ ဖြစ်ကြသည်။

ထို့အပြင် စည်းရုံးရေးခရီးစဉ်ထဲ ပါဝင်သည့် ကော့ဒါန်းမယ်၊ ကော့ဝါးဆူး၊ ကော့လှိုက်နှင့် ကျေးရွာအချို့မှ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများ အပါအဝင် ရွာသူရွာသား ၄၇ဦးမှာလည်း လက်ရှိအချိန်တွင် ပြည်နယ်အစိုးရ တာဝန်ရှိသူများ စီစဉ်ထား သည့် ဖားအံတက္ကသိုလ်အဆောင်တွင် ကိုယ်စားလှယ်လောင်းများနှင့်အတူ Quarantine ဝင် နေကြသည်ဟုလည်း သိရ သည်။

အဆိုပါကျေးရွာများသည် ဖားအံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)တွင် ပါဝင်ပြီး ထိုနယ်မြေတွင် အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်(NLD)၏ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် လက်ရှိ ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်ကလည်း စက်တင်ဘာလ ၁၁ရက်နေ့တွင် သွားရောက်စည်းရုံးဟောပြောခဲ့သေး သည်ဟု ပြည်နယ်အခြေစိုက် နိုင်ငံရေးပါတီအချို့နှင့် ဒေသခံများက ပြောဆိုသည်။

စက်တင်ဘာလ ၂၃ရက်နေ့ ညနေပိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စာရင်းအရ ဖားအံ ၁ဦး၊ လှိုင်းဘွဲ ၁ဦးနှင့် ကြာအင်းဆိပ်ကြီး ၁ဦးတို့မှာ ရောဂါပိုးတွေ့ရှိရကြောင်း ဖော်ပြပါရှိသည်။ ကရင်ပြည်နယ်၊ ကျန်းမာရေးဦးစီးဌာန၏ ထိုနေ့ညနေ ထုတ်ပြန်ထားချက်စာရင်းအရ မတ်လ ၂၈ရက်နေ့မှ စတင်၍ စက်တင်ဘာလ ၂၁ ရက်နေ့အထိ ပြည်နယ်အတွင်း ပိုးတွေ့လူနာပေါင်း ၃၉ဦးရှိသည်ဟု ဖော်ပြထားသည်။

ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်များ၏ ရောဂါပိုးတွေ့ရှိခဲ့မှု အခြေအနေ မှတ်တမ်းအရ ဖားအံမြို့နယ်မှ ၂၇ဦး၊ လှိုင်းဘွဲ မြို့နယ်မှ ၃ဦး၊ ဖာပွန်မြို့နယ်မှ ၁ဦး၊ ကော့ကရိတ်မြို့နယ်မှ ၁ဦး၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှ ၂ဦး၊ မြ၀တီမြို့နယ်မှ ၃ဦး၊ သံတောင်ကြီး မြို့နယ်မှ ၂ဦးတို့ဖြစ်သည်။

လက်ရှိအချိန်တွင် ကရင်ပြည်နယ်အတွင်း၌ တစ်သီးပုဂ္ဂလ အပါအဝင် နိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ်လောင်းများ မှာ မဲဆွယ်စည်းရုံးရေးခရီးများကို ဆိုင်းငံ့ထားနေပြီး ကျေးရွာ၊ ရပ်ကွက်များ၌လည်း လူဝင်ထွက်မှုများကို စောင့်ကြပ် စစ်ဆေး တားဆီးထားလျှက်ရှိသည်။

May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...
Photo crd : CJ
May 22, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို-တောင်ငူလမ်းတွင် ပြီးခဲ့သည့် မေလ(၁၉)ရက်၊ ညအချိန်က...
CJ (ပုံဟောင်း)
May 21, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်ရှိ...