ကျန်းမာရေးဆိုင်ရာစည်းကမ်းများကို လိုက်နာကြဖို့ ပုသိမ်ဆေးရုံအုပ်ကြီး တိုက်တွန်းပြောဆို

ကျန်းမာရေးဆိုင်ရာစည်းကမ်းများကို လိုက်နာကြဖို့ ပုသိမ်ဆေးရုံအုပ်ကြီး တိုက်တွန်းပြောဆို

စဖန်းရှောင်း — ဧရာဝတီတိုင်းဒေသကြီးအတွင်း လက်ရှိ Covid-19 ရောဂါ ဖြစ်ပွားအခြေအနေများနှင့်ပတ်သက်ပြီး ပြည် သူလူထုအနေဖြင့် ကျန်းမာရေးဆိုင်ရာချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို အပြည့်အဝလိုက်နာ ကျင့် သုံးသွားရန် လိုအပ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်က တိုက်တွန်းပြောဆိုသည်။

ဒေါက်တာသန်းမင်းထွဋ္ဋ်က “ အခုဆို ဧရာဝတီတိုင်းမှာ ပိုးတွေ့တာ ၂ ပတ်မပြည့်သေးပါဘူး။ ပုသိမ်မှာဆို ပြီးခဲ့တဲ့အပတ် စနေနေ့ကစတွေ့တာပေါ့။ အဲဒီကာလအတောအတွင်းမှာ ၈၂ လောက်ကူးစက်သွားတာပေါ့။ ပြည်သူတွေအနေနဲ့ကတော့ စည်းကမ်းလိုက်နာမှုရှိခြင်းမရှိခြင်းဟာ ရောဂါကူးစက်ပြန့်ပွားမှုနဲ့တိုက်ရိုက် အချိုးကျပါတယ်။ စည်းကမ်းလိုက်နာမှုကောင်းမှသာ ရောဂါပြန့်ပွားမှုကို ထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။ ၂ ပတ်အတွင်းစည်းကမ်းလိုက်နာမှုထိန်းချုပ်နိုင်ရင် နောက် ၂ ပတ် ၃ ပတ်အတွင်း ရောဂါပြန့်ပွား မှုလျော့ ကျသွားမယ်။ အဲဒီလိုမှ မထိန်းနိုင်ရင်တော့ ရောဂါပြန့်ပွားမှုက ပိုပိုတက်လာမှာဖြစ်ပါတယ်”ဟု ပြောသည်။

မြို့နယ်ပေါင်း ၂၆ မြို့နယ်ရှိသည့် ဧရာဝတီတိုင်းဒေသကြီးအတွင်း လက်ရှိ မြို့နယ်ပေါင်း ၁၉ မြို့နယ်တွင် Covid-19 positive လူနာများတွေ့ရှိထားသည်ဟုသိရပြီး ရက်သတ္တပတ် ၂ ပတ်အတွင်း Covid-19 positive လူနာဦးရေ သိသိသာသာမြှင့်တက်လာခြင်းလည်းဖြစ်သည်။

ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ဖော်ပြထားမှုများအရ စက်တင်ဘာလ ၁၈ ရက်နေ့ နံနက် ၁၀ နာရီအထိ တိုင်းဒေသကြီးအတွင်း ကြံခင်း၊ အင်္ဂပူ၊ လေးမျက်နှာ၊ ကျုံပျော်၊ သာပေါင်း၊ ကျောင်း ကုန်း၊ ဓနုဖြူ၊ ပန်းတနော်၊ ညောင်တုန်း၊ ကန်ကြီးဒေါင့်၊ ပုသိမ်၊ အိမ်မဲ၊ မအူပင်၊ ဝါးခယ်မ၊ မြောင်းမြ၊ မော်လ မြိုင်ကျွန်း၊ ဘိုကလေး၊ ဖျာပုံ၊ ဒေးဒရဲ စသည့်မြို့နယ်များတွင် Covid-19 Positive အတည်ပြုလူနာများ တွေ့ရှိ ထားပြီဖြစ် သည်။

အဆိုပါအတည်ပြုလူနာ ၈၂ ဦးမှာ လက်ရှိတိုင်းဒေသကြီးအတွင်းရှိ သက်ဆိုင်ရာ ဆေးရုံများတွင် ဆေးကုသမှုခံ ယူနေပြီး ယနေ့အထိ ဧရာဝတီတိုင်း ဒေသကြီးအတွင်း Covid-19 ကြောင့် သေဆုံးလူနာ မရှိသေးကြောင်းလည်း သိရသည်။

ထို့အပြင် တိုင်းဒေသကြီးအစိုးရအနေဖြင့် Covid-19 ထိန်းချုပ်ရေးနှင့်အရေးပေါ် တုန့်ပြန်ရေးကော်မတီများ ဖွဲ့စည်းကာ တိုင်းဒေသကြီးအတွင်း ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် စားသောက်ဆိုင် ဖွင့်လှစ်ရောင်း ချများအပြင် ခရီးသွားလာမှုများနှင့်ကုန်စည်ပို့ဆောင်မှုများတွင် သတိပေးတားမြစ်မှုများနှင့်ညွှန်ကြားချက်များ ထုတ်ပြန်ကာ ကြပ်မတ်ဆောင်ရွက်မှုများပြုလုပ်နေကြောင်း သိရသည်။

May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...
Photo crd : CJ
May 22, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို-တောင်ငူလမ်းတွင် ပြီးခဲ့သည့် မေလ(၁၉)ရက်၊ ညအချိန်က...
CJ (ပုံဟောင်း)
May 21, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်ရှိ...