ဖားအံမြို့ စည်ပင်နယ်နိမိတ် တိုးချဲ့ရန် ဆောင်ရွက်နေ

ဖားအံမြို့ စည်ပင်နယ်နိမိတ် တိုးချဲ့ရန် ဆောင်ရွက်နေ

စောထွန်းလင်း — ကရင်ပြည်နယ်မြို့တော်၊ ဖားအံမြို့ စည်ပင်သာယာရေးနယ်နိမိတ် တိုးချဲ့နိုင်ရေးအတွက် ဆွေးနွေး ဆောင်ရွက်မှု များရှိကြောင်း မြို့နယ် စည်ပင်သာယာရေးကော်မတီမှ လက်ထောက်အင်ဂျင်နီယာ ဦးကျော်ကျော်လင်းက စက်တင်ဘာ ၁၈ ရက်နေ့တွင် ကေအိုင်စီသို့ ပြောသည်။

၎င်းက “ အဲ့ဒါကဒီလိုလေ မြို့နယ်နိမိတ်အတွင်းမှာပဲ အခွန်အခ ကောက်ပိုင်ခွင့်ရှိတဲ့အခါကျတော့ မြို့နယ်နိမိတ် ကို ချဲ့ဖို့ အဓိကကတော့ အခွန်အခ ကောက်လို့ရအောင်လို့ပေါ့နော်။ အဲ့ဒီအနေအထားလေးတော့ ဆွေးနွေး ထားတာ တော့ရှိတယ်။ အတိအကျ ညွှန်ကြားချက်တော့ မထွက်သေးဘူး။ ကျနော်တို့ကလည်း တင်ပြထားတာ ပေါ့နော်” ဟု ပြောသည်။  

ဖားအံမြိုနယ် စည်ပင်သာယာနယ်နိမိတ်ကို မြောက်ဘက်ပိုင်းတွင် ဖားအံစက်မှုဇုံအထိ လည်းကောင်း၊ တောင် ဘက်တွင် တော်ပုံကျေးရွာ (မော်လမြိုင် အဖြောင့်လမ်းထိ)၊ အနောက်ဘက်တွင် ကော့ကျိုက်ကျေးရွာ၊ မြိုင်က လေး ကျေးရွာနှင့် အရှေ့ဘက်တွင် နော်လုံလမ်းခွဲ အနီးဝန်းကျင်ထိ တိုးချဲ့သတ်မှတ်နိုင်ရေးဆောင်ရွက် လျက် ရှိကြောင်း ကရင်ပြည်နယ်လွှတ်တော်၊ ပြည်နယ်စည်ပင်သာယာရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် စီးပွားရေး ကော်မတီ၏ နှစ်ပတ်လည် အစီရင်ခံစာတွင်ဖော်ပြထားသည်။

ဖားအံမြို့ စည်ပင်သာယာ နယ်နိမိတ်တိုးချဲ့လိုက်မည်ဆိုပါက စည်ပင်သာယာဝင်ငွေတိုးလာခြင်း၊ လူနေထိုင်မှု ချောင်ချိကာ အဆောက်အအုံသစ်များတိုးလာခြင်းနှင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာနိုင်ခြင်း စသည့် အခြေအနေများရှိကြောင်း ပြည်နယ်လွှတ်တော် စည်ပင်သာယာရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် စီးပွားရေး ကော်မတီက သုံးသပ်ထားသည်။

ယခုလို ဖားအံမြို့ စည်ပင်သာယာ နယ်နိမိတ် တိုးချဲ့ရေးလုပ်ဆောင်နေသော်လည်း ပြည်နယ်အစိုးရ အဖွဲ့က တိုးချဲ့ရေးအတွက် အတည်ပြု ညွှန်ကြားချက်များ ထုတ်ပြန်ထားခြင်းမရှိသေးကြောင်း သိရသည်။

ဖားအံမြို့နယ် စည်ပင်သာယာ နယ်နိမိတ်တိုးချဲ့နိုင်ရေးအတွက် ကရင်ပြည်နယ်လွှတ်တော်၊ ပြည်နယ် စည်ပင် သာယာရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် စီးပွားရေးကော်မတီက ၂၀၁၉ ဒီဇင်ဘာလ ၁၈ နေ့တွင် ကော်မတီ ဥက္ကဋ္ဌ ဦးသန့်ဇင်မောင် ဦးဆောင်သည့် ဌာနစုံပါဝင်သည့် အဖွဲ့က ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးဖြစ် သည်ဟု ကော်မတီထံမှ သိရသည်။

May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...
Photo crd : CJ
May 22, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို-တောင်ငူလမ်းတွင် ပြီးခဲ့သည့် မေလ(၁၉)ရက်၊ ညအချိန်က...
CJ (ပုံဟောင်း)
May 21, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်ရှိ...