Covid-19 စည်းကမ်းချက် မလိုက်နာသည့်ပါတီများ မဲဆွယ်စည်းရုံးခွင့်ပြုမည်မဟုတ်ဟု KNU ပြော

Covid-19 စည်းကမ်းချက် မလိုက်နာသည့်ပါတီများ မဲဆွယ်စည်းရုံးခွင့်ပြုမည်မဟုတ်ဟု KNU ပြော

စောမြတ်ဦးသာ — Covid-19 ဖြစ်ပွားနေသည့်ကာလ ကျန်းမာရေးဌာနများ၏ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များ လိုက်နာခြင်းမရှိသည့် နိုင်ငံရေးပါတီများကို KNU-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်နယ်မြေအတွင်း မဲဆွယ်စည်းရုံးလှုပ်ရှားမှု ခွင့်ပြုမည်မဟုတ်ဟု စက်တင်ဘာ ၇ ရက်နေ့က အသိပေးထုတ်ပြန်လိုက်သည်။  

မိမိတို့နယ်မြေအတွင်း ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီအသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများအနေဖြင့် သက်ဆိုင်ရာကျန်းမာရေးဌာနများ၏ သတ်မှတ်စည်းမျဉ်းစည်းကမ်းအတိုင်း လွတ်လပ်စွာမဲဆွယ်စည်းရုံးလုပ် ဆောင်နိုင်သည်ဟု KNU ဒူးပလာယာခရိုင် အတွင်းရေးမှူး ပဒိုစောလစ္စတန်က ပြောသည်။

၎င်းက “ခရိုင် ကိုဗစ်တုန့်ပြန်ရေးအဖွဲ့နဲ့ အခြားကျန်းမာရေးဌာနများက ထုတ်ပြန်ထားတဲ့စည်းမျဉ်းတွေ လိုက်နာပေးဖို့ပေါ့နော်။ လိုက်နာမှုမရှိတဲ့ မည်သည့်ပါတီတွေမဆို မဲဆွယ်စည်းရုံးလုပ်ဆောင်မှုတွေ ပိတ်ပင်တားဆီးသွားမယ်” ဟု စက်တင်ဘာ ၉ ရက်နေ့ တွင် ကေအိုင်စီသို့ ပြောသည်။

ရောဂါပျံ့နှံ့မှုမဖြစ်အောင် အားလုံးကိုယ်စီတာဝန်ရှိသည့်အတွက် ထုတ်ပြန်ထားသည့် ဒေသန္တရကျန်းမာရေးစည်းကမ်းများ လိုက်နာဆောင်ရွက်ပေးရန်နှင့် ကျန်းမာရေးဌာနများ၏ စည်းမျဉ်းများနှင့်အညီဆောင်ရွက်သည့် နိုင်ငံရေးပါတီများကို မိမိတို့၏ ပါတီပေါ်လစီ၊ မူဝါဒများအား လွတ်လပ်စွာ မဲဆွယ်စည်းရုံးလှုပ်ရှားနိုင်သည်ဟု ပဒိုစောလစ္စတန်က ဆက်ပြောသည်။

ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့က စက်တင်ဘာ ၈ ရက်နေ့မှ နိုဝင်ဘာ ၆ ရက်နေ့အထိ မဲဆွယ်စည်းရုံးမှု ခွင့်ပြုလိုက်ပြီးနောက် သက်ဆိုင်ရာမဲဆန္ဒနယ်မြေအလိုက် နိုင်ငံရေးပါတီအသီးသီးက စည်းရုံးလှုပ်ရှားမှုများပြုလုပ်နေပြီးဟု သိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတာဝန်ခံ ဦးစောမြဝင်းက “ရောဂါကူးစက်တဲ့ အခြေအ နေဟာ သတိပြုရမယ်ပေါ့နော်။ သူတို့ရဲ့စည်းမျဉ်းထုတ်ပြန်မှုအပေါ် ထောက်ခံတယ်။ လိုက်နာကျင့်သုံးဖို့ အသင့်ပါ။ ကျနော်တို့ က အင်အားပြတာမျိုး မလုပ်ဘူး။ နိုင်ငံတော်အစိုးရနဲ့ တိုင်းရင်းသားအဖွဲ့တွေက ထုတ်ပြန်တဲ့စည်းမျဉ်းတွေအတိုင်းပဲ လုပ်ဆောင် သွားမယ်” ဟု စက်တင်ဘာလ ၉ ရက်နေ့တွင် ကေအိုင်စီသို့ ပြောသည်။

KNU ဒူးပလာခရိုင်နယ်မြေသည် ထိုင်း-မြန်မာနယ်စပ်နှင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်ရှိ မြို့နယ်အချို့တွင် ပါဝင်သည့်အတွက်  ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှုမဖြစ်အောင် မြန်မာအစိုးရ၊ နယ်ခြားစောင့်တပ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် လူမှုအရပ်ဖက်အဖွဲ့ များနှင့် ပူးပေါင်းပြီး ရွာအဝင်အထွက် လမ်းမကြီးများတွင် ကျန်းမာရေး အသိပညာပေးဆောင်ရွက်မှုများ ဆောင်ရွက်နေသည့်အပြင် ကိုဗစ်ရောဂါတုန့်ပြန်ရေးအဖွဲ့ကိုလည်းခရိုင်အဆင့်တွင် ဖွဲ့စည်းထားသည်ဟု KNU တာဝန်ရှိသူများက ပြောသည်။

May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...
Photo crd : CJ
May 22, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို-တောင်ငူလမ်းတွင် ပြီးခဲ့သည့် မေလ(၁၉)ရက်၊ ညအချိန်က...
CJ (ပုံဟောင်း)
May 21, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်ရှိ...