ရခိုင်ပြည်နယ်အရေးကို နိုင်ငံရေးနည်းဖြင့် စားပွဲဝိုင်းတွင် ဖြေရှင်းကြရန် ကရင်အမျိုးသားပါတီတိုက်တွန်း

ရခိုင်ပြည်နယ်အရေးကို နိုင်ငံရေးနည်းဖြင့် စားပွဲဝိုင်းတွင် ဖြေရှင်းကြရန် ကရင်အမျိုးသားပါတီတိုက်တွန်း

ကေအိုင်စီ — ရခိုင်ပြည်နယ်တွင် လက်ရှိဖြစ်ပွားနေသည့် အခြေအနေများနှင့်ပတ်သက်၍ နှစ်ဖက်အပစ်အခတ်ရပ်စဲရေးကို ချက်ချင်းလုပ် ဆောင်ပြီး နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် စားပွဲဝိုင်းတွင်ဖြေရှင်းကြရန် ကရင်အမျိုးသားပါတီ - KNP က သဘောထားကြေညာချက်တစ်စောင်ထုတ်ပြန်ပြီး တိုက်တွန်းလိုက်သည်။

ကိုဗစ်လူနာဦးရေမြှင့်တက်လာမှုများအပြင် ရခိုင်ပြည်နယ်အတွင်း ဆက်လက်ဖြစ်ပွားနေသည့်  မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် -AA တို့အကြား စစ်ရေးပဋိပက္ခများကြောင့် ရခိုင်ပြည်နယ်တွင်းနေ လူထုများ၏ ဆင်းရဲ ဒုက္ခကြုံတွေ့နေရ မှုများအပေါ် KNPက စက်တင်ဘာလ ၉ ရက်နေ့တွင် ထိုသို့ သဘောထားကြေညာချက်တစ် စောင်ထုတ်ပြန်လိုက်ခြင်း လည်းဖြစ်သည်။

“ရခိုင်ဆိုတာကလည်း ကိုယ့်တိုင်းရင်းသားမျိုးနွယ်တွေဖြစ်တယ်။ မြန်မာပြည်မှာ အတူတူနေထိုင်နေကြတဲ့ တိုင်းရင်းသား တွေဖြစ်တော့ ရခိုင်အရေးဟာလည်း ကိုယ့်တိုင်းရင်းသားအရေးဖြစ်ပါတယ်။ ကိုယ့်အရေးလိုသဘောထားပြီး သူတို့အတိ ဒုက္ခရောက်နေချိန်မှာ သဘောထားထုတ်ဖော်ပေးလိုက်ခြင်းအားဖြင့် သူတို့အတွက်လည်း အားတစ်ခုဖြစ်စေတယ်” ဟု KNP ပါတီအတွင်းရေးမှူး (၁) မန်းမင်းရဲထွေးက ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် စစ်ရေးပဋိပက္ခများကြောင့် အရပ်သားပြည်သူများပါ ထိခိုက်သေဆုံးမှုများရှိခဲ့သည့်အတွက် အတိဒုက္ခရောက် နေ သော ရခိုင်ပြည်သူများအား ဝိုင်းဝန်းကူညီကြရန်နှင့် ကိုဗစ်ကပ်ဘေးအတွက် ကျန်းမာရေးဆိုင်ရာ ထုတ်ပြန်ကြေညာချက် များကို အချိန်နှင့်တပြေးညီ သိရှိနိင်ရန် 4G အင်တာနက်လိုင်းများ ပြန်လည်ဖွင့်လှစ်ပေးရေးအတွက်လည်း KNP ၏ ကြေညာချက်တွင် ထည့်သွင်းတောင်းဆိုထားသည်။

ရခိုင်ပြည်နယ်တွင် လက်ရှိအချိန်အထိ နှစ်ဖက်စစ်ရေးပဋိပက္ခများ ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်သလို ကလေးငယ်များ အပါအဝင် အရပ်သားသေဆုံးမှုများ၊ ထိခိုက်ဒဏ်ရာရမှုများ၊ နေအိမ်မီးလောင်ကျွမ်းပျက်စီးမှုများအပြင် Covid-19 ကပ် ရောဂါကူးစက်ခံရမှုများမှာလည်း ရခိုင်ပြည်နယ်အတွင်း တဖြည်းဖြည်းမြှင့်တက်လာမှုများရှိနေသည်ဟု သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ထားမှုများအရ သြဂုတ်လ ၁၆ ရက်နေ့မှ စက်တင်ဘာလ ၉ ရက်နေ့ နံနက်အထိ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၇ မြို့နယ်တွင် Covid-19 ပိုးတွေ့ရှိသူ စုစုပေါင်း ၅၆၉ ဦးရှိကြောင်း ဖော်ပြထားသည်။

အဆိုပါ ဖြစ်ပေါ်နေဆဲအခြေအနေများကြောင့် နှစ်ဖက်စစ်ရေးပဋိပက္ခများ ရပ်တန့်ရေး၊ 4G-အင်တာနက် လိုင်းပြန်ဖွင့် ရေးအပါအဝင် အချက် ၅ ချက်ကို စက်တင်ဘာလ ၉ ရက်နေ့က စစ်တွေမြို့ ပြည်နယ်အစိုးရရုံးရှေ့ တောင်းဆိုခဲ့သည့် တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဖွဲ့ဝင် လူငယ် ၃ ဦးကိုလည်း အာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းမှုများဖြစ် ပေါ်ခဲ့သည်ဟု သိရသည်။

၂၀၁၈ ခုနှစ်မှစတင်ပြီး ရခိုင်နှင့်ချင်းပြည်နယ်များအတွင်း ဖြစ်ပွားသည့် စစ်ရေးပဋိပက္ခများကြောင့် အရပ်သား ၂၈၉ ဦးသေဆုံးကာ ကလေးငယ်များအပါအဝင် ထိခိုက်ဒဏ်ရာရရှိသူ ၆၄၁ ဦးရှိကြောင်း RFA ၏ သတင်းမှတ်တမ်းများအား ကိုးကားထားသည့် Save The Children ၏ စက်တင်ဘာလ ၁၀ ရက်နေ့ သတင်းထုတ်ပြန်ထားမှုများအရ သိရသည်။

May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...
Photo crd : CJ
May 22, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို-တောင်ငူလမ်းတွင် ပြီးခဲ့သည့် မေလ(၁၉)ရက်၊ ညအချိန်က...
CJ (ပုံဟောင်း)
May 21, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်ရှိ...