Covid ဒုတိယလှိုင်းကာလ KNU ထိန်းချုပ်နယ်မြေအတွင်း လူဝင်လူထွက် ပြန်ကြပ်မတ်

Covid ဒုတိယလှိုင်းကာလ KNU ထိန်းချုပ်နယ်မြေအတွင်း လူဝင်လူထွက် ပြန်ကြပ်မတ်

နန်းဝေဖြိုးဇာ — လက်ရှိမြန်မာနိုင်ငံတွင် Covid ကူးစက်သူများ နေ့စဉ်တိုးလာသည့်အတွက် နယ်မြေအတွင်းရောဂါကူးစက်မှု ကာကွယ်သည့်အနေဖြင့် KNU -ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေများအတွင်း လူဝင်လူထွက် ပြန်လည်ကြပ်မတ်လာသည်ဟု ကေအဲန်ယူတာဝန်ရှိသူများက ကေအိုင်စီသို့ပြောသည်။

KNU ထိန်းချုပ်နယ်မြေအတွင်းရှိ သက်ဆိုင်ရာခရိုင်အသီးသီးတွင် နယ်မြေအလိုက် KNU ဘက်မှ အဝင်အထွက် ကျန်းမာရေးစစ်ဆေးရေးဂိတ်များနှင့် စည်းကမ်းချက်များကို ကိုဗစ်စတင်ဖြစ်ပွားသည့်အချိန်ကတည်းက ထုတ် ထားပြီဖြစ်ကာ စည်းကမ်းချက်များပြန်လည်ရုပ်သိမ်းခြင်းမရှိသည့်အတွက် ယခုအချိန်ထိ အသက်ဝင်နေ ဆဲဖြစ် သည်ဟု KNU တောင်ငူခရိုင်(တပ်မဟာ ၂ နယ်မြေ) ဥက္ကဋ္ဌ ပဒိုစောအယ်ဝါးက ကေအိုင်စီသို့ပြောသည်။

၎င်းက “တပ်မဟာ ၂ နယ်မြေမှာတော့ စည်းကမ်းချက်အရင်ကတည်းက ထုတ်ထားပြီးသား။ စစ်ဆေးမှှု တွေ လည်း လုပ်ဆောင်တယ်။ အခုအချိန်မှာ ကူးစက်မှှုတွေက များလာတာသိတဲ့အတိုင်းပဲ။ ကိုယ့်ဒေသပြည် သူတွေကို ကာကွယ်တဲ့အနေနဲ့ သတ်မှတ်ထားတဲ့ စည်းကမ်းချက်အတိုင်း တော့လုပ်ရမှာပဲ။  ပြီးတော့ဒီအချိန်မှာ ဖာလာထွက်တဲ့အချိန်ဆိုတော့ အပြင်ကလူတွေ ပိုဝင်လာမယ်၊ ကျန်းမာရေးစစ်ဆေးရေးဂိတ်တွေ ထပ်လုပ်ဖို့ ပြည်သူတွေ တောင်းဆိုထားတာလည်းရှိတယ်” ဟု ကေအိုင်စီသို့ပြောသည်။

ထို့အပြင် အချို့နေရာများတွင် ပိတ်ထားသည့် ကျန်းမာရေးစစ်ဆေးရေးဂိတ်များ ပြန်လည်ဖွင့်ပြီး ဝင်ထွက်သွား လာသူများကို ကျန်းမာရေးစစ်ဆေးခြင်း၊ နှာခေါင်းစည်း(Mask) တပ်ခိုင်းခြင်း၊ လက်ဆေးခိုင်းခြင်းများပြုလုပ် သလို ကိုယ်ရေး အချက်အလက်များ စစ်ဆေးမှှုပြုလုပ်ခြင်းလည်းရှိကြောင်း သက်ဆိုင်ရာခရိုင် တာဝန်ရှိသူ များက ဆိုသည်။

KNU ထိန်းချုပ်နယ်အတွင်းရှိ ကျေးရွာများတွင် ယခုအချိန်တွင် အဝင်အထွက် ကန့်သတ်ထားသလို အရေးကြီးကိစ္စမရှိပါကအပြင်မထွက်ရန်နှင့် အပြင်ထွက်မည်ဆိုက ခိုင်လုံသောအကြောင်းပြချက်နှင့်ထောက်ခံစာယူရပြီး ကျန်းမာရေးလမ်းညွှန်ချက်နှင့်အညီသွားလာရန် KNU က ထုတ်ပြန်ထားသည်။

ဒူးပလာယာခရိုင် ကျုံဒိုးမြို့နယ်တွင် နေထိုင်သည့် နန်းဖော့အွာက “အခုက တိတ်ဆိတ်ဘဲ အပြင်လူလည်း ရွာလာမရဘူး။ ရွာကလူလည်း အပြင်မပေးထွက်ဘူး၊ ဖြစ်နိုင်ရင် ရိက္ခာတွေ စုထားဖို့ အုပ်ချုပ်ရေးမှူးတွေက ပြောတယ်။ အဝင်အထွက်စစ်ဆေးတာရှိတော့ သူများလည်း သိပ်မသွားလာတော့ ဘူး” ဟု ကေအိုင်စီသို့ပြောသည်။

KNU ထိန်းချုပ်နယ်မြေအတွင်းရှိ ဖွင့်ထားသည့် ကျန်းမာရေးစစ်ဆေးရေးဂိတ်များတွင် သက်ဆိုင်ရာ မြို့နယ် အတွင်းရှိ ကော်သူးလေကျန်းမာရေးနှင့် ကယ်ဆယ်ရေးဌာန -KDHW မှ ပူးပေါင်းပြီး ဝင်ထွက်သူများကို ကျန်းမာရေး စစ်ဆေးမှုတွေလည်း လုပ်ဆောင်ပေးခြင်းရှိကြောင်း သိရသည်။

May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...
Photo crd : CJ
May 22, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို-တောင်ငူလမ်းတွင် ပြီးခဲ့သည့် မေလ(၁၉)ရက်၊ ညအချိန်က...
CJ (ပုံဟောင်း)
May 21, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်ရှိ...