ကော့ကရိတ်မြို့ ပစ်ခတ်မှုမှ လက်နက်ကြီးတစ်လုံး လူနေအိမ်အနီးကျမှန်ခဲ့၍ ပြည်သူများစိုးရိမ်လျက်ရှိ

ကော့ကရိတ်မြို့ ပစ်ခတ်မှုမှ လက်နက်ကြီးတစ်လုံး လူနေအိမ်အနီးကျမှန်ခဲ့၍ ပြည်သူများစိုးရိမ်လျက်ရှိ

နေနော် — ကော့ကရိတ်မြို့အနီးတွင် စက်တင်ဘာလ ၄ ရက်နေ့ ညပိုင်းက တပ်မတော်၊ နယ်ခြားစောင့်တပ်ပူး ပေါင်းအဖွဲ့နှင့် လက်နက်ကိုင်တပ်ဖွဲ့တို့အကြားဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုမှပစ်ခတ်လိုက်သောလက်နက်ကြီးတစ်လုံး မှာ ကော့ကရိတ်မြို့တိုးချဲ့ကွက်သစ် သပြေကုန်းလမ်းရှိ ဆောက်လုပ်စလူနေအိမ် အဆောက်အဦးအနီးကျ ရောက်ပေါက်ခွဲခဲ့၍ လက်ရှိတွင် အနီးရှိ ပြည်သူများ စိုးရိမ်လျက်ရှိသည်ဟု သိရသည်။

အဆိုပါ ထိမှန်ခဲ့သည့် နေအိမ်မှာ ဦးမျိုးညွန့်(ခ)ဦးတရုတ်၏ ဆောက်လုပ်စ လူနေအိမ်အဆောက်အဦးဖြစ်ပြီး လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုဖြစ်စဉ်နှင့်ပတ်သက်၍ ၎င်းနေအိမ်အဆောက်အဦး လုပ်ငန်းခွင်အတွင်း နေထိုင်သည့် ဆောက်လုပ်ရေးအလုပ်သမားတစ်ဦးက ယခုလို ပြောသည်။

“မနေ့ည ၉း၃၀ အချိန်ခန့်မှာ ပစ်ခတ်သံတွေ ဒီနေရာကနေ စပြီးကြားရတာဘဲ။ ပစ်ခတ်သံတွေက လက်နက်ကြီးရော လက်နက်ငယ်တွေပါ ပစ်ခတ်မှုရှိပြီး ၁ နာရီ နီးပါးလောက်ကြာမယ်။ ကျနော်တို့နေထိုင်တဲ့ အဆောက်အဦး အနီး လက်နက်ကြီးကျတာကတော့ ည ၁၀း၃၀ အချိန်လောက်ရှိမယ်။ ကျနော်တို့ အိပ်တဲ့နေရာနဲ့ ၁၂ ပေ လောက်မှာကျတာဆိုတော့ ပေါက်ကွဲသံက အတော်လေးကျယ်တယ်။ ပစ်ခတ်သံတွေကြောင့် ဝပ်နေတဲ့အနေအ ထားမို့ လူကိုထိခိုက်မှုမရှိခဲ့ပေမယ့် နေအိမ်ရဲ့ အဆောက်အဦး နံရံနဲ့ တိုင်တွေမှာတော့ လက်နက်ကြီး အစ ထိမှန် ခဲ့တယ်” ဟု ၎င်းက ပြောသည်။

အလားတူဖြစ်စဉ်မျိုး ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်မှုကြောင့် ယင်းနေအိမ်အဆောက်အဦးလုပ်ငန်းခွင်တွင်

နေထိုင်သည့် အလုပ်သမား(၁၀)ဦးခန့် နှင့် ထိုတိုးချဲ့ရပ်ကွက်တွင် နေထိုင်သော ပြည်သူတစ်ချို့မှာ နီးစပ်ရာသို့ တိုက်ပွဲရှောင်လျက်ရှိနေကြောင်း သိရသည်။    

 “လက်နက်ကြီးကွဲတဲ့အစ,တွေကဘေးကအိမ် နံရံကိုမှန်ထား တာပွစာကျဲနေတာပဲ ကံကောင်းလို့အလုပ်သမား တွေမသေတာ။ အကယ်၍သာ ကျနော့်အလုပ်သမားတွေ လက်နက်ကြီးထိမှန်ခဲ့မယ်ဆိုရင် ဘယ်သူ့လက်ချက် မှန်းမသိလို့ ဘယ်သူ့ဆီမှာ နစ်နာမှုကို တင်ပြရမလဲ။ သူတို့ လက်နက်ကိုင် အချင်းချင်းတောထဲမှာ ပစ်ကြခတ်ကြ တာကို မပြောလိုပေမယ့် ယခုလိုလူနေရပ်ကွက်အတွင်း လက်နက်ကြီးနဲ့ ပစ်ခတ်တာကတော့ မဖြစ်သင့်ဘူး”ဟု အိမ်ရှင် ဦးမျိုးညွှန့်(ခ)ဦးတရုတ်က ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၃၀ ရက်နေ့ နံနက်ပိုင်းက မြဝတီ-ကော့ကရိတ် ကားလမ်းဟောင်း အလယ်ဘိုတဲအနီး ဓမ္မံ အောင်တောင်ကုန်းရှိ ဆက်သွယ်ရေးစခန်းမှ တပ်မတော်သား ၂ ဦး ပစ်သတ်ခံရပြီးနောက် ယင်းနေ့ ညနေပိုင်း တွင်းအလောင်းအား သယ်ယူစဉ် မိုင်းကွဲ၍ ဗိုလ်ကြီးအဆင့်အပါအဝင် တပ်မတော်သား ၃ ဦး ထပ်မံသေဆုံးခဲ့ပြီး ဗိုလ်မှူးအဆင့်အပါအဝင် တပ်မတော်မတော်သား ၆ ဦးခန့် ထပ်မံဒဏ်ရာရှိခဲ့သောဖြစ်စဉ်ကြောင့် နောက်ဆက်တွဲ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရင်း နှစ်ဘက်ထိတွေ့မှု ဖြစ်ပွားရခြင်းဖြစ်သည်။

ထို့အတူ စက်တင်ဘာ ၄ ရက် ညက ဖြစ်ပွားခဲ့သော ပစ်ခတ်မှုမှာ လက်နက်ကိုင်များ ဖွင့်လှစ်ထားသော လောင်းကစားဂိမ်း ဆိုင်အား သက်ဆိုင်ရာတာဝန်ရှိသူများက ပိတ်သိမ်းလိုက်မှုနှင့် ဆက်စပ်မှုရှိနိုင်သည်ဟုလည်း ဒေသခံများကသုံး သပ်ပြောဆိုမှုများရှိသည်။

May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...
Photo crd : CJ
May 22, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို-တောင်ငူလမ်းတွင် ပြီးခဲ့သည့် မေလ(၁၉)ရက်၊ ညအချိန်က...
CJ (ပုံဟောင်း)
May 21, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်ရှိ...