ဒုတိယသက်တမ်း ၄ နှစ်ကျော်အတွင်း ကရင်ပြည်နယ်လွှတ်တော်တွင် အဆို ၃ ခုသာ အတည်ပြုနိုင်

ဒုတိယသက်တမ်း ၄ နှစ်ကျော်အတွင်း ကရင်ပြည်နယ်လွှတ်တော်တွင် အဆို ၃ ခုသာ အတည်ပြုနိုင်

စောမြတ်ဦးသာ — ကရင်ပြည်နယ်လွှတ်တော်၏ ဒုတိယအကြိမ်မြောက် သက်တမ်း ၄ နှစ်ကျော်ကာလအတွင်းအဆို ၃ ခုသာ အတည်ပြုမှတ်တမ်း တင်နိုင်ခဲ့သည်ဟု လွှတ်တော်မှတ်တမ်းများအရ သိရသည်။

၎င်းအဆို ၃ ခုထဲတွင် ကရင်ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးခန်းများ၊ စာသင်ကျောင်းများတွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံ ချိတ်ဆွဲ ထားရှိရန်အဆို၊ သံတောင်မြို့နယ်ကို ခရိုင်အဆင့်တိုးမြှင့်ပေးရန်အဆိုနှင့် လယ်ယာမြေအသုံးပြုခြင်းနှင့် ပတ်သက်သည့် အဆို စုစုပေါင်း ၃ ခုသာ လွှတ်တော်တွင် အတည်ပြုမှတ်တမ်းတင်နိုင်ခဲ့သည်ဟု လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။

ဒုတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော်၏ အဆိုမှတ်တမ်းများကိုသိရှိနိုင်ရန် ကေအိုင်စီ-ကရင်သတင်းဌာနအနေဖြင့် လွှတ်တော်ဥက္ကဋ္ဌထံလိပ်မူပြီး စာဖြင့်တင်ပြခဲ့သော်လည်း မှတ်တမ်းအချက်အလက်များအား ကူးယူခွင့်မရရှိခဲ့ပေ။

“သံတောင်ကြီးမြို့နယ်ကို ခရိုင်အဆင့်တိုးမြှင့်ပေးဖို့အဆို၊ လိပ်သိုမြို့ကနေ မြို့နယ်အဆင့်တိုးမြှင့်ပေးဖို့အဆို၊ ပြည်ထဲရေးအမည်မပေါက် သေးတဲ့ရွာတွေ၊ အမည်ပေါက်အောင်ဆောင်ရွက်ပေးဖို့အဆိုတွေ လွှတ်တော်မှာ အဆိုတိုက်တွန်းတယ်။ အဆိုလည်းအောင်တယ်။ အခုအချိန်ထိ အကောင်ထည်ဖော်မှု ဘာတစ်ခုမှ မရှိသေးဘူး။ လုပ်ထုံးလုပ်နည်းမလုပ်တတ်လို့ ခံနေရတယ်” ဟု သံတောင်မြို့နယ် လွှတ်တော် ကိုယ်စားလှယ် စောဂျေအေဝင်းမြင့်က ဩဂုတ်လ ၃ဝ ရက်နေ့တွင် ကေအိုင်စီသို့ ပြောခဲ့သည်။

ကရင်ပြည်နယ်လွှတ်တော် ဒုတိယအကြိမ်သက်တမ်းကာလအတွင်း လွှတ်တော်ကိုယ်စားလှယ်များက ကြယ်ပွင့်ပြမေးခွန်း ၄ဝ၃ ခု၊ ကြယ်ပွင့်မပြမေးခွန်း ၁၇၂ ခု မေးမြန်ထားကာ အဆို ၃ ခုနှင့် ဥပဒေအသစ် ၁၂ ခု အတည်ပြုမှတ်တမ်းတင်နိုင်ခဲ့သည်ဟု ၁၄ ကြိမ်မြောက် လွှတ်တော်ပုံမှန်အစည်းအဝေးမှတ်တမ်းများအရ သိရသည်။

ပြည်နယ်လွှတ်တော်တွင် မေးခွန်းမေးမြန်းထားမှု အများဆုံးဖြစ်သူ လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က “ အမျိုးသားခေါင်းဆောင် ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ပုံကို သက်ဆိုင်ရာဌာနရုံးခန်းများ၊ ခန်းမများ၊ စာသင်ကျောင်းတွေမှာ မြတ်မြတ်နိုးနိုး ဂုဏ်ပြုချိတ်ဆွဲနိုင်ရေး အ တွက် ပြည်နယ်အစိုးရအဖွဲ့ကို တိုက်တွန်းကြောင်းအဆိုပေါ့နော်။ လွှတ်တော်မှာ အဆိုအောင်တော့ ဌာနဆိုင်ရာရုံး၊ ခန်းမ၊ စာသင် ကျောင်း တွေမှာ ချိတ်ဆွဲထားတယ်။ ဒါကတော့ ကရင်ပြည်နယ်အတွင်းမှာပဲ အကျုံးဝင်တာပေါ့နော်”ဟု ဩဂုတ်လကုန်ပိုင်းက ကေအိုင်စီသို့ ပြောသည်။

ကရင်ပြည်နယ် လွှတ်တော်အနေဖြင့် ယခုလစက်တင်ဘာ ၂ ရက်နေ့မှစပြီး ၁၅ ကြိမ်မြောက် လွှတ်တော်ပုံမှန်အစည်းအဝေးပြန် လည် ကျင်းပကြပြီး နိုင်ငံသားမှတ်ပုံတင်မရှိသေးသူများကို ဆောင်ရွက်ပေးနိုင်ရေး၊ ကျေးရွာချင်းဆက်လမ်းများ၊ စက်ရေတွင်းများ၊ စာသင် ကျောင်း အဆင့်တိုးမြှင့်ပေးနိုင်ရေးကိစ္စရပ်များကို လွှတ်တော်တွင် တင်ပြကြသည်ဟု ကရင်ပြည်နယ် လွှတ်တော်၏ လူမှုကွန်ယက်စာမျက်နှာ မှတ်တမ်းများအရ သိရသည်။

May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...
Photo crd : CJ
May 22, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို-တောင်ငူလမ်းတွင် ပြီးခဲ့သည့် မေလ(၁၉)ရက်၊ ညအချိန်က...
CJ (ပုံဟောင်း)
May 21, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်ရှိ...