လာမည့် ရွေးကောက်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်း ကိုယ်စားလှယ်ပေါင်း ၅၄၂ ဦးဝင်ပြိုင်မည်

လာမည့် ရွေးကောက်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်း ကိုယ်စားလှယ်ပေါင်း ၅၄၂ ဦးဝင်ပြိုင်မည်

စဖန်းရှောင်း — ဧရာဝတီတိုင်းဒေသကြီးအတွင်း လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီများမှ ကိုယ်စား လှယ်များနှင့် တသီးပုဂ္ဂလကိုယ်စားလှယ်များအပါအဝင် ကိုယ်စားလှယ်အရေအတွက် စုစုပေါင်း ၅၄၂ ဦး ဝင်ရောက်အရွေးချယ်ခံယှဉ်ပြိုင်သွားမည်ဟု တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်း တိုင်းဒေသကြီး လွှတ် တော်၊ အမျိုးသားနှင့်ပြည်သူ့လွှတ်တော် စသည့်နေရာများအတွက် ကိုယ်စားလှယ်ပေါင်း ၅၀၃ ဦးသာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

“ ၂၀၂၀ အတွက်ကတော့ ဧရာဝတီတိုင်းဒေသကြီးမှာ ကိုယ်စားလှယ်ပေါင်း ၅၄၄ ဦးအမည်စာရင်း တင်သွင်း တာပေါ့။ ဒါပေမယ့် ပြည်သူ့လွှတ်တော်မှာ ၂ ဦးက ပယ်လိုက်တော့ ၅၄၂ ဦးပဲကျန်တယ်။ ပြီးခဲ့တဲ့ ၂၀၁၅ တုန်းကထက် ၂၀၂၀ မှာကိုယ်စားလှယ်လောင်း ၃၉ ဦးတိုးလာတာပေါ့”ဟု ဧရာဝတီတိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးမြင့်နိုင်က ကေအိုင်စီသို့ပြောသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်း နိုင်ငံရေးပါတီ ၂၂ ပါတီအပါအဝင် တသီး ပုဂ္ဂလကိုယ်စားလှယ်လောင်းများမှ အမျိုးသားလွှတ်တော် ၁၂ နေရာအတွက် ကိုယ်စားလှယ်လောင်း ၅၆ ဦး၊ ပြည်သူ့လွှတ်တော် ၂၆ နေရာအတွက် ၁၅၁ ဦးနှင့် တိုင်းဒေသကြီးလွှတ်တော် ၅၂ နေရာအတွက် ၃၃၅ ဦး ဝင်ရောက်အရွေးချယ်ခံယှဉ်ပြိုင်သွားမည်ဟု တိုင်းဒေသကြီး ကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

ထိုအထဲတွင် တသီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်အရွေးချယ်ခံယှဉ်ပြိုင်မည့်သူ ၁၆ ဦးပါဝင်ပြီး တိုင်းဒေသကြီးလွှတ်တော်တိုင်းရင်းသားလူမျိုးကိုယ်စားလှယ်လောင်းအတွက် ကရင်တိုင်းရင်းသားရေးရာဝန် ကြီးနေရာ ၆ ဦးနှင့် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် ၅ ဦးပါဝင်သည်ဟုလည်း တိုင်းဒေသကြီး ကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူးက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း မြို့နယ် ၂၆ မြို့နယ်တွင် ရပ်ကွက်နှင့်ကျေးရွာပေါင်း ၂၂,၂၂ ၊ မဲရုံပေါင်း ၅,၇၄၁ ရုံနှင့် အခြေခံမဲဆန္ဒရှင်စာရင်းအရ လူဦးရေ ၄, ၄၄၁, ၆၉၆ ဦးရှိကြောင်း တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲထံမှ စာရင်းများအရ သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် ရွေးကောက်ပွဲတွင် တပြည်လုံးအတိုင်းအတာအရ ပြည်သူ့လွှတ်တော်နေရာအတွက် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ် ၁,၈၆၃ ဦးနှင့် တသီးပုဂ္ဂလကိုယ်စားလှယ် ၇၁ ဦးအပါအဝင် စုစုပေါင်း ၁,၉၃၄ ဦးရှိသည်ဟုသိရသည် ။

အမျိုးသားလွှတ်တော်နေရာအတွက် နိုင်ငံရေးပါတီများမှကိုယ်စားလှယ် ၉၄၇ ဦးနှင့် တသီးပုဂ္ဂလ ၂၉ ဦးဖြင့် စုစုပေါင်း ၉၇၆ ဦးရှိပြီး တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်လွှတ်တော်အတွက် နိုင်ငံရေးပါတီများမှ ၃,၇၀၀ ဦးနှင့် တသီးပုဂ္ဂလ ၁၄၇ ဦးဖြင့်စုစုပေါင်း ၃,၈၄၇ ဦးပါဝင်သည်ဟုသိရသည်။

ထို့အပြင် တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်တိုင်းရင်းသားလူမျိုးကိုယ်စားလှယ်လောင်းနေရာအတွက် နိုင်ငံရေးပါတီများမှ ၁၇၉ ဦးနှင့် တသီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ် ၃၃ ဦးပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်အတွက် စုစုပေါင်း ၂၁၂ ဦးရှိသည်ဟုသိရသည်။

လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် တနိုင်ငံလုံးအတိုင်းအတာအရ လွှတ်တော်သုံးရပ်အတွက် နိုင်ငံရေး ပါတီကိုယ်စားပြုကိုယ်စားလှယ်လောင်း ၆,၆၈၉ ဦးနှင့် တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၂၈၀ ဦးဖြင့် စုစုပေါင်း ကိုယ်စားလှယ် ၆,၉၆၉ ဦးဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်များအရသိရသည်။

May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...
Photo crd : CJ
May 22, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို-တောင်ငူလမ်းတွင် ပြီးခဲ့သည့် မေလ(၁၉)ရက်၊ ညအချိန်က...
CJ (ပုံဟောင်း)
May 21, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်ရှိ...